Tain Hlwar Nge
ကိုယ်ခန္ဓာဖျားနာခြင်းက ကျမအား ပိုသန်မာစေခဲ့တယ်။
ပြောရရင်တာ့ မယုံချင်စရာကြီးနော်။
နေမကောင်းပြီးနောက် ပိုသန်မာလာတယ်တဲ့။
ဟုတ်နိုင်ပါရိုးလား လို့ ဒွိဟဖြစ်နိုင်ပေမဲ့
ကျမအတွက်တော့ တကယ်ရယ်။
ကိုယ်နေမကောင်းလည်း ကိုယ်ထူကိုယ်ထရတဲ့ ဘဝမှာ
ငါထမှ ရမယ်ဆိုတဲ့စိတ်မျိုးနဲ့ ထကြည့်ခဲ့တယ်။
ကိုယ်မှမထရင် ကိုယ်ဆက်လဲဖို့ပဲ ရှိတော့မယ်လေ။
အဲ့တော့ အားကုန်သုံးပြီး ထရတာပေါ့။
နေမကောင်းလို့ ပြုစုမယ့်သူ မရှိတဲ့အခါ
ခေါက်ဆွဲတစ်ထုပ်ကို ကိုယ်တိုင်ပြုတ်ဖို့အားယူရင်း
ဒါမျှမက လုပ်နိုင်သေးတဲ့ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို တွေ့လာတယ်။
ဒါမျှမက သန်မာနိုင်သေးတဲ့ ကိုယ့်ရဲ့ အခြေအနေကို သိလာတယ်။
ပြုစုမယ့်သူမရှိတဲ့ အိမ်ဝေးသမားတစ်ယောက်ဟာ
ဘယ်သူ့ကို ဘယ်လိုဝေဒနာတွေခံစားနေရပါတယ်လို့ ရင်ဖွင့်ပါ့မလဲ။
အိမ်ကိုလား၊ဟင့်အင် ။
ဖုန်းဆက်တိုင်း သမီးနေကောင်းပါတယ်၊အဆင်ပြေပါတယ်ဆိုတဲ့
မုသားတွေနဲ့ ငရဲပြည်က စာရင်းစာရွက်မှာ ကျမနာမည်တွေများနေပါပြီ။
အဆင်မပြေဘူး ငြီးမိတဲ့အခါ
ဘာမှ လာလုပ်မပေးနိုင်တဲ့ သူတို့ကိုသာ
အပူတွေပေးမိသလို ဖြစ်သွားမှာ ဟုတ်လား။
ကျမတကယ်ကြောက်ပါတယ်။
အင်း...အိမ်နဲ့ဝေးတဲ့အခါ လူတွေဟာ
တစ်မျိုးမဟုတ်တစ်မျိုးနဲ့တော့
သန်မာလာကြတာ၊ရင့်ကျက်လာကြတာပါပဲတဲ့။
ဖျားနာပြီးတဲ့နောက် သန်မာလာတယ်ဆိုတာထက်
အိမ်ဝေးတစ်ယောက် တစ်ခါနေမကောင်းဖြစ်တိုင်း
တစ်ကြိမ်ပိုသန်မာလာတယ်လို့ပြောရင် ပိုမှန်မယ်ထင်တယ်။
ခရမ်းရောင်
Keep Reading