dawna
စိန်ခေါ်မှုဟူ၍ များများစားစားမရှိသော ဘဝတွင် ရင်ခုန်စရာအခိုက်အတန့်မျိုးမှာ ကြုံတောင့်ကြုံခဲပင်ဖြစ်လိမ့်မည်။ ကျွန်တော့်အဖို့ နေ့ရက်တိုင်းသည် တစ်ပုံစံတည်းဖြစ်နေမည်ဟု တစ်ခါမှ မထင်ခဲ့ပါ။
သို့ရာတွင် ကျွန်တော်၏ နေ့တိုင်းသည် တစ်ထေရာတည်းဖြစ်လျက်ရှိသည်။ မနေ့နှင့်ယနေ့ မထူးခြားပေ။ မထူးခြားသောဘဝတွင် ထူးခြားသောအရာများ မဖြစ်လာပါ။ အညတရဖြစ်သော ဘဝ၌ အတိုတောင်းဆုံးသော စောင့်ဆိုင်းမှုသည်ပင် ဒေါသထွက်စရာ စိတ်မရှည်မှုမျိုးဖြစ်လာသည်။ အရာရာကို မကျေနပ်နိုင်သောသူသည် စိန်ခေါ်မှုကြီးကြီးမားမားကို ရင်ဆိုင်နိုင်စရာမရှိပေ။
တစ်ထေရာတည်းတူသည်ဟူသော အသိက ဘဝသည် ဒီပုံစံအတိုင်းသာဖြစ်သည်ဟု ပုံစံခွက်တစ်ခုထဲ ဇွတ်အတင်းသွတ်သွင်းလိုက်သလိုဖြစ်လေသည်။ ထို့ကြောင့် သာမညဘဝတွင် ပဓာနကျသော အလုပ်ကို သာ၍ လုပ်ဖို့ဖြစ်တော့သည်။
ဒေါန
တနင်္လာ။
Keep Reading