Author's Profile Photo

Honey cho

4/11/2024

Autism ရောဂါအကြောင်းသိကောင်းစရာအဖြာဖြာ

2 mins read
Health
General Knowledge
Medical
Autism ရောဂါအကြောင်းသိကောင်းစရာအဖြာဖြာ's photo

အော်တစ်ဇင် (Autism) အကြောင်းသိကောင်းစရာ

Autismဆိုတာ စိတ်ကျန်းမာရေးချို့တဲ့ခြင်းလည်းမဟုတ်သလို၊ ရောဂါခံစားရလို့ နာမကျန်းဖြစ်ခြင်းမျိုးလည်းမဟုတ်ဘဲ ဦးနှောက်အလုပ်လုပ်ပုံဟာ ငယ်ဘ၀မှ စတင်ကာသာမန်လူများနဲ့မတူဘဲ ထူးခြားစွာ ကွဲပြားတဲ့ အခြေအနေမျိုးရှိသူများသာဖြစ်ပါတယ်ရှင် ..

အော်တစ်ဇင် (Autism) ရှိသူတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုဟာ အခြားသူများနဲ့ ခြားနားနေခြင်းကြောင့် လူအများနဲ့ဆက်သွယ်ပြောဆိုရာမှာ တုန့်ပြန်မှု၊ အကြောင်းအရာတစ်ခုအပေါ်မှာ အာရုံစူးစိုက်မှု၊ သင်ယူမှု ၊ လေ့လာနိုင်စွမ်း အားနည်းမှု စတဲ့အခြေအနေတွေမှာ အဆင်မပြေခြင်း၊ ခက်ခဲခြင်းများစွာမှာ သူတို့ ကြုံတွေ့ကြရပါတယ်။


သူတို့ဟာ ဆေးကုသမှုခံယူဖို့လိုအပ်နေတာမဟုတ်သော်လည်း , အချို့သော အခြေနေများကတော့ အကူအညီရယူဖို့ လိုအပ်ချက်ရှိပါတယ်ရှင်။

အော်တစ်ဇင်ဝေဒနာခံစားရသူတွေဟာ အသက် (၉)လ၊ (၁)နှစ်ခန့် ကလေးငယ်ငယ်အရွယ်ကတည်းက လက္ခဏာပြတတ်ပါတယ်။ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ စိတ်ဆိုးခြင်းစတဲ့ခံစားချက်တွေကို မဖော်ပြတတ်၊ မတုန့်ပြန်တတ်ကြပါဘူး။ ဆော့ကစားတတ်တဲ့အရွယ်မှာလည်း တခြားကလေးများနဲ့အတူမကစားဘဲ သီးခြားဖြစ်နေတတ်ပါတယ်။ အခြားသူများနဲ့ မျက်လုံးအကြည့်မဆုံအောင်ရှောင်ခြင်း၊ မျက်လုံးမှတဆင့်ဆက်သွယ်မှုမပြုခြင်း၊ တစုံတခုကိုပဲ တမ်းတမ်းစွဲ စိတ်ဝင်စားနေခြင်း၊ ကစားစရာတစ်မျိုးတည်းနဲ့ပဲ အမြဲတမ်းကစားနေခြင်း၊ စကားလုံးတစ်လုံးတည်း၊ စာသားတစ်စုတည်းကိုပဲ ထပ်တလဲလဲရွတ်ဆိုနေတတ်ခြင်း၊ ပုံမှန်လုပ်ရိုးလုပ်စဥ်ပုံစံတစ်ခုတည်းကိုသာမပြောင်းမလဲလုပ်ကိုင်တတ်ပြီး အနည်းငယ်မျှအပြောင်းအလဲ ဖြစ်တာကိုပင်အလွန်အမင်းစိတ်ဆိုးဒေါသထွက်ခြင်း စတဲ့ပုံမှန်မဟုတ်တဲ့လက္ခဏာများဖြစ်တတ်ပါတယ်။

အကြောင်းမဲ့ မရပ်မနားလက်ခုပ်တီးနေတတ်ခြင်း၊ ခန္ဓာကိုယ်ကိုလှည့်နေတတ်ခြင်းနဲ့ အချိန်အကြာကြီး မလှုပ်မယှက်ငြိမ်သက်နေခြင်းမျိုးလည်း ပြုတတ်ပါတယ်။ အချို့ကတော့ အလွန်အမင်း တက်ကြွလှုပ်ရှားနေခြင်း၊ အာရုံစူးစိုက်မှုမရှိဘဲ အကြောက်အလန့်မရှိပြုမူ

အထိုင်များသူများအတွက် Posture များစိတ်အပန်းပြေစေမယ့် စာအုပ်ကောင်းလေးများDoorway Effectသင်သိပါသလား? ၂၀၂၅မှာ ကမ္ဘာ့လူဦးရေ သန်း၂၈၀ကျော် စိတ်ဓာတ်ကျခြင်းဝေဒနာခံစားနေရတယ်ဆိုတာ…‘Me Time များများပေးပါ’အရေးပေါ် ဓာတ်ဆားဖျော်နည်းNeurocycle ဆိုတာဘာလဲ?မပြိုင်ပါနဲ့Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။စိတ်၏ အဟန့်အတား( barrier of mental health)

Unlock to read this premium article with 10 points.