Honey cho
♦သားအိမ်ခေါင်းရောင်ခြင်း♦
Cervicitis
--------------------
?Cervicitis ဆိုသည်မှာ သားအိမ်နှင့်ဆက်နေသည့် ကျဉ်းမြောင်းသည့် သားအိမ်ခေါင်းနေရာ ရောင်ရမ်းခြင်းဖြစ်သည်၊
.
?လက္ခဏာများ
များသောအားဖြင့် ရောဂါ လကဏာမတွေ့ရပါ၊ အသားစယူကြည့်ခြင်း၊ သားအိမ်ခေါင်းမြှေးပါးမှ အချွဲယူ စစ်ဆေးကြည့်မှသာလျှင်သိနိုင်ပါသည်၊
?၁။မိန်းမကိုယ်မှ အစိမ်းရောင် သို့ အညိုရောင် သို့ အဝါရောင် နှင့် ပြည်ကဲသို့ အနံ့ဆိုးသည့် အချွဲအပျစ်အရည်များဆင်းနိုင်ပါသည်။
?၂။ဆီးခဏခဏသွားခြင်း၊ ဆီးသွားလျှင်နာကျဉ်ခြင်း
?၃။အမျိုးသားနှင့်ဆက်ဆံလျှင်နာကျဉ်ခြင်း
?၄။ ဓမတာလာခြင်းမျိုးမဟုတ်ဘဲ အမျိုးသားနှင့်ဆက်ဆံလျှင် မိန်းမကိုယ်မှသွေးဆင်းခြင်း
.
?ဖြစ်ပွားရသော အကြောင်းရင်းများ
?ကူးစက်သောကာလသားရောဂါပိုးများ --
များ သော အားဖြင့် သားအိမ်ခေါင်းရောင်စေသော bacteria နှင့် virus ရောဂါပိုးများ (Gonorrhoea, Chlamydia, Trichomoniasis, Genital herpes) သည် ချစ်တင်းနှီးနှောခြင်းမှကူးစက်ခြင်းဖြစ်ပါသည်။
?ဓါတ်မတည့်ခြင်း --- သုတ်ပိုးသေစေနိုင်သော သနေတားဆေးများ၊ ကွန်ဒုံ ပြုလုပ်ရာတွင်အသုံးပြုသော ရာဘာနှင့်ဓါတ်မတည့်ခြင်းတို့ကြောင့်လည်း သားအိမ်ခေါင်းရောင်ခြင်းဖြစ်ပေါ်နိုင်သည်၊ အမျိုးသမီး တကိုယ်ရည် သန့်စင်ပေးသော ပစည်းများ သည်လည်း သားအိမ်ခေါင်းရောင်ခြင်းဖြစ်နိုင်ပါသည်။ မိန်းမကိုယ်ထဲတွင် ပုံမှန်ရှိသော bacteria များ အဆမတန် များပြားလာခြင်းသည်လည်း သားအိမ်ခေါင်းရောင်ခြင်းကို ဖြစ်စေနိုင်သော အကြောင်းရင်းတစ်ခုဖြစ်ပါသည်။
.
?ဖြစ်နိုင်ချေများသူများ
?၁။ အကာအကွယ်မပါဘဲလိင်ဆက်ဆံခြင်း၊ လိင်ဆက်ဆံသော ပါတနာများပြားခြင်း၊ လိင်ကိစ ရှုပ်ထွေးတတ်သော သူ နှင့်ဆက်ဆံမိခြင်း
?၂။ အရွယ်မတို အသက်မပြည့်မီ အမျိုးသားနှင့်ဆက်ဆံခြင်း
?၃။ ကူးစက်တတ်သောကာလသရောဂါ ဖြစ်ဖူးသော ရာဇဝင်ရှိခြင်း
.
⛔နောက်ဆက်တွဲ ပြဿနာများ
?သားအိမ်ခေါင်းသည် ဘက်တီးရီ
Unlock to read this premium article with 10 points.