MoeKyaw
ယောက်ျားတို့အကြောင်း..
_____________________
အမျိုးသမီးတွေ ဘယ်လောက်ပဲ နူးညံပါတယ်
ပြောပြော...
ကမ္ဘာကျော် ပန်းချီကားတွေကို ရေးစွဲခဲ့သူ
အများစုဟာ...အမျိုးသားတွေပါပဲ။
အမျိုးသမီးတွေ ဘယ်လောက်ပဲ သိမ်မွှေ့ပါတယ်
ပြောပြော
အလှဆုံးပန်းကလေးတွေကို တယုတယနဲ့ ပြုစု
ပြိုးထောင်ကြတဲ့ ဥယျာဉ်မူးတွေဟာ
အမျိုးသားတွေပါပဲ။
အမျိုးသမီးတွေ ဘယ်လောက်ပဲ ချစ်တက်ပါတယ်
ပြောပြော
ခံစားသက်ဝင်လို့ကောင်းတဲ့ ချိုမြိန်တဲ့ အချစ်
ကဗျာတွေကို
ရေးဖွဲ့ခဲ့သူ အများစုဟာ အမျိုးသားတွေပါပဲ။
နောက်ဆုံးကုန်ကုန်ပြောရရင်, အလှဖန်တီးရှင်
ဆိုသူတွေဟာတောင် အမျိုးသားတွေပါပဲ။
ကမ္ဘာပေါ်မှာ
အမျိုးသမီး ပန်းချီဆရာမတွေထက် အမျိူးသား
ပန်းချီဆရာတွေက ပိုများတယ်။
အမျိုးသမီး ဥယျာဉ်မှုးတွေထက် အမျိုးသား
ဥယျာဉ်မှူးတွေက ပိုများတယ်။
အမျိူးသမီး ကဗျာဆရာမတွေထက် အမျိုးသား
ကဗျာဆရာတွေက ပိုများတယ်။
ဒီတော့ နူးညံမှူ။ သိမ်မွေ့မူ့။ ချစ်တက်မူ့တွေမှာ
အမျိုးသားတွေကို အမျိုးသမီးတွေ မှီလိမ့်မယ်
မထင်ဘူး။
သာမာန်အမျိုးသားတွေက body structure အရ
သန်မာတယ်။
ဒီတော့ ခတ်ထန်ကြမ်းတမ်းလိမ့်မယ်။ နူးညံ့ခြင်း။
သိမ့်မွေ့ခြင်းတွေ နည်းပါးလိမ့်မယ်လို့ ထင်တက်
ကြတယ်။ တကယ်တော့ အမျိုးသားတွေဟာ
သိပ်ကိုနူးညံ့ကြပါတယ်။ သူ ချစ်ရတဲ့ အမျိုးသမီး
တစ်ယောက်အပေါ်မှာဆို သာလို့တောင်
နူးညံ့ပါလိမ့်မယ်။
ဘယ်မိန်းကလေးကမှ သူချစ်သူ ကောင်လေး
အတွက် နှင်းဆီတစ်ပွင့် ( စ)
မပေးဖူးဘူး။ '( ရှိရင်တောင် ရှားလိမ့်မယ်။)
ကမ္ဘာဦးကတည်းက ချစ်တဲ့အကြောင်းကို
အမျိုးသားတွေဖက်ကပဲ နူးနူးညွတ်ညွတ် စတင်
ဖွင့်ပြောရတယ်။
အမျိုးသားတွေမှာ တောင့်တင်းသန်မာတဲ့
ခန္ဒာကိုတစ်ခုနဲ့။ နူးညံ့သိမ့်မွေ့တဲ့ နှလုံးသား
တစ်စုံရှိကြတယ်။
အမျိုးသားတွေက စိတ်ထိခိုက်လို့ အရမ်းခံစားရပြီး
နှလုံးသားတွေ နာကျင်နေရလည်း
ယောက်ျားဆိုတဲ့ ပညတ်ကြောင့်
မျက်ရေကျချင်တိုင်း ကျခွင့် မရှိဘူး။
အမျိုးသမီးတွေမှ အိနြေ္ဒသိက္ခာကို ထိန်းသိမ်း
ရတာမဟုတ်ဘူး။
ယောက်ျားတွေက သာလို့တောင် ထိန်းရသေး။
အဓိက ကတော့ ( နှလုံးသားကိုပေါ့။)
အိနြေ္ဒသိက္ခာတွေကို ထိန်းရတာထက် နှလုံးသား
ကို ထိန်းရတာက ပို၍ ခတ်ပါတယ်။
ပုဂံရာဝင်ထဲက ကျန်စစ်သားမင်းကိုပဲကြည့်။
နှလုံးသားထဲ ခံစားချက်တွေကို သူရဲကောင်း
ဆိုတဲ့ ဂုဏ်သိက္ခာနဲ့ အလဲအထပ် လုပ်ရတာ။
အမျိုးသားတွေမှာလဲ ချုပ်ထိန်းရတာ။
ထိန်းသိမ်းရတာတွေ များသား။
ခွန်းအားရှိပေမဲ့လည်း နေရာတိုင်းကို ခွန်အား
နဲ့ အနိုင်ယူလို့မရ။ "ကျွန်မမှာ မိန်းမသား"လို့
အမျိုးသမီးတွေက သူတို့ ရှေ့တိုးလို့မရတဲ့
(မသင့်ဘူးလို့ သက်မှတ်ထားတဲ့) အရာတွေကို
Cover ယူပြီး ပြောခွင့်ရှိတယ်။
အမျိုးသားတွေကတော့ "ကျွန်တော့်မှာ
ယောက်ျားသား" လို့တောင် ပြောခွင့်မရှိဘူး။
ယောက်ျားပဲ” ဆိုတဲ့ စိတ်နဲ့ အရာရာကို
ရင်ဆိုင်ဖြေရှင်းရတယ်။ ပေးဆပ်လိုက်ရတဲ့ အရာတွေအတွက် "အဖိုးခက" ဒါမှ "ယောက်ျား„ကွ ဆိုတဲ့ မြှောက်သလိုလို စကားတစ်ခွန်းပဲ။
အခုခေါတ်မှာ အမျိုးသားနဲ့ အမျိုးသမီး ဘယ်လောက်ပဲ တန်းတူအခွင့်ရေး ရနေပြီ
ပြောပြော ဘယ်မိန်းကလေးကမှ " ကျမ ရှင့်ကို
ချစ်တယ်" လို့အရင် စ”မပြောကြသေးဘူး။
( နိုင်ငံတကာမှာရှိရင်တောင် မြန်မာမှာတော့
ရှားတယ်။) မြန့်မာယဉ်ကျေးမှူ့ ။ကျင့်ဝတ်တွေ။
သိက္ခာတွေနဲ့ ဘယ်တော့မှဖြစ်လာမှာမဟုတ်ပါဘူး။
ဘယ်သူ့ဖက်ကပဲ စပြောပြော အဓိက ကတော့
ချစ်နေဖို့ပဲလေ။ ဒါပေမဲ့ ပိုချစ်တဲ့သူတွေက
မအောင့်နိုင်ကြဘူး မဟုတ်လား။ ”အချစ်
နဲ့ ချောင်းဆိုးခြင်း„ ကဖုံးကွယ်လို့မရ”တဲ့။
အချစ်ဆိုတာ အမျိုးသားတွေ စ” ဖွင့်မပြောရင်
ဝင်လို့ မရတဲ့ တံခါးပေါက်တစ်ခုပဲ။
အမျိုးသမီးတွေဟာ ဥယျာဉ်မှူး ပျိုးထားတဲ့
ပန်း”တွေကိုအလွယ်တကူ လိုချင်တဲ့ ကလေး”
တွေနဲ့ တူတယ်။
အမျိုးသမီးတွေ ပန်းချီဆရာတစ်ယောက်ရဲ့
ပုံဆွဲဖို့ ထိုင်ပေးရတဲ့ မော်ဒယ်တစ်ယောက်နဲ့
တူတယ်။
အချစ်”မှာ အမျိုးသားတွေက စ”ပျိုးထောင်ရတယ်။
ရှင်သန်လာတော့မှ အမျိုးသမီးတွေက ယုယကြရတယ်။
ကျွန်တော် စဉ်းစားကြည့်မိတယ် ဒီကမ္ဘာမှာ
အမျိုးသားတွေသာ မရှိရင် အလှတရားဆိုတာ
ရှိ့ပါမလားလို့”ပေါ့။
စာလေးတစ်ကြောင်း ဖတ်ဖူးတယ်။ ဒီ”
ကမ္ဘာမှာ အမျိုးသားတွေသာ မရှိရင်
အမျိုးသမီးတွေ အလှပြင်ပါအုံးမလား”တဲ့
ဟုတ်တယ်နော် ” စဉ်းစားစရာပဲ။
အမျိုးသားတွေက ပန်းတွေကို ချစ်တတ်တယ်။
ပန်းတွေကို ပျိုးတယ်။ ဒါပေမဲ့ ပန်ခွင့်မရှိဘူး။
ပန်းပန်ရင် အခြောက်လို့ သမုတ်ခံရတယ်။
အမျိုးသားတွေက ပန်းကိုသာ ပျိုးခွင့်ရှိတာ
ပန်ခွင့် မရှိဘူး။ အမျိုးသားတွေဟာ အလှတရား
တွေကို ဖန်တီးကြတယ်။ အလှတရားတိုင်းကို
သူတို့ ပိုင်ဆိုင်ခွင့်မရှိကြဘူး။
အရမ်းမြတ်နိုးရင် အလှကြည့်ဖို့ သိမ်းထားဖို့
လောက်ပဲ ဖြစ်နိုင်တယ်။ ဆင်မြန်းခွင့် မရှိဘူး။
အမျိုးသားတွေ ဖန်တီးထားတဲ့ အလှတရား”
အမျိုးသားတွေမှာရှိတဲ့ နူးညံသိမ်မွေ့ခြင်းတွေ
ဟာ သူ့အတွက် မဟုတ်ဘူး သူ ချစ်ရတဲ့အတွက်သာ ဖြစ်တယ်။ ကိုယ့်ကိုကိုယ်ထက် ပိုချစ်ရတဲ့
လူတစ်ယောက်ကို တွေ့တဲ့အခါ” အမျိုးသား
တစ်ယောက်ဟာ သူ့မှာ ရှိရှိသမျှ သော
အလှတရား။ နူးညံသိမ်မွေ့ခြင်းတွေကို
ပုံအောပေးတက်လေသည်???
မျှဝေခံစားသည် ______
Keep Reading