Author's Profile Photo

အက္ခရာ - Haruki

27/03/2024

စလုပ်ဖို့ အကောင်းဆုံးအချိန်

2 mins read
Life Style
Personal Development
Business
စလုပ်ဖို့ အကောင်းဆုံးအချိန်'s photo

အလုပ်တစ်ခုကိုစလုပ်ဖို့ အကောင်းဆုံးအချိန်ဆိုတာ ဘယ်တော့လဲ။

တချို့က လက်ထပ်ဖို့၊ ဆိုင်ဖွင့်ပွဲလုပ်ဖို့ နေ့ကောင်းနေ့ရက်တွေကို ဗေဒင်ဆရာတွေ၊ အကြားအမြင်ဆရာတွေကို မေးကြတယ်။ အဲဒါနဲ့ပတ်သက်လို့ ကျွန်တော်ဘာမှမပြောလိုပါဘူး။ ဒါပေမယ့် ကျွန်တော့်သဘောပြောပြရရင် အလုပ်တစ်ခုကိုစတင်ဖို့အကောင်းဆုံးအချိန်ဆိုတာ အခုပဲဖြစ်ပါတယ်။ အိပ်မက်ကောင်းမှ၊ ရက်ရာဇာနေ့ကျမှ လုပ်စရာရှိတာကိုလုပ်မယ်လို့ အချိန်ဆွဲမနေသင့်ပါဘူး။

ပိရိသတ်ရှေ့မှာ ဟောပြောသူတစ်ယောက် ဖြစ်ချင်သလား။ ကျောင်းတစ်ကျောင်းမှာ အခမဲ့ဟောပြောပေးမယ်ဆိုပြီး အခုပဲရက်ချိန်းပေးလိုက်ပါ။ ရက်ချိန်းပေးပြီးရင် အချိန်ဆွဲလို့မရတော့ဘူးလေ။ ဟောပြောရမယ့် အချက်အလက်တွေကို ရှာဖွေစုဆောင်းရမယ်။ စာနဲ့ရေးမှတ်ရမယ်။ ဟောပြောတာကို လေ့ကျင့်ရမယ်။ တကယ်လို့ အဲဒီနေရာတွေမှာ မဟောပြောရဲရင်လည်း မင်္ဂလာဆောင်တစ်ခုမှာအခမ်းအနားမှူးလုပ်လို့ရပါတယ်။ အဓိကပြောချင်တာက ဟောပြောသူဖြစ်ချင်ရင် ဟောပြောတာကို အချိန်မဆွဲဘဲစလုပ်လိုက်ဖို့ပါ။

နောက်တစ်ခါ စာရေးသူတစ်ယောက်ဖြစ်ချင်ပါသလား။ ခုလို Sar Phat Apk, Facebook Page , Telegram တွေမှာအခုပဲ စာစတင်ရေးသားလိုက်ပါ။ စားရေးခမရလည်း အလကားသက်သက်ရေးလိုက်ပါ။ စာတွေရေးရင်း စာရေးခြင်းအနုပညာကိုလေ့လာပါ။ မိမိစာအရေးအသားကို တိုးတက်ကောင်းမွန်အောင်လုပ်ပါ။ နောက်ဆုံး ပိရိသတ်မွေးမြူပြီး စာအုပ်တွေထုတ်ဝေပါ။ ကျွန်တော်ဆိုလိုချင်တာက ဘာပဲလုပ်ချင်လုပ်ချင် လုပ်ချင်တာကို ဒီနေ့ပဲစလုပ်လိုက်ပါ။ လုပ်ချင်တာနဲ့ပတ်သက်လို့ ဘာမှမသိသေးရင်လည်း ကိစ္စမရှိပါဘူး။ လုပ်သာ လုပ်လိုက်ပါ။ လုပ်ရင်းနဲ့ အဲဒီအလုပ်အကြောင်း နားလည်လာပါလိမ့်မယ်။ လုပ်ဖို့အတွက် မသင်ပါနဲ့။ သင်ဖို့အတွက် လုပ်ပါ။

နောက်ပြီး ဘယ်လိုလုပ်ရမှန်းမသိလည်း စလုပ်လိုက်ပါလို့ ပြောချင်ပါတယ်။

ဒီမှာမေးစရာရှိတာက စလုပ်ဖို့ကြောက်နေရင် ဘာလုပ်ရမလဲ။ ကျွန်တော့်အဖြေက ကြောက်စိတ်ကို ရင်ဝယ်ပိုက်ပြီး အခုပဲစလုပ်လိုက်ဖို့ပါပဲ။ Don't wait the best time. အကောင်းဆုံး၊ အသင့်တော်ဆုံးအချိန်ကို စောင့်မနေပါနဲ့။ Coz, Now is the best time. ဘာကြောင့်လဲဆိုတော့ အကောင်းဆုံး၊ အသင့်တော်ဆုံးအချိန်ဆိုတာ အခုအချိန်ကလွဲရင် မရှိလို့ပါ။

စာရေးခြင်းအနုပညာကို စာစရေးရင်းနဲ့ သင်ယူခဲ့တယ်။

ကျွန်တော် ၉ တန်းပြီးတော့ ကိုယ်ပိုင် Telegram Channel တစ်ခုထောင်ပြီး စာလေးတွေစပြီးရေးတင်ပါတယ်။ ပထမ ၂ လ လောက်ထိ အတွေ့အကြုံမရှိတဲ့ စာရေးသူ၊ ချယ်နယ် Owner အဖြစ် ကိုယ့်ချယ်နယ် Subscriber များအောင်ဘယ်လိုလုပ်ရမလဲ၊ ကိုယ်တင်တဲ့စာတွေကိုစိတ်ဝင်စားအောင် ဘယ်လိုရေးရမလဲ၊ ကိုယ့်ချယ်နယ်လူသိများအောင် ဘာတွေပြင်ဆင်ရမလဲ၊ ကိုယ့်ချယ်နယ် Active ဖြစ်အောင် ဘာတွေဆောင်ရွက်ရမလဲ။ စာဖတ်သူပေါင်းများစွာနဲ့ရင်းနှီးဆက်ဆံတတ်အောင်ဘယ်လိုပြောဆိုဆက်ဆံရမလဲ။ အဲဒါတွေကို ကျွန်တော်မသိခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော် ချယ်နယ်စထောင်တယ်။ စာတွေစတင်ရေးတယ်။ စောစောက ကျွန်တော်ပြောတာတွေအားလုံးကို ကျွန်တော်စာတွေရေးရင်းနဲ့ တဖြည်းဖြည်း သိလာတတ်လာခဲ့ပါတယ်။

အခုတော့ ကျွန်တော်ဟာ Telegram မှာလူသိများတဲ့ Motivation, Knowledge and Relationship coach Author တစ်ယောက်ဖြစ်လာခဲ့ပါပြီ။ နောက်ထပ် ဆိုရှယ်မီဒီယာတွေကို ဆက်လက်ထိုးဖောက်ဦးမှာပါ။ အမာခံစာဖတ်ပိရိသတ်တွေလည်းပိုင်ဆိုင်ပြီးဖြစ်သလို ကျွန်တော့်ရဲ့ဖွင့်လှစ်ချယ်နယ်အသစ်တိုင်း လူသိများပါတယ်။

ကျွန်တော် ဒီအကြောင်းကို ဘာကြောင့်ပြောပြရတာလဲ။

ကျွန်တော် ကြွားဝါချင်လို့လုံးဝမဟုတ်ပါဘူး။ ( ကြွားဝါလို့ ရလောက်တဲ့ထိလည်း ကျွန်တော်မအောင်မြင်သေးပါ။ ) ကျွန်တော့်ရဲ့ချယ်နယ်စထောင်ပြီး စာစရေးရာမှာ ဘာမှမသိသေးပေမယ့် လုပ်ရင်း၊ ရေးရင်းနဲ့ သင်ယူတတ်မြောက်သွားခဲ့တယ်ဆိုတာကို သိစေချင်လို့ပါ။ ဒါကြောင့်မလို့ လုပ်ဖို့အတွက်မသင်ယူဘဲ သင်ယူဖို့အတွက် စလုပ်လိုက်ပါ။

ဒီကစာဖတ်သူလေးကရော အလုပ်တစ်ခုလုပ်ဖို့ ဆင်ခြင်တွေပေးပြီး အချိန်တွေဆွဲနေတုန်းလားခင်ဗျာ။ အချိန်တွေဆွဲမနေပါနဲ့တော့ အကောင်းဆုံးအချိန်ဟာ အခုကလွဲပြီး မရှိတော့လို့ အခုဘာလုပ်ဖို့ အစီအစဥ်ရှိနေသလဲ။ ခုပဲ လုပ်လိုက်ပါတော့။

Haruki

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)