Author's Profile Photo

SarPhat Author

1/11/2024

မေတ္တာစူးရင်သိပ်ကြောက်ဖို့ကောင်းတယ် ဒါကြောင့်မေတ္တာမစူးစေနဲ့...

1 min read
Life Style


တစ်ဖက်သားရဲ့ စေတနာ၊မေတ္တာတွေကို တန်ဖိုးမထားရင်တောင်မစော်ကားမိပါ‌ေစနဲ့ အသိအမှတ်မပြုရင်တောင် မပစ်မှားပါနဲ့‌ေပးတဲ့သူကမေတ္တာစစ်မေတ္တာမှန်‌ေနရင် ဘဝအဆက်ဆက်ဝဋ်ကြွေးခံရတတ်တယ်...
သူကဘာမှ မသိပါဘူးဆိုပြီး တစ်ဘဝကောင်းစားရေးကို မမျှော်ကိုးနဲ့ သံသရာအတွက် အကြွေးတစ်ခုတင်သွားပြီလို့သာမှတ်ပါ...
အကြွေးပဲ... ယူပြီးပြန်မပေးလဲရတယ်ဆိုပြီး မသိသလိုမနေပါနဲ့ လောကမှာ ကြောက်စရာအကောင်းဆုံးကအကြွေးပါ ဘယ်လိုအကြွေးမျိုးမဆို တစ်ဖက်လူဆီကယူပြီးရင် မသိသလိုနေလို့ရပေမဲ့ နောက်ဘဝအထိဝဋ်ကြွေးတွေပါသွားတတ်ပါတယ်...
မေတ္တာလည်း ထိုနည်း၎င်းပါပဲ...
မေတ္တာနဲ့မထိုက်တန်တဲ့သူဆိုတာ လောကမှာမရှိဘူး မေတ္တာကိုတန်ဖိုးမထားတတ်တဲ့သူပဲ ရှိတယ် အဲ့ဒီအထဲ သင်မပါပါစေနဲ့ မေတ္တာစူးရင် နှုတ်ရခက်ပါတယ် ...
တစ်ဖက်သားရဲ့မေတ္တာ၊စေတနာတွေကို အသိအမှတ်မပြုတဲ့အပြင် နာကျင်အောင်၊ ဝမ်းနည်းအောင်၊စိတ်ထိခိုက်အောင်၊နောက်ဆုံးရုပ်ပိုင်းဆိုင်ရာအထိပါစော်ကားမိရင် သူနဲ့တန်တဲ့အကျိုးကို တန်ပြန်ခံရတတ်တယ်ဆိုတာမမေ့ပါနဲ့...
သင်ပြုသမျှအရာရာဟာ ဘယ်သူမှမသိဘူးဆိုရင်တောင် သင့်စိတ်ကို သင်...ညာလို့ မရပါဘူးဒါကြောင့် မေတ္တာပေးတဲ့သူကို မေတ္တာနဲ့မတုန့်ပြန်ချင်ရင်တောင် အသိအမှတ်ပြုပေးပါ
မေတ္တာစူးရင် ဘဝတစ်လျှောက်လုံး ဘာလုပ်လုပ် သင်ပြုခဲ့တဲ့တစ်ဖက်လူအပေါ်အပြုအမူအတိုင်း ဝဋ်ကြွေးတွေပြန်ရတတ်ပါတယ်...

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ဓာတ်ကျနေတဲ့အခါစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း