Author's Profile Photo

Honey cho

2/11/2024

ဘယ်လိုပိုက်ဆံအိတ်အရောင်ကလူကိုအကျိုးပြုပါသလဲ?

1 min read
Life Style
Personal Development
General Knowledge
ဘယ်လိုပိုက်ဆံအိတ်အရောင်ကလူကိုအကျိုးပြုပါသလဲ?'s photo

Feng Shui ဖုန်းရွှေအရ ပိုက်ဆံအိတ်အရောင်

ငွေထည့်တဲ့ အိတ်အရောင်နဲ့ပတ်သက်ပြီး post တစ်ခါ တင်ပေးဖူးပါတယ်။ အဲ့ဒီတုန်းက အနီရောင်ကိုအသုံးမပြုဖို့ရေးသားခဲ့ဖူးပြီး အနက်ရောင်အကြောင်းမပါသွားလို့ ဒီpost မှာ ဖြည့်စွက်ရေးသားသွားတာပါ။ ဖုန်းရွှေ Feng Shui အရ ဘယ်လိုပိုက်ဆံအိတ်အရောင်အဓိက ရွေးချယ်ရမလဲ ဆိုတာကိုပြန်ပြောပြပေးသွားပါမယ်။

?မိန်းကလေးများအတွက် ?ပန်းရောင် Pink ပိုက်ဆံတွေက ချစ်ခြင်းမေတ္တာ တစ်မျိုးတည်းကိုပဲကိုယ်စားပြုတာမဟုတ်ပါဘူး။ မေတ္တာရေးနှင့် ငွေကြေးရေးကို စုပ်ယူနိုင်တဲ့ အင်အားရှိတာကြောင့် ပန်းရောင်ပိုက်ဆံအိတ် ကိုအသုံးပြုခြင်းဟာ ?ချစ်ခြင်းမေတ္တာနှင့် ?ငွေရေးကြေးရေးကိုပါ ပေးပါလို့ Universe ကိုကြေငြာတောင်းဆိုလိုက်သလိုပါပဲ။ ဒါကြောင့် ချမ်းသာတဲ့ ချစ်သူကို ရှာဖွေနေသူမိန်းကလေးများအဖို့တော့ ပန်းရောင်ပိုက်ဆံအိတ်ကိုအသုံးပြုနိုင်ပါတယ်။

အနီရောင်လို့ပြောရင် အနီရောင်ကို ၃ မျိုးခွဲခြားပြပါမယ်။
?မက်မွန်နီ၊ ?သန္တာနီ နှင် ♥️အနီရဲရဲ

?မက်မွန်နီ နှင့်?သန္တာနီ အရောင် ကတော့ ငွေကြေးချမ်းသာပြီး ချစ်ခြင်းမေတ္တာကိုပါ ပါဝင်စေပါတယ်။ အနီရောင်ထဲမှာ ဒီအနီရောင် နှစ်မျိုး ကိုအသုံးပြုနိုင်ပါတယ်။

အမျိုးသား နှင် အမျိုးသမီး Unisex အသုံးပြုကြတဲ့ ??အညို၊ ?အနက် နှင့် ☕️ကော်ဖီရောင် ပိုက်ဆံအိတ်များကတော့ ငွေကြေးတည်မြဲပြီး အိတ်ထဲကငွေ မြဲစေနိုင်ပါတယ်။ ဒီအရောင်တွေဟာ တည်မြဲခြင်းကို ကိုယ်စားပြုတဲ့အတွက် အနက်၊ အညို ရောင် ပိုက်ဆံအိတ်များကို အသုံးပြုခြင်းက ငွေကြေးကို လုံခြုံမှုရှိစေပါတယ်။ ဒါကြောင့် ဒီအရောင် တွေကို စိတ်ချစွာ အသုံးပြုနိုင်ကြပါတယ်။

⭐️အဝါရောင် ပိုက်ဆံအိတ်ကတော့ အောင်မြင်မှု Success နှင် ကြွယ်ဝချမ်းသာမှု wealth စုပ်ယူမှုအား အလွန်ကောင်းပြီး အောင်မြင်မှုအားပါပေးဆောင်နိုင်တဲ့အတွက် လုပ်ငန်းကြီး လုပ်သူတွေ၊ အောင်မြင်မှုရရှိလိုသူတွေအနေနဲ့ အသုံးပြုနိုင်ပါတယ်။

❌ရှောင်ရှားရ

မိန်းမတစ်ယောက်၏ဖွင့်ဟဝန်ခံချက်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါ့စတာယက်စကီးရဲ့ဘဝအမောပြေမိတ်ကောင်းဆွေကောင်းများနှင့်တွေ့ဆုံခြင်း‘သားကောင်စိတ်နဲ့ ရှင်သန်မယ့်အစား သူရဲကောင်းဖြစ်ဖို့ကို ရွေးချယ်ပါ’ပျော်စရာနေ့ဆင်းရဲသားလေး ဂျက်လန်ဒန်မရိုးတရိုးအကျပ်ထဲမှာ ချောင်ကြည့်ခြင်းအထက်တန်းစားနှင့်အောက်တန်းစား

Unlock to read this premium article with 10 points.