Author's Profile Photo

မောင်နိုင်အေး

29/10/2024

နားလည်မှုဆိုတာ....

1 min read
Life Style
General Knowledge
Parenting & Family
နားလည်မှုဆိုတာ....'s photo

နားလည်မှု ဆိုတာ ”...

တော်ရုံနှလုံးသားနဲ့ မပေးနိုင်ဘူး နားလည်မှုဆိုတာ တကယ်ကြီးမြတ်တဲ့သူတွေဘဲပေးနိုင်တာ တစ်ခါတလေ ကိုယ့်ဘက်.....ကမမှားလဲ တောင်းပန်ပေးလိုက်တာတွေ ကိုယ့်ဘက်က .....မလွန်လဲ စခေါ်ပေးခဲ့ရတာတွေ တုန့်ပြန်ချင်ပါလျှက် မျိုသိပ်လိုက်ရတဲ့ ဝေဒနာတွေ ကိုယ့်စိတ်နဲ့ကိုယ် ပြတ်သားလိုက်ချင်ပေမယ့် ကိုယ့်အတ္တထက် တဖတ်သူဘက်ကို.... ဖြည့်တွေးပြီး လိုတာထက် စိတ်ကို ပိုရှည်ပေးထားရတဲ့ ကိုယ်မှ အလျှော့.....မပေးရင် ပြတ်တောက်သွားတော့မယ် ဆက်ဆံရေးတွေ ဒါကြောင့် နားလည်မှု....ဆိုတာ တော်ရုံလူ မပေးနိုင်ဘူးလို့ ပြောတာ ဒါပေမယ့်
ကိုယ့်ပေါ်နားလည်မှု ပေးနိုင်တဲ့သူဆို လူတွေက သိပ်တန်ဖိုး မထားတတ်ကြဘူး အနိုင်ကျင့်ချင်ကြတယ် အထက်စီးက ဆက်ဆံချင်ကြတယ် ငါ့သဘော ငါ့ဆန္ဒ နေရာတကာ ငါအမှန်ပဲလုပ်ချင်ကြတယ် ဒါ က
အတိုင်းအတာတစ်ခုထိဘဲ.....ကောင်းတယ် အတိုင်းအတာတစ်ခုကို ကျော်သွားတဲ့အခါ ကိုယ့်ပေါ် တကယ်နားလည်ပေးနိုင်တဲ့သူတွေ
အလျှော့ပေးဆက်ဆံတဲ့သူတွေ အနားက ထွက်သွားတဲ့အခါ ဆုံးရှူံးသြားတဲ့အခါ ....ကိုယ့်နားမှာ အထီးကျန်မှုနဲ့ အပေါ်ယံလူတွေဘဲ ကျန်ခဲ့လိမ့်မယ် အဆင်ပြေနေချိန် အနားမှာ....အဖော်ရှိနေချိန် တွဲထားတဲ့ လက်တွေ.....မြဲနေချိန် ခဏမှာတော့ ဘယ်သူမှ ဂရုစိုက်စရာမလိုဘူး အရေးလုပ်စရာမလိုဘူးဆိုတဲ့ ပုံစံမျိုးနဲ့ပေါ့ ဒါပေမယ့် ဘဝမှာ ဘယ်အရာမှာ အကြာကြီး အမြဲတမ်း ရှိမနေနိုင်ဘူး ပြောင်းလဲခြင်းတရားတွေဆိုတာ ကြုံ လာ ရ ဦး မှာ ဘဲ အဲ့အခါကျမှ အတောင်ကျိုးတဲ့ ငှက်လိုမျိုး ဘ...ယ်ကောင်းကင် ပျံရမှန်းမသိဖြစ်မယ် ကိုယ်ဘယ်လိုစိတ်မျိုးထားလဲ ကိုယ် ဘယ်လို .....တုန့်ပြန်မှုတွေ ပြုတတ်သလဲ လူတွေက လုပ်ရက်လေခြင်းလို့ အပြစ်မတင်နဲ့လေ ပြန်စဉ်းစားကြည့်ပေါ့
ဘဝမှာ ဒါအရေးကြီးတယ် ကိုယ့်အလှည့်ကျမှ
ကိုယ့်အလှည့်တုန်းကရော
ငါ လူတွေပေါ် ဘယ်လိုလုပ်ခဲ့လဲလို့
ဝဋ်တွေက တကယ်လည်တတ်ပါတယ်
တစ်ခါတလေ ဘဝတောင် မကူးလိုက်ဘူး နားလည်ပေး.....တတ်စေချင်တယ် ဒါထက် ကိုယ့်ပေါ်နားလည်ပေးတဲ့သူကို ပို တန် ဖိုး ထား ပါ လူတိုင်းကို နားလည်မပေးနိုင်ရင်တောင် ကိုယ့်အပေါ်ကိုတကယ် စိတ်ရင်းအမှန်နဲ့ ပေါင်းတဲ့သူမျိုးကိုတော့ ပြန်တန်ဖိုးထား နားလည်ပေးစေချင်တယ် တကယ်တော့ နား လည် မှု ဆို တာ ....နားလည်ခံရတဲ့သူက ပျော် ဖို့ ကောင်း သ လောက် နားလည်ပေးလိုက်ရတဲ့သူက ...တစ်ခါတ....လေမှာ နာကျင်နေရတတ်တယ် .. ဒါကြောင့် အနာကျင်ခံပြီး နားလည်ပေးတဲ့သူကို ပိုတန်ဖိုးထားပါ ဘယ်အရာကိုပဲဖြစ်ဖြစ် မရှိတော့မှ တန်ဖိုးနားလည်လာမယ့်အစား ရှိနေချိန်မှာ တန်ဖိုးထားပါ တစ်ချို့အရာတွေက မင်းဘဝထဲကို အကြိမ်ကြိမ် ပြန်လာမှာ မဟုတ်ဘူး .....နားလည်မှုဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကို အမြဲ နားလည်ပေးနေရတဲ့သူတွေပဲ သိတယ် အမြဲအနိုင်ယူနေတဲ့သူတွေ မသိဘူး ...

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၅-၈) စာစောင်သုံးဆယ့်လေး-နေ့စဉ်နဲ့အမျှကြိုးစားခြင်းစာစောင်သုံးဆယ့်ခုနစ်-အဆိုးထဲကအကောင်းစာစောင်လေးဆယ့်ကိုး - ဘဝရဲ့အစိုးမရမှု မပြိုင်ပါနဲ့ဖန်တီးပါစာစောင်သုံးဆယ့်တစ်-အမှားတွေကနေရနိုင်တဲ့ တန်ဖိုး