Author's Profile Photo

Zu Zu San

3/11/2024

ပျင်းရိခြင်းကိုဖြစ်စေသော အချက်များ

2 mins read
Life Style
General Knowledge
Psychology
ပျင်းရိခြင်းကိုဖြစ်စေသော အချက်များ's photo

ပျင်းရိတယ်ဆိုတာ မကောင်းမှန်းသိကြပေမဲ့ လူတွေက
တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ပျင်းရိတတ်ကြပါတယ်။
ပျင်းရိခြင်းမှာ ၂ မျိုးရှိပါတယ်။ ခန္ဓာကိုယ်က ပျင်းရိတာနဲ့ စိတ်က ပျင်းရိတာတို့ဖြစ်ပါတယ်။

ခန္ဓာကိုယ်ကဖြစ်တဲ့ပျင်းရိခြင်းကိုဖြစ်ပေါ်စေတဲ့အချက် (၃) ချက်ရှိပါတယ်။
(၁)အစားအသောက်များအလွန်အကျွံစားမိခြင်း
အစားအသောက်တွေ အလွန်အကျွံ စားသုံးထားတဲ့အခါမှာ ဗိုက်က
ပြည့်အင့်လာပြီး အလုပ်မလုပ်ချင်တော့ဘဲ အနားယူချင်တဲ့ အဖြစ်မျိုးကို ကြုံဖူးမယ်လို့ထင်ပါတယ်။ လူတချို့ကတော့ ဒါကို စည်းစိမ်ရစ်တယ် လို့ခေါ်ကြပါတယ်။ဒီလိုအခြေအနေမှာ လူတွေက "ဗိုက်အင့်တယ်" ဆိုတဲ့ဆင်ခြေနဲ့ လုပ်စရာရှိတဲ့အလုပ်တွေကို ဘေးချိတ်ထားတတ်ကြပါတယ်။ ဒါကတော့သိပ်မသိသာတဲ့ ပျင်းရိခြင်းတစ်မျိုးပါ။

(၂) ခန္ဓာကိုယ်အနေအထား
ထိုင်နေရင်း ပျင်းလာတဲ့အဖြစ်မျိုးကို မိတ်ဆွေတို့လည်းကြုံဖူးမယ်ထင်ပါတယ်။ ဒါက ခန္ဓာကိုယ်အနေအထားကြောင့်ပါ။ ဒီလိုမဖြစ်ရအောင် ခါးကို မတ်မတ်ထားပြီး ထိုင်ရပါမယ်။တရားထိုင်ရာမှာလည်း မပျင်းလွယ်အောင် ခါးမတ်မတ်ထားရမယ်ဆိုတဲ့ နည်းလမ်းကိုအသုံးပြုကြပါတယ်။ "ယောက်ျားပျင်းတော့ ကျောခင်း၊ မိန်းမပျင်းတော့ခြေဆင်း" ဆိုတဲ့ မြန်မာ စကားပုံအတိုင်း အားနေတာနဲ့ ကျောခင်းတတ်တဲ့အကျင့်ရှိရင် ပြင်ကြပါနော်။ ယောက်ျားလေးတွေကိုချဥ်းပြောတာမဟုတ်ပါဘူး။ မိန်းကလေးတွေကိုရောပြောတာပါ။ ဒီလိုလုပ်ခြင်းက မိတ်ဆွေကို အပျင်းကြီးသူတစ်ယောက်ဖြစ်စေဖို့တွန်းပို့နေခြင်းနဲ့တူပါတယ်။ ကျောခင်းမယ့်အစား ကိုယ့်အတွက်အကျိုးရှိမယ့်အရာလေးတွေကိုလုပ်ပါ။

(၃)အနားယူမှုနည်းခြင်း
လုံလုံလောက်လောက်အနားမယူဘူးဆိုရင်လည်း ခန္ဓာကိုယ်
ရဲ့ပျင်းရိခြင်းဒဏ်ကိုခံရမှာပါ။ ဥပမာ မနေ့ညက ကောင်းကောင်းမအိပ်ခဲ့ရဘူးဆိုရင် ဒီနေ့အလုပ်လုပ်တဲ့အခါမှာတက်တက်ကြွကြွရှိမှာမဟုတ်ပါဘူး။ ဘာလုပ်လုပ်လွယ်လွယ်နဲ့ပျင်းလာမှာပါ။ အလုပ်မရှိတဲ့သူတွေဆိုရင် ညကကောင်းကောင်းမအိပ်ရဘူးဆိုတဲ့ ဆင်ခြေနဲ့ မနက်နေမြင့်တဲ့အထိ အိပ်ကောင်းအိပ်နိုင်တယ်၊ နေ့ခင်းဘက်ပြန်တောင်အိပ်နိုင်ပါတယ်။ သူများတွေအိပ်ချိန်ဆိုရင်ကိုယ်လည်း အိပ်ပါ။ သူများ အလုပ်လုပ်ချိန်ဆိုရင် ကိုယ်လည်းအလုပ်ပါ။

အကြောင်းအရင်းအမျိုးမျိုးတို့ကြောင့် စိတ်ကြောင့်ဖြစ်တဲ့ပျင်းရိခြင်းဖြစ်ပေါ်စေနိုင်ပါတယ်။ စာရေးသူကတော့ အဓိကကျတဲ့ အချက် (၅) ချက်ကိုဘဲရေးသားဖော်ပြလိုက်ပါတယ်။

(၁) စိတ်ဖိစီးမှုများခြင်း
စိတ်ဖိစီးမှုတွေများနေရင် စိတ်ရဲ့ပျင်းရိခြင်းကိုဖြစ်စေနိုင်ပါတယ်။ စာမေးပွဲနားနီးရင် ကျောင်းသားတွေ မပျင်းဘဲနဲ့ စာကုန်းကျုန်းလုပ်ကြမယ်လို့ မိတ်ဆွေထင်ပါသလား?
အဖြေကတော့ "No" ပါ။ စာမေးပွဲဆိုတဲ့ စိတ်ဖိစီးမှုကြောင့်
စာလုပ်ဖို့တွန့်ဆုတ်နေတတ်ကြပါတယ်။ တချို့ကျောင်းသားတွေဆို ဖြေခါနီးတာတောင်စိတ်ရှုပ်လို့၊ စိတ်ဖိစီးလို့ဆိုပြီး စာသိပ်မလုပ်ကြပါဘူး။ ဖြေခါနီး တစ်ရက်အလိုမှ one subject one night ဆိုတဲ့နည်းသုံးပြီး စာလုပ်ကြတာများပါတယ်။

(၂)တွန်းအားမရှိခြင်း
ကိုယ့်အသိစိတ်နဲ့ကိုယ်စာကျက်မှာနဲ့ ဆရာစာကျက်ခိုင်းလို့စာကျက်မှာ ဘယ်ဟာကို အချိန်မဆွဲဘဲနဲ့ကျက်ဖြစ်မယ်လို့ထင်လဲ?။ စာရေးသူကတော့ ဆရာစာကျက်ခိုင်းလို့စာကျက်ရမှာကိုအချိန်မဆွဲဘဲနဲ့ကျက်ဖြစ်မှာပါ။ ဘာလို့လဲဆိုတော့ "ဆရာကစာကျက်ခိုင်းလိုက်တယ်" ဆိုတဲ့တွန်းအားကြောင့်ပါ။ ကိုယ့်ဘာသာကိုယ်ဆိုရင် စာကျက်ရမယ်မှန်းသိပေမဲ့ တွန်းအားမရှိတော့ စာကျက်ရမှာပျင်းပြီး နေ့ရွှေ့၊ ညရွှေ့နဲ့ အချိန်သာကုန်သွားပြီး စာမကျက်ဖြစ်လိုက်တဲ့နေ့ရက်တွေအများကြီးရှိပါတယ်။

(၄) ယုံကြည်မှု မရှိခြင်း  
ဘာဘဲလုပ်လုပ်ယုံကြည်မှုအပြည့်ရှိရပါမယ်။ ခုနကပြောခဲ့တဲ့ "ငါစနေ နေ့မှာ အိမ်စာတွေအကုန်လုံးပြီးအောင်လုပ်မယ်။ နောက်နေ့မကူးဘူး။" ဆိုတဲ့ ဆုံးဖြတ်ချက်ကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ သူမှသာ ချရဲတာ။ ဒီဆုံးဖြတ်ချက်အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိရင် ရှေ့ဆက်လို့မရတော့ဘူး။ ယုံကြည်မှုမရှိတော့"စာတွေကများလိုက်တာ ပြီးမှ ပြီးနိုင်ပါ့မလား?" စတဲ့အတွေးတွေကြောင့် စိတ်လေပြီး စိတ်ရဲ့ပျင်းရိခြင်းဘက်ကိုဦးတည်နေပါတယ်။ ယုံကြည်မှုမရှိခြင်းဟာကြီးမားတဲ့ အတားအဆီးတစ်ခု ဖြစ်ပါတယ်။

(၅) စိတ်ဓါတ်ကျခြင်း
ပျင်းရိခြင်းကိုဖြစ်ပေါ်စေတဲ့ အဆိုးဝါးဆုံးအချက်က စိတ်ဓါတ်ကျခြင်းပါ။ ယုံကြည်မှုမရှိဘူးဆိုတာ တစ်ခုခုလုပ်ဖို့ တွန့်ဆုတ်နေတာ၊ ကိုယ်ကမလုပ်နိုင်ဘူးလို့ထင်တာ။ စိတ်ဓါတ်ကျတာကကျတော့ စိတ်က ဘာမလုပ်ကိုမှ မလုပ်ချင်တော့တာ။ ပျင်းရိတယ်ဆိုတာက အကျင့်တစ်ခုပါ။ စိတ်ဓါတ်ကျတယ်ဆိုတာကတော့ ရောဂါဘက်ကိုရောက်သွားပါပြီ။ ဒီတော့ စိတ်ဓါတ်မကျအောင်နေပါ၊ ကျလည်းမကျပါနဲ့။

ပျင်းရိခြင်းကိုဖြစ်စေတဲ့ အဓိကအချက်ကြီး ၂ ချက်အောက်မှာမရှိတဲ့ အချက်ကတော့...
"တံငါနားနီး တံငါ မုဆိုးနားနီးမုဆိုး"ဆိုတဲ့အတိုင်း
မိတ်ဆွေက အပျင်းကြီးတဲ့သူ ၄ ယောက်နဲ့ပေါင်းမိနေတယ်ဆိုရင် ၅ ယောက်မြောက်အပျင်းကြီးသူက မိတ်ဆွေကိုယ်တိုင် ဖြစ်လာနိုင်ပါတယ်။

အဆုံးထိမပျင်းဘဲနဲ့ဆောင်းပါးလေးကိုဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

ဆောင်းပါးဖတ်ပြီးနောက် ဗဟုသုတတွေရရှိလာလိမ့်မယ်လို့ထင်ပါတယ်။
Author: Zu Zu San
3.11.2024 Sunday တန်ဆောင်မုန်းလဆန်း (၃)ရက်

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)