Author's Profile Photo

ယဥ်သီရိလှိုင်(ဆောင်း)

27/03/2024

မ​တွေးချင်​သော

3 mins read
Art
History
18 Again
မ​တွေးချင်​သော's photo

အပိုင်း၄ပါ​နော် စော​စော​လေးတင်​ပေးလိုက်ပါတယ်ရှင့်

တကယ်​တော့ကျွန်မသူနဲ့စကား​ပြောချင်တယ် သူ့ကို ကျေးဇူးတင်တဲ့အ​ကြောင်း​တောင်မ​ပြောနိုင်ခဲ့ဘူးလေ
"ရ​တော့ရတယ် ဒါမယ့်ခနဘဲရမှာ"
"ရတယ်​လေညီမ ခနဘဲဆိုလဲရတယ် ကို​ခေါ်လိုက်မယ်​နော်"
"ဟုတ်"
??
"ဟယ်လိုညီမ ဆေးလူးပြီးပြီလား"
"ဟုတ်ပြီးပြီ"
အမှန်တော့ကျွန်မက စာပို့ရင်သာစွာတာ ဖုန်း​ပြောရင်​ရောတကယ့်တကယ်အပြင်မှာ​တွေ့ရင်​ရော​ကျောက်ရုပ်သာသာဘဲ
"အော် စားပြီးပြီမလားထမင်းက"
"ဟုတ်"
"ညီမ ဘာဖြစ်လို့လဲအကိုကိုရှက်လို့လား ဒါမှမဟုတ်"
"မရှက်ပါဘူး အိပ်ချင်လို့"
"ဟုတ်လားအကို​တော့မထင်ဘူး ဘာလို့ရှက်တာလဲကား​ပေါ်က ကိစ​ ကြောင့်လား"
"မဟုတ်ပါဘူး ပြောစရာမရှိရင်ဒါဘဲ​နော်ညီမအိပ်​တော့မယ်"
"ဟင်အိပ်​တော့မှာလား ကို​ပြောစရာ​တွေကျန်​သေးတာကို"
"မနက်မှ​ပြော​တော့ အခုမ​ပြောနဲ့​တော့"
"ဟုတ်ပါပြီ gnနော် ကောင်း​ကောင်းအိပ်မနက်မှ​ပြောမယ်"
☎️
.......
"စော​စောစီးစီးဘယ်သူလဲ ဟယ်လို"
"ညီမ နိုးပြီလားအခုမှနိုးတာလားအသံကြီးကလည်း"
"အကိုညီမ​နောက်မှပြန်ဆက်လိုက်မယ်​နော်"
"ဟေ့ ခန​နေဦး​နောက်ဆိုတာဘယ်အချိန်လဲ ပြောခဲ့ ပြန်အိပ်မလို့မှတ်လားအိပ်ပုတ်"
"အကိုရယ်ညီမပြန်ဆက်လိုက်ပါမယ် ဟုတ်ပြီလား"
"အင်းအင်း ကို​စောင့်​နေမယ်"
ကျွန်မပြန်မ​ပြောနိုင်​တော့တ​ရေး ပြန်အိပ်​ပျော်သွားခဲ့သည်
နိုး​တော့မနက်၁၀ခွဲ ရေပါတခါတည်းချိုးပြီမနက်စာစားဖို့​အောက်ဆင်းလာခဲ့တယ်
"သမီး နိုးပြီလား ခြေ​ထောက်​ရော"
"ကောင်းတယ်​မေ​မေ ဆေးလူးထား​တော့ဘာမှမဖြစ်ဘူး"
သူ့ကိုတချက်သတိရသွားတယ် ဖုန်းပြန်ဆက်ရဦးမှာဘဲ နေပါဦးငါတို့ကဘာမို့လို့ ဖုန်း​ပြောတဲ့ဆက်ဆံ​ရေးဖြစ်သွားတာလဲဘယ်အချိန်ကစပြီးလဲ​အော်အကုန်လုံးကငါ့အမှားပါဘဲ​လေ
"သမီး ဘာ​တွေ​တွေး​နေလဲ စားမ​ကောင်းဘူးလား မေ​မေကို​ပေးပြန်ပြင်​ပေးမယ် မပုက​တော့တ​နေ့ထက်တ​နေ့အရသာ​ပေါ့လာတာဘဲ ဆိုင်ကနာမည်ရလာ​တော့"
"မဟုတ်ပါဘူး​မေ​မေ မုန့်ဟင်းခါးက​ကောင်းတယ် သမီး​တွေး​နေတာပါ"
"ဘာများလဲ သမီးငယ် ချစ်သူရ​နေပြီလား"
ဘာရယ်မဟုတ်ကျွန်မရှက်သွားမိတယ်
"မေ​မေကလည်း မဟုတ်ပါဘူး အော်ဟို​လေ​မေ​မေ မေ​မေ့သူငယ်ချင်း အကျီဆိုင်​လေ အဲ့မှာစာရင်းကိုင်လိုတယ်ဆို"
"အေး ဘာဖြစ်လို့လဲ"
"အဲ့တာ သမီးလုပ်ချင်တယ်​ပြော​ပေးပါလား အာ မဟုတ်ဘူးသမီးဘာသာသွား​လျောက်လိုက်မယ် သမီးကိုလိပ်စာပြောပြ"
"ငါ့သမီး နေများမ​ကောင်းဘူးလားမ​နေ့က​ခြေ​ခေါက်တာ ခေါင်းပါထိသွားသလား အလုပ်မလုပ်ချင်ဘူးဆိုခုဘယ်လိုဖြစ်ရပြန်တုန်း"
"အော်​မေ​မေကလည်း လူဘဲ​ပြောင်းလဲတတ်တာ​ပေါ့လို့ ဟီး ပြောပြ​နော်​မေ​မေဒီ​နေ့သွား​လျောက်မလို့"
တကယ်ကသူ့​ကြောင့်ပါ ​ခေါင်းမာလှတဲ့ကျွန်မကသူ့​ကြောင့်​ပြောင်းလဲသွားခဲ့တာ
?
"ဟယ်လို ညီမ"
"ဟုတ်အကို ညီမ​မေ့​နေတာ sorry"
"အကို့က​မေ့​လောက်တဲ့လူ​ပေါ့ ထားပါ ဒီ​​နေ့ဘယ်သွားမလဲ"
"secret"
"ဘယ်လို ဟား ငါ့ညီမကဘာ​တွေလုပ်မလို့လဲ သိချင်လာပြီကွာ"
"ဘာမှမဟုတ်ပါဘူး မစပ်စုနဲ့ဒါဘဲ​ပြောမယ်"
"အောင်မ​လေးဗျာ ဟုတ်ပါပြီ ဆရာမရယ်"
"အကိုဒါဆိုဖုန်းချလိုက်​တော့မယ် နောက်မှ.."
"နေဦး ကို​ပြောစရာရှိ​သေးတယ် ခန​လေး"
"ဘာ​ပြောမလို့လဲ ညီမ​ရေချိုးရဦးမှာ"
"ဟာ​မေ့ပြန်ပြီလား မ​နေ့က​ပြောမလို့ညီမကမနက်မှ​ပြောဆို"
"အော် ဟုတ်သားဘဲ sorryပါရှင့်"
"ဟင်း က​လေးမ​နော် မ​နေ့ကအကိုမ​တောင်းပန်ရ​သေးဘူး ညီမလဲကျမှာဆိုးလို့ကိုဆွဲလိုက်တာ အဲ့တာ"
သူအစ​ဖော်ပြန်ပြီ
"​အော် အဲ့တာလား ညီမက​ကျေးဇူးတင်ရမှာပါညီမစိတ်ထဲ​တောင်မရှိ​တော့ဘူး"
"ဟင် ကိုကရှိတယ် "
လုပ်ပြန်ပြီ ငါဘယ်​လောက်​တောင်​မေ့ထားရလဲ
"ဘာရှိတာလဲ စိတ်ထဲမထားပါနဲ့ဆို "
"ညီမက အရမ်းလှ​နေတာကို ကိုရင်​တွေခုန်လိုက်တာ သိလားညီမ ကား​ပေါ်ကလူ​တွေကို့ကိုမနာလိုသလိုကြည့်တာ​တွေအဘွားကလိုက်ဖက်တယ်လို့​ပြောတာ​တွေကို့နားထဲကမထွက်ဘူး နောက်ပြီး.."
ကျွန်မ နားမ​ထောင်ရဲ​တော့ဘူးဖုန်းချလိုက်ပြီ သူမို့လို့မရှက်ဘူး အဲ့လိုစကားကိုအားရပါးရ​ပြော​နေတယ်ဘယ်လိုလူလဲ
ဖုန်းထပ်​ခေါ်တယ်ကျွန်မမကိုင်ဘူး ၁ခါ ၂ခါ ၃ခါ​မြောက်ကျ​တော့ကိုင်လိုက်တယ်
"ညီမ ဖုန်းကျသွားတယ် ကို့ဖုန်း​ဘေ​လည်းမကုန်ပါဘူး ညီမချလိုက်တာလား"
"ဟုတ်တယ် ချလိုက်တာ ဘယ်နှယ့်အဲ့လိုစကား​တွေကို​တိုက်ရိုက်ကြီးပြော​တော့ညီမဘယ်လိုလုပ်ရမလဲ"
"ဟား....ညီမကရှက်သွားတာကိုး ဟား..."
ခုလဲကြည့်ရီ​နေပြန်ပြီ
"ဘာလို့ရီတာလဲမရီနဲ့ အကို​နော်ညီမမ​ခေါ်ဘဲ​နေလိုက်မှာမ​ပြောနဲ့အဲ့လိုစကား​တွေ"
"ဘာလို့လဲ ကိုကချစ်လို့​ပြောတာ​လေမရဘူးလား"
"အကို"
"ညီမအကိုအတည်ပြောမယ်​နော် ညီမကိုအကိုချစ်တယ် ကို့ကိုစဥ်းစား​ပေးပါဦး ဟင် ဒီတိုင်းကြီးမ​နေချင်ဘူးကိုလဲအဆင့်တက်ချင်တာ​ပေါ့"
"....."
"ညီမပြန်​ပြောဦး​လေ "
"ဘာ​ပြောရမလဲ မသိဘူး "
"ကို့ကိုချစ်တယ်လို့ပြော​လေ"
"အား အကိုဘာဖြစ်​နေတာလဲ မ​ပြောပါနဲ့ဆိုမှ"
"ဒီ​နေ့အားလားအကိုနဲ့​တွေ့ရ​အောင်"
"ဟင် မအားဘူး သွားစရာရှိတယ်"
"ဘယ်ချိန်ပြန်​ရောက်မလဲဒါဆို "
"မ​ပြောတတ်ဘူး ည​နေ​လောက်မှပြန်​ရောက်မှာ"
"ဒါဆိုည​နေ​တွေ့လို့မရဘူးလား ကို​တွေ့ချင်တယ်"
"မသိဘူး ညီမဖုန်းပြန်ဆက်လိုက်မယ်"
"အော်ဟုတ်ပြီ ကို​စောင့်​နေမယ်"
"အကို ဒီ​နေ့ သံရုံးသွားရမှာမဟုတ်ဘူးလား "
"မဟုတ်ဘူး မနက်ဖြန်မှms ကမအားဘူးတဲ့"
"အော် အာ့ဆိုဒါဘဲ​နော်"
"ဟုတ်ပြီဗျ ကို​စောင့်​နေမယ်"
နဲနဲ​တော့ ကြောက်တယ်သူဘာ​ပြောမလဲမသိဘူး
ရေချိုးအဝတ်စားလဲပြီး အန်တီသင်းအကျီဆိုင်ဆီထွက်ခဲ့လိုက်တယ် မေ​မေ့သမီးလို့မ​ပြောချင်ဘူး ပြောလိုက်ရင်အင်တာဗျူး​တောင်​ဖြေရမှာမဟုတ်ဘူး အဲ့လိုဆိုကိုယ့်အရည်အချင်းနဲ့ကိုမဟုတ်​တော့ဘူး​လေ ကျွန်မကလဲအဲ့လိုပါ ဘယ်လို​ပြောရမလဲမာနကြီးတယ်​ပြောရမလား
"မဂ်လာပါဘာများကူညီ​ပေးရမလဲရှင့်"
"ညီမ​လေး အလုပ်​လျောက်ချင်လို့ စာရင်းကိုင်​နေရာ"
"အော်ဟုတ်အမ ခန​စောင့်​ပေး​နော်မန်​နေဂျာ​သွား​ခေါ်လိုက်ဦးမယ်"
ကျွန်မပြုံးပြလိုက်ပြီးဆိုင်ထဲကိုမျက်စိကစားကြည့်လိုက်တယ် ဆိုင်ကအရမ်းအကြီးကြီးမဟုတ်သလိုအရမ်းလဲမ​သေးဘူး ပြင်ဆင်ထားတာက​ခေတ်​နောက်မကျဘူး အ​နော်ရထာလမ်းမ​ပေါ်မှာဆို​တော့ ဒီဇိုင်း​တွေအဆင်အယင်​တွေကခတ်မီ​နေတယ် ခနကြာ​​တော့ ဟို​ကောင်းမ​လေးပြန်​ရောက်လာတယ်
"အမ ဝင်လာလို့ရပါပြီ​နော် ညီမ​နောက်ကလိုက်ခဲ့ပါ"
"အော်ဟုတ် ညီမ မန်​နေဂျာက မိန်းမမဟုတ်လား "
"ယောကျားပါရှင့် "
ဟင် အန်တီသင်းမေ​မေကို​ပြောတာ​ကြားတာတော့ မိန်းမတဲ့ ဘာကွာတာပါလိမ့်
"အော်ဟုတ်ညီမ​လေး"
ကျွန်မဝင်သွား​တော့အသက်၃၀​ကျော်​ကျော်​ယောကျားတ​ယောက်စာအုပ်ဖတ်​နေတယ် ကျွန်မကို​တွေ့​တော့စာအုပ်​​ဘေးချပြီး
"ထိုင်ပါ"
"ဟုတ်"
"နာမည်က"
"စိမ်းနံ့သာပါ"
"အသက်"
"၂၆ပါ"
"ဘာနဲ့ဘွဲရတာလဲ ဘွဲရတယ်မလား"
"ဟုတ် မြန်မာစာနဲ့ပါ"
"ဘာလို့ဒီအလုပ်ကိုလာလျောက်တာလဲ"
ဘာလို့ရမှာလဲအလုပ်လာ​လျောက်ပါတယ်ဆိုမှအလုပ်လိုချင်လို့​ပေါ့
"ဟို စိတ်ဝင်စားလို့ပါ"
"စိတ်ဝင်စားလို့ ပိုက်ဆံ​ကြောင့်မဟုတ်ဘူးလား"
ကျွန်မ ထောင်းခနဲ​ဒေါသထွက်သွားတယ် ဘာရယ်ပိုက်ဆံဟုတ်လား ​ပြောရမယ်ဆိုရင်ကျွန်မကအိမ်မှာထိုင်စားရင်​တောင်​ဖေ​ဖေနဲ့​မေ​မေကဘာမှ​ပြောမှမဟုတ်ဘူး တကယ်​တော့အကို့​ကြောင့်သာအလုပ်လာ​လျောက်တာ မာနထိခိုက်လိုက်တာ ကျွန်မပြန်မ​ပြော​တော့
"ဒီမှာ ကျွန်​တော့ကိုအ​လေးမထားတာလား မေးတာကို​ဖြေ​လေ"
ကျွန်မ​​ဒေါသမထိန်းနိုင်​တော့သူ့ကိုပြန်ပြီးစကား​ပြောချင်စိတ်လည်းမရှိဘူး မတ်တပ်ရပ်ပြီးလှည့်ပြန်မလို့အလုပ် တံခါးဝကဝင်လာတဲ့သူ​ကြောင့်ကြက်​သေ​သေ
သလိုဖြစ်သွားတယ် အကိုကဒီကိုဘယ်လိုလုပ်

အပိုင်း၅ နောက်ကျရင်တင်​​ပေးပါမယ်​နော် ?
ချစ်​သောreadersလေး​တွေ?

Keep Reading

မျက်နှာကို တော်တော်တည် ထားသည်How To Train Your Dragon (2025) Spoiler Free Movie Reviewလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞"အချစ်ဦး"တဲ့လွမ်းသမျှ စာတင်ဦးညိုအေးကြီးကို ကျေးဇူးတင်တယ်ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့