Honey cho
ညသန်းခေါင်မှာ နိုးလာပြီး ပြန်အိပ်လို့မရတာ ဘာကြောင့်လဲ၊ တညလုံး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော် အောင် ဘာလုပ်သင့်ပါသလဲ
◾ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)◾
လူတစ်ယောက်က အစပိုင်းမှာ အိပ်ပျော်သွားတယ်၊ တရေးနိုးတဲ့အခါ ပြန်ပြီး အိပ်လို့မရဘူးဆိုတာတွေ က လူတော်တော်များများ တွေ့ကြုံရတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။
အကြောင်းရင်းကို ရှာကြည့်လိုက်တဲ့အခါမှာတော့ ..
(၁) အသက်အရွယ်ကြီးရင့်တဲ့သူတွေမှာ ဖြစ်တတ်ပါတယ်။
(၂) နေ့ခင်းဘက်အိပ်တတ်တဲ့သူတွေမှာလည်း တရေးနိုးရင် ပြန်ပြီး အိပ်ရခက်တတ်ပါတယ်။
(၃) တစ်ချိန်လုံး အိပ်ရာပေါ် နေတဲ့သူတွေပါ။ အိပ်ရာပေါ်မှာ ဖုန်းသုံးမယ်၊ စာကြည့်မယ်...စသဖြင့် ဒီလို လူတွေမှာလည်း တရေးနိုးရင် ပြန်ပြီး အိပ်ရခက်တတ်ပါတယ်။
(၄) အိပ်ခါနီး ကော်ဖီ၊ လက်ဖက်ရည်၊ အားဖြည့်အချိုရည်သောက်ထားတယ်ဆိုရင်လည်း တရေးနိုးမှာ ပြန်ပြီး အိပ်ဖို့ ခက်တယ်ဆိုတာ တွေ့ရပါတယ်။
(၅) နောက်တစ်ခုကတော့ ရောဂါပိုင်းဆိုင်ရာမှာ ဆိုရင်တော့ စိတ်ပူပင်သောကများခြင်းနဲ့ စိတ်ဓာတ်ကျရောဂါသည်တချို့မှာ မနက်စောစောနိုးပြီးရင် ပြန်ပြီး အိပ်ရခက်တာကို တွေ့ရပါတယ်။
တရေးနိုးမှာ ပြန်ပြီး အိပ်ဖို့ အခက်ဆုံးတွေ့ရတဲ့အကြောင်းကတော့ လူတွေရဲ့ အတွေးတွေကြောင့် ဖြစ်တာများပါတယ်။ စိုးရိမ်စိတ်တွေ လွန်ကဲတယ်၊ အိပ်မပျော်ရင်တော့ နောက်တစ်ရက်မှာ အခက်အခဲ တွေ့မယ်ဆိုပြီး အိပ်မပျော်မှာကို စိတ်ပူပြီး အိပ်မပျော်တဲ့သူက ပိုများပါတယ်။
နောက်တစ်ခုကတော့ အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ အတွေးမှားလေးတွေလည်း ရှိတတ်တယ်လို့ ပြောပါတယ်။ ဒီလိုမျိုးဆိုရင်တော့ ''ငါတော့ အိပ်မပျော်တော့ဘူးထင်တယ်''ဆိုတဲ့ အတွေးမှားလေးတွေနဲ့ တရေးနိုးမှာ ပြန်အိပ်ရခက်တာတွေ တွေ့ရပါတယ်။
ဒါဆိုရင် တစ်ညလုံး ကောင်းကောင်းမွန်မွန် အိပ်စက်လို့ရအောင် ဘယ်လိုမျိုးဆောင်ရွက်လို့ရသလဲဆိုရင် -
(၁) မိမိရဲ့ အိပ်ခန်းအပူချိန်က ညီညွတ်တဲ့ အပူချိန် ရှိရပါမယ်။ ပူလွန်း၊ အေးလွန်းခြင်း မရှိရပါဘူး။
(၂) အသံတွေက ငြိမ်သက်တိတ်ဆိတ်ရပါမယ်။
(၃) အခန်းအလင်းရောင်အနေနဲ့ မှိန်မှိန် ဒါမှမဟုတ် မှောင်နေရင် အိပ်စက်ခြင်းကို အားပေးပါတယ်။
မိမိရဲ့ အိပ်ခန်းမှာ ဒီလိုအခြေအနေလေးတွေရှိ အောင် ဆောင်ရွက်ထားဖို့ လိုပါတယ်။
နောက်တစ်ခုကတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ဖို့မှာ Lifestyle ကလည်း ပါလာပါတယ်။ Lifestyleထဲမှာ ပြောမယ်ဆိုရင်-
◾အစားအသောက်အနေနဲ့ ညစာကို စောစောစားပေးရပါမယ်။ ဗိုက်ပြည့်အောင် မစားရဘူး။ ညလယ်စာ စားတဲ့အကျင့်ကို ဖျောက်ရပါမယ်။
◾အ
Unlock to read this premium article with 10 points.