Honey cho
ကျောက်ကပ်ပျက်စီးမှု အဆင့် ၅ ဆင့်⏩️
?ကျောက်ကပ်ဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။
☑️ကျန်းမာတဲ့ ကျောက်ကပ်တစ်လုံးဟာ သွေးပေါင်ချိန်ကို ထိန်းညှိပေးတာ၊ ခန္ဓာကိုယ်ရဲ့ ရေဓာတ်ပမာဏနဲ့ ဓာတ်ဆားတွေကို လိုအပ်သလို ထိန်းညှိပေးတာ၊ မလိုလားအပ်တဲ့ အဆိပ်အတောက်တွေကို စွန့်ထုတ်တာနဲ့ သွေးအားနည်းရောဂါဖြစ်မလာအောင် ကာကွယ်ပေးတာ စတဲ့လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပေးပါတယ်။
❌ကျောက်ကပ် ပျက်စီးသွားပြီဆိုရင်တော့ အပေါ်မှာပြောခဲ့တဲ့ လုပ်ငန်းဆောင်တာတွေကို မလုပ်နိုင်တော့ပါဘူး။
?ယနေ့ခေတ်မှာ ဆီးချိုနဲ့ သွေးတိုးရောဂါဖြစ်ပွါးမှုနှုန်း များလာတာနဲ့ အမျှ ကျောက်ကပ်ပျက်စီးမှု (Renal Failure) ဖြစ်တာလည်းများလာပါတယ်။
♨️ကျောက်ကပ်ပျက်စီးမှု မှာ အဓိကအားဖြင့် ရက်အနည်းငယ်အတွင်း ပျက်စီးတဲ့ (Acute Renal Failure) နဲ့ အချိန်ကြာလာမှ တဖြည်းဖြည်းချင်းစီ ပျက်စီးလာတဲ့ နာတာရှည် ပျက်စီးမှု (Chronic Renal Failure) ဆိုပြီး နှစ်မျိုးရှိပါတယ်။
⚠️ဒီထဲမှာမှ နာတာရှည် ကျောက်ကပ်ပျက်စီးတဲ့ (Chronic Renal Failure) ဟာဖြစ်ကာစမှာ သိသိသာသာ လက္ခဏာမပြတဲ့အတွက် ရောဂါရင့်မှ သိတာများသလို အဖြစ်လည်းများပါတယ်။
Chronic Renal Failure ကို နာတာရှည် ကျောက်ကပ်ရောဂါ (Chronic Kidney Disease~CKD) လို့လည်း ခေါ်ပါတယ်။
❇️ကျောက်ကပ်တစ်လုံးရဲ့ စွမ်းဆောင်ရည်ကို စစ်ဆေးတဲ့အခါ သွေးနဲ့ ဆီးထဲမှာရှိတဲ့ Creatinine နဲ့ albumin ပမာဏကို တိုင်းတာပြီး eGFR (estimated Glomerular Filtration Rate) နဲ့ ဆုံးဖြတ်ပါတယ်။ eGFR ရလဒ်ပေါ်မူတည်ပြီး ကျောက်ကပ် ပျက်စီးမှု အဆင့်ကို သတ်မှတ်ပါတယ်။
?eGFR 90 အထက်ကို ပုံမှန် လို့ သတ်မှတ်ပြီး 15 အောက်ကိုတော့ ကျောက်ကပ်လုံးဝပျက်စီးပြီလို့ သတ်မှတ်ပါတယ်။?
5️⃣နာတာရှည် ကျောက်ကပ်ရောဂါ (CKD) မှာ အဆင့် ငါးဆင့် ရှိပါတယ်။
အဆင့် 1 - GFR 90 နှင
Unlock to read this premium article with 10 points.