Author's Profile Photo

ခေတ်ဦးစင်ရော်( အံ့နှောင်း )

31/10/2024

သင် အ ခု အ ထီး ကျန် နေ လား..။

1 min read
Life Style
Health
Education
သင် အ ခု အ ထီး ကျန် နေ လား..။'s photo

? - သင့်၏ အထီးကျန်ခြင်း..


           [ ဆောင်းပါး တစ်ရပ်]


"အထီးကျန်ခြင်း ဆိုသည့် စကားလုံး အား သင်ကြားဖူးပါသလား ။ ၎င်း စကားလုံး၏ အဓိပ္ပါယ်အား လည်း သင်သိပါသလား ။ ကျွန်ုပ်ရှာဖွေ လေ့လာမိသလောက် တင်ပြခွင့် ပြုပါ "


  အထီးကျန်ခြင်း ၊ အထီးကျန်ခြင်း

စကားလုံးလေးက တစ်မျိုးလေးပါပဲ.. ။ ဒါပေမဲ့ အထီးကျန်ခြင်းဆိုတာ ဘာပါလဲ.. ။ ယေဘုယျပြောရရင်တော့ ကျွန်တော်တို့ အားလုံး တစ်ချိန်ကြ ကြုံ လာ ရ မယ့် အ ရာ လို့ပဲ ပြောချင်ပါတယ်..။ လူငယ်အရွယ်မို့ မကြုံဖူးဘူး ဆိုရင်တောင် ၊ တစ်ချိန်ချိန် သို့မဟုတ် အသက်အရွယ်ကြီးရင့် လာတဲ့အချိန်မှာ ကြုံလာနိုင်တဲ့ ပြဿနာကြီး ဖြစ်ပါတယ်..။ လူငယ်တွေရော ၊ အထီးမကျန်နိုင်ဘူးလား ❓

လို့ မေးရင်တော့..။  ​ဖြစ်နိုင်တာပေါ့..။ အသေအချာကိုဖြစ်နိုင်တာ ပါ..။ ဒီတော့ တစ်နေ့ကြုံကိုကြုံလာရမယ့် ပြဿနာကြီးကို ကျွန်တော်နဲ့ အတူကြိုတင်အကဲ ခတ်ကြည့်ကြတာ ပါစို့ လား ခင်ဗျာ..။


? - အမှန်တော့ အထီးကျန်ခြင်း ဆိုတာ ဘယ်သူမဆို ၊ ဘယ်အချိန်မဆို ဖြစ်တတ်တဲ့ ကိစ္စလေးတစ်ခုပါပဲ..။ အထီးကျန်ခြင်းဆိုတာ တခြား မဟုတ်ပါဘူး..  ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ ဇီဝ ဖြစ်စဥ်တစ်ခုပါ..။ 


~ သင်အထီးကျန်တယ်လို့ ခံစားရရင် သင်တကယ်အထီးကျန်နေတာ ​ဖြစ်ပါတယ်..။



အထီးကျန်ခြင်း ဆိုတာ..


1. လူတွေနဲ့ ဘယ်လိုစကားပြောရမလဲ မသိတဲ့သူတွေ..။


2. ပတ်ဝန်းကျင် နဲ့လိုက်လျောညီထွေ မဖြစ်တဲ့ သူတွေ


မှာ ပိုပြီး အဖြစ်များပါတယ်..။


သင်အထီးကျန်လာပြီဆိုရင်..။ သင့်ရဲ့ ခန္ဓာကိုယ်က သင့်မှာ လူမှုရေးလိုအပ်ချက်တွေရှိနေပြီ ဆိုတာကို စတင် အသိပေးလာတာဖြစ်ပါတယ်..။အထီးကျန်ခြင်းက အစပိုင်းမှာ လူအများနဲ့ ဝေးကွာစေတဲ့ မင်းရဲ့ အပြုအမှုတွေကို ရပ်တန့်ဖို့ အရင် သတိပေးပါတယ်..။


••• သင့် ဘဝ မှာ အထီးကျန်ခြင်း က ပို ဆိုး လာ ပြီ လို့ ထင် တဲ့ အခါ ပထမဆုံး လုပ်နိုင်တာ က ဆိုးရွားတဲ့ သံသရာ မှာ သင်ပိတ်မိနေတယ် ဆိုတာကို သတိထားမိဖို့ဖြစ်ပါတယ် •••


       အထီးကျန်ခြင်း က သင့်ကိုပိုမို

အေးစက်စေပြီးတော့လူမှုဆက်ဆံရေးမှာ အဆင်မပြေ ဖြစ်စေ ပါ လိမ့်မယ်..။အထီးကျန်ခြင်းဟာ / ကျန်းမာရေမညီညွတ်မှုကို ဖြစ်စေတဲ့ အထဲမှာ အဆိုးရွားဆုံး \ ဖြစ်ပါတယ်..။ တစ်ချို့ သုတေသန စစ်တမ်းတွေမှာ ဆိုရင်

   " အထီးကျန်ခြင်း ဟာ

             တစ်နေ့ကို

ဆေးလိပ်တစ်ဘူးသောက်ခြင်းနဲ့

     ညီမျှပါတယ်..??။"


အထီး ကျန် ခြင်းက တခြားသူတွေ​ မိမိ အပေါ်မှာထားတဲ့ သဘောထားတွေကို အကောင်းမမြင်တော့ပဲ သံသယ တွေနဲ့ ရှင်သန်လာစေ ပါလိမ့်မယ်..။


? - ဒါဆို အထီးကျန်ခြင်းကို ဘယ်လို ရပ်တန့်ကြမလဲ ⁉️


° အထီးကျန်ခြင်းကို လျော့နည်းစေဖို့ အလွယ်ကူဆုံး နည်းလမ်းက သူငယ်ချင်း တွေကို အချိန်ပေး ခြင်း ပဲ ဖြစ်ပါတယ်..။အထီးကျန်လာပြီ ဆိုတာ သတိထားလာ မိတဲ့ အချိန်မှာ အရင်ဆုံး လုပ်ဖို့က အထီးကျန်မှုကို လက်ခံ ကြိုဆိုဖို့ပါ..။ သင်ခံစားရတာတွေကို သင်ကိုယ်တိုင် လက်ခံနိုင်ပြီး.. သင်ကိုယ်တိုင်ပဲ ဖယ်ရှား ပစ်ဖို့ ကြိုးစားပါ..။ ကျွန်တော်တို့ရဲ့ ဇီဝဗေဒဖြစ်စဥ်အရ " ကျွန်တော်တို့ဟာ တစ်ဦးကို တစ်ဦး လိုအပ်နေဆဲပဲ ဖြစ်ပါတယ်.."


? - အထီးကျန်ခြင်း ဆိုတာ လုံးဝ ပျောက်ပျက်သွား အောင် လျစ်လျူ မရှုနိုင်သလို ၊ ဖျောက်ဖျက်ပစ်လို့မရတဲ့ လူတစ်ယောက်ရဲ့ အတွေ့အကြုံ ပါပဲ..။


နောက်ဆုံး နိဂုံး ချုပ်ရရင်..


" အထီးကျန်ခြင်းဆိုတာ


အားနည်းခြင်းရဲ့ လက္ခဏာမဟုတ်ပါဘူး..။


သတ္တိရှိ ခြင်း သာ ဖြစ်ပါတယ်.။ "


[ အဆုံးထိဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ် ယောက် ခြင်း ဆီ တိုင်းကို ကျေးဇူးအထူး တင်ရှိပါတယ်.။]

Date - October 31

Author - ခေတ်ဦးစင်ရော်

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)