SarPhat Author
? မနက်အိပ်ယာနိုးတာနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့အရာတွေလုပ်ဖြစ်ကြရဲ့လား?
? နေ့တစ်နေ့ရဲ့မနက်ကိုစတင်ဖို့အတွက် အိပ်ယာနိုးခါစအချိန်ဟာ တစ်ကယ့်ကိုအရေးပါတာဖြစ်ပါတယ်။ တစ်နေ့တာကို တက်တက်ကြွကြွ ဖြတ်သန်းနိုင်ဖို့အတွက် အခုရေးပြသွားမယ့် အချက်လေးတွေကိုလိုက်လုပ်မယ်ဆိုရင် ကျန်းမာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်စေနိုင်မှာဖြစ်ပါတယ်။
1️⃣ နံပါတ်(1)
အိပ်ယာနိုးနိုးချင်းရေသောက်ပါ။
အိပ်ယာထခါစအချိန်မှာရေတစ်ခွက်ကိုသောက်ပေးတာဟာ ကျန်းမာရေးကိုကောင်းမွန်စေတဲ့အပြင် ဝမ်းကိုလည်းမှန်စေပါတယ်။ ဒါကြောင့် အိပ်ယာနိုးတာနဲ့နေ့တိုင်းရေတစ်ဖန်ခွက်ကို သောက်သင့်ပါတယ်။
2️⃣ နံပါတ်(2)
တရားထိုင်ပါ။
မနက်စောစောမှာ တရားထိုင်ပြီး အာနာပါဏရှု့ပြီး ဝင်လေထွက်လေကို အာရုံစိုက်လိုက်မယ်ဆိုရင် စိတ်ကလေးကကြည်လင်ပြီး တစ်နေ့တာကို ကောင်းမွန်စွာ ဖြတ်သန်းနိုင်သွားမှာဖြစ်ပါတယ်။
3️⃣ နံပါတ်(3)
လေ့ကျင့်ခန်းလုပ်ပါ။
မနက်စောစော လေ့ကျင့်ခန်းလုပ်ပြီးချွေးထွက်သွားရင် လူကပေါ့ပါးသလိုဖြစ်သွားတာကြောင့် တစ်နေ့တာကို လန်းဆန်းတက်ကြွနေမှာဖြစ်ပါတယ်။
လေ့ကျင့်ခန်းလို့ဆိုတဲ့နေရာမှာ အပြင်းစား လေ့ကျင့်ခန်းမျိုးမဟုတ်ပဲ လမ်းလျှောက်တာ၊ မနှေးမမြန်လေးပြေးတာနဲ့ Yoga လုပ်တာမျိုးကိုပြောတာဖြစ်ပါတယ်။
4️⃣ နံပါတ်(4)
မနက်စာစားပါ။
အခုခေတ်မှာလူငယ်တော်တော်များများက အိပ်ယာထနောက်ကျတာရော ပျင်းတာရောကြောင့် မနက်စာကိုမစားပဲ Skip လိုက်ကြတာများပါတယ်။ အမှန်တော့မနက်စာဆိုတာစားကိုစားသင့်ပါတယ်။ မနက်စာစားမှ ဦးနှောက်ပိုမိုအလုပ်လုပ်နိုင်တာဖြစ်ပါတယ်။ မနက်စာကိုလည်းတအားဝပြဲနေအောင်စားစရာမလိုပဲ ပေါင်မုန့်၊ အသီးတစ်မျိုးမျိုး စတာတွေကိုစားတာနဲ့တင် လုံလောက်ပါတယ်နော်။
Content Writing,Copywriting နဲ့တစ်ခြား Knowledge Sharing Content မျိုးလေးတွေအပ်ချင်တယ်ဆိုရင်တော့ viber number 09795490936 ကိုဆက်သွယ်နိုင်ပါတယ်နော်။
Keep Reading