အက္ခရာ - Haruki
ဒီနေ့မှာတော့ စာဖတ်သူလေးတို့ကို ကိုယ့်ချစ်သူက အရင်လိုမချစ်တော့ဘူးဆိုတာ သိနိုင်တဲ့ လက္ခဏာ ( ၇ ) ချက်ကို မျှဝေပေးချင်ပါတယ်။ ကိုယ်ပိုင်ထားတဲ့ Relationship မှာ ဒီအချက်တွေကို ခံစားမိနေပြီဆိုရင် သေချာပါတယ်။ စာဖတ်သူလေးဟာ သူ့စိတ်ထဲက အရေးပါတဲ့သူမဟုတ်တော့ပါဘူး။
အချက် တော်တော်များများပါဝင်နေမှသာပါ။ တစ်ချက် ၂ ချက်လောက်နဲ့တော့ ဆုံးဖြတ်လို့မရပါဘူးခင်ဗျာ။
? - စိတ်ချင်းဝေးတာ
လူကအနားမှာရှိနေပေမယ့်လည်း ကိုယ့်အပေါ်အရင်လို စိတ်ဝင်စားမှုမရှိတော့ဘူ။ ၊ လူချင်းနီးပေမယ့် စိတ်ထဲ မိုင်ပေါင်းများစွာဝေးနေတယ်လို့ခံစားနေရင် ၊ စိတ်ချင်းနီးတယ်လို့ မခံစားရတော့ဘူးဆိုရင် ဒါသူအရင်လိုကိုယ့်ကိုမချစ်တော့လို့ပါ။
? - ဝေဖန်လာတာ
အပြုသဘောဆောင်တဲ့ ဝေဖန်တာမျိုးမဟုတ်ဘဲ ဘာလုပ်လုပ် အပြစ်တင်ဝေဖန်နေတာကလည်း သူ့ရဲ့ခံစားချက်တွေ ပြောင်းသွား တာကို ပြနေတဲ့ လက္ခဏာတစ်ခုပါပဲ။
? - စိတ်ဆိုးတာ
မပြောပလောက်တဲ့ အမှားလေးတစ်ခုလုပ်မိရင်တောင် အကြီးကြီးစိတ်ဆိုးတာ ၊ အသေးအမွှားပြဿနာလေးကအစ သည်းမခံဘဲ ရန်လုပ်လာတာတွေကလည်း ဝေးကွာခြင်းရဲ့အစပါပဲ။
❤️? - ချစ်တယ်မပြောတော့တာ
ချစ်တဲ့သူတွေကတော့ ဘယ်အချိန်မှာပဲဖြစ်ဖြစ် ချစ်တယ်လို့ပြောဖို့မမေ့သလို ဘယ်နှစ်ခေါက်ပြောပြော ရိုးသွားတယ်လို့မရှိပါဘူး။ ဒါပေမယ့် မချစ်တော့သူတွေကတော့ ပြောင်းပြန်စိတ်ခံစားချက်မရှိတော့တဲ့အခါ ချစ်တယ်ဆိုတဲ့စကားပြောဖို့ ဝန်လေးလာတတ်ပါတယ်။
? - ကိုယ့်အတွက်မအားတော့တာ
တကယ်ချစ်တဲ့သူတွေက တကယ်သူတို့မအားရှင်တောင် သူတို့ချစ်တဲ့သူအတွက် အချိန်မရှိရှိအောင်ဖန်တီးပြီး အချိန်ပေးတတ်ပါတယ်။ ဒါပေမယ့် ကိုယ့်ချစ်သူက အကြောင်းအမျိုးမျိုးပြပြီး ကိုယ့်ကိုအချိန်မပေးတော့ဘူးဆိုရင် ဒါဟာ သူတို့ရဲ့ ခံစားချက်တွေပြောင်းလဲသွားတဲ့ လက္ခဏာပါ။
? - အနာဂတ်အစီအစဉ်မှာ ကိုယ်မပါတော့တာ
ကိုယ့်ချစ်သူရဲ့ အနာဂတ်အစီအစဉ်တွေကို မေးကြည့်ပါ။ ။ သူ့ရဲ့ အနာဂတ်အစီအစဉ်မှာ ကိုယ်ပါနေရင်တော့ ကိုယ်ကသူ့ရဲ့ အိပ်မက်နဲ့ မျှော်မှန်းချက်ရဲ့ မရှိမဖြစ် အစိတ်အပိုင်းတစ်ခုပါ။ မပါခဲ့ဘူးဆိုရင်တော့ ကိုယ်ကသူ့အတွက် အရေးမပါတော့ပါဘူး။
? - ကိုယ့်အကြောင်းစိတ်မဝင်စားတော့တာ
ဘယ်သူမဆို ကိုယ်ချစ်ရတဲ့သူရဲ့အကြောင်းကို သိချင်ကြပါတယ်။ ဘယ်သွားတယ်၊ ဘာလုပ်တယ်ကအစပေါ့။ ဒါပေမယ့် ကိုယ့်ချစ်သူက အရင်လိုစိတ်မဝင်စားတော့ဘူးဆိုရင်တော့ ဒါဟာ ကိုယ့်ကို တကယ်ဂရုမစိုက်တော့တာပါ။
MyStyle Myanmar ( Rewrite by Haruki )
? - https://t.me/Relationship_coach_by_Haruki
Haruki
Keep Reading