ယဥ်သီရိလှိုင်(ဆောင်း)
အပိုင်း ၂ပါရှင့်
ကျွန်မလဲ နဲနဲတော့လန့်သွားတယ် ဘာစကားလဲ ဘာတွေပြောနေတာလဲပေါ့ ဒါမယ့်ကိုယ့်စိတ်ကိုယ်ကိုယ်ပြန်ထိန်းပြီး
"ဘာကိုလက်ခံရမှာလဲ ရှင်ဘာတွေပြောနေတာလဲ"
"အကိုမပြောဘဲနေမလို့ပါ ဒါမယ့်ပါးစပ်ကလွှတ်ခနဲထွက်သွားတော့ မပြောလို့မရတော့ဘူး ညီမ အကိုညီမကိုသဘောကျတယ် ဟိုချက်ချင်းကြီးလက်ခံဖို့ပြောတာမဟုတ်ပါဘူး ဖြေးဖြေးချင်းစဥ်းစားပါ"
"မဟုတ်သေးပါဘူး ရှင့်ကိုကျွန်မသိလဲမသိဘူး အဲ့လိုဘဲရှင်လဲကျွန်မကိုသိမှာမဟုတ်ဘူး အဲ့တာကိုဘာတွေစဥ်းစားပေးဖို့ပြောနေတာလဲ"
"ညီမ ညီမကိုအကိုသိတယ်လေ"
"ဘာသိတာလဲပြော ပြော"
"မနေ့ကဘဲစာပို့ခဲ့ကြတာကို ညီမကလဲ"
ကျွန်မမှာငို့ရခက်ရီရခက်ဒီလူကတော့
"ဒီမှာ ရှင်းရှင်းပြောမယ် ကျွန်မရှင့်ကိုစိတ်မဝင်စားဘူး အခုမှစတွေ့တဲ့လူတယောက် ဘယ်သူဘယ်ဝါဘယ်ကလာမှန်းမသိတဲ့သူတယောက်ကိုကျွန်မကကြိုက်စရာလား နည်းနည်းပါးပါးစဥ်းစားပါဦးရှင်"
"ဒါဆိုကိုယ်ပြောပြမယ် ကို့နာမည်က မင်းဆက်မောင် အသက်က၂၈ ရန်ကုန်မြောက်ဥကလာပမြို့နယ်မှာနေတယ် လောလောဆယ်တော့ ကိုရီးယားသံရုံးမှာစကားပြန်လုပ်နေတယ်ကဲဘာသိချင်သေးလဲ"
ဟာဒီလူကတော့ သူ့အကြောင်းဘဲသိချင်နေသလို့လို ကျွန်မစာမပြန်ဘဲနေတော့
"ညီမ တခုခုပြန်ပြောဦးလေ ကိုစောင့်နေတာ"
"ဘာပြောရမှာလဲ ပြောစရာမရှိဘူး"
"အဲ့လိုမလုပ်ပါနဲ့ကွာ ကို့ပြောပြီးပြီလေညီမကိုစောင့်မယ်လို့ ညီမဘာဖြစ်ချင်တာလဲကိုယ့်ကိုပြောပြကိုလုပ်ပေးမယ်"
"ဘာဖြစ်ချင်တာလဲဟုတ်လား ရှင်ကျွန်မအကြောင်းရောဘာသိလဲ ဘာမှမသိဘူးလေ ဒီမှာကျွန်မကိုအပေါစားမိန့်မလွယ်လွယ်ရတဲ့မိန်းမများထင်နေတာလား လူတိုင်းကိုပြန်ကြိုက်ရအောင်ကျွန်မကအဲ့လောက်အပေါစားဆန်မနေဘူးရှင့်"
"ဟာ ညီမရာအဲ့လောက်ထိမတွေးပါနဲ့ ကိုမထင်ပါဘူး ညီမကမိန်းမကောင်းလေးဆိုတာကိုသိပါတယ် ဒါဆိုဒီလိုလုပ်လေ ညီမအကြောင်းလဲပြောပြပေါ့"
"ဘာရယ် မပြောပြနိုင်ပါဘူး"
"ဟုတ်ပါပြီဗျာ"
အဲ့ဒီနေ့ကစပြီးမနက်တိုင်းစာပို့တယ်နေ့လည်ပိုင်းဆိုဘာချက်လဲ စားပြီးလား ကိုလဲစားချင်လိုက်တာညီမလက်ရာလေး အမြဲတမ်းပြောတယ် သူနဲ့ခင်တာ၁လကျော်လောက်ရှိသွားပြီ စကားပြောတာလဲအရင်လောက်သူ့အပေါ်မစိမ်းတော့ဘူး။အဲ့ဒီအချိန်အထိ ကျွန်မအကြောင်းကိုကျွန်မမပြောဘဲ ဝင်စွက်ဖက်လေ့မရှိပါဘူး ဒါမယ့်အဲ့နေ့
"ညီမ ဘာလုပျနတောလဲ"
"မလုပ်ပါဘူး စာအုပ်ဖတ်နေတာလိုင်းပေါ်က"
"ညီမကိုအကိုတခုလောက်ပြောချင်တယ် ရမလား"
"ပြောလေဘာလဲ"
"ညီမလဲဘွဲ့ရပြီးသားဘဲအိမ်မှာဘဲနေမယ့်အစား အလုပ်လုပ်ပါလား ကို့အသိတယောက်ဘဏ်မှာကိုပြောပေးမယ်လေ"
"အကို ညီမအလုပ်ညီမဘာသာရှာပါမယ်အချိန်မတန်သေးလို့မေမေတို့ကလဲစိတ်ချသေးတာမဟုတ်ဘူး အကိုကဘာကိုစိုးရိမ်နေတာလဲ"
"မဟုတ်ပါဘူး ညီမလဲအားနေတော့အလုပ်မရှိတာကမကောင်းဘူးလေ ညီမအရွယ်နဲ့ကအဆင်မပြေဘူးမဟုတ်လားတချို့ငယ်တဲ့သူတွေတောင်အလုပ်ကိုယ်စီနဲ့ဆိုတော့ကိုယ်ကစိတ်ပူလို့ပါ"
"အကိုဆက်မပြောတော့ရင်ကောင်းမယ် ညီမဒေါသမထွက်ချင်ဘူး"
တကယ်တော့သူပြောတာတွေကအမှန်တွေချည်းပါ ကျွန်မကိုယ်တိုင်ကအလုပ်လုပ်ချင်စိတ်မရှိဘဲဟိုယောင်ယောင်သည်ယောင်ယောင်ဖြစ်နေတာ
"အင်းပါ ညီမမကြိုက်ရင်ကိုယ်မပြောတော့ပါဘူးကိုကညီမကောင်းဖို့အတွက်ပြောတာပါ"
"မပြောနဲ့ မကြိုက်ဘူး ကောင်းဖို့အတွက်ရောဘာအတွက်မှမပြောနဲ့ ညီမကိုယ်ပြောတဲ့အကိုကရောအလုပ်မယ်မယ်ရရလက်ဆုပ်လက်ကိုင်ရှိလို့လား"
သွားပြီငါမှားသွားပြီ အခုမှစာပြန်ဖျက်လည်းမမှီတော့ဘူး သူကအလုပ်ပြုတ်ထားတာသံရုံးမှာပြသနာတက်ပြီး အလုပ်ဖြုတ်အောင် customer တယောက်ကပြသနာရှာခဲ့တာ သူကမှန်တော့မတောင်းပန်ဘူး အဲ့တာကြောင့်မတောင်းပန်ရမလားလို့အလုပ်ဖြုတ်လိုက်တာ
"ဟုတ်ပါတယ် ညီမပြောတာမှန်ပါတယ်ကို့မှာဘာအလုပ်မှမရှိပါဘူး ကို့မှာတောင်အလုပ်မရှိဘဲ ညီမကိုပြောမိတာ တောင်းပန်ပါတယ်နော်ညီမ"
သူလိုင်းဆင်းသွားတယ်အရင်ကဆိုကျွန်မဆီက စာမပြန်မချင်းစောင့်တာ စောင့်ပြီးမှသူလိုင်းဆင်းတာ ကျွန်မဘယ်လိုလုပ်ရမလည်း သူစိတ်ဆိုးသွားပြီထင်တယ်
--အဲ့ဒီအချိန်တည်းကသူ့အပေါ်ခံစားချက်ရှိနေခဲ့တာ
နောက်နေ့မနက် သူစာပို့မထားဘူး ကျွန်မရင်ထဲမကောင်းဘူး သူ့စာကိုစောင့်နေတာအကြာကြီး စာမလာခဲ့ပါဘူး
နောက်တရက်လဲအဲ့လိုဘဲ သူ့ဖုန်းကိုသိတယ်သူပြောထားလို့ ဒါမယ့်ကျွန်မရဲ့မာနကြောင့်မဆက်ခဲ့ဘူး
နောက်၂ရက်နေတော့ "မောနင်းညီမ သတိရတယ်ညကအိပ်လို့ကောင်းရဲ့လားအိပ်ပုတ်လေး"
ပျော်လိုက်တာမျက်ရည်တောင်ကျတယ်ကျွန်မ သိပ်ခါမဆယ်နိုင်တော့ဘူး ချက်ချင်းဘဲစာပြန်လိုက်တယ်
"မောနင်းအကို ဟိုနေ့ကဘာလို့လိုင်းမတက်တာလဲနေမကောင်းလို့လား"
"မဟုတ်ပါဘူးညီမရဲ့ကိုကောင်းပါတယ်"
"ဒါဆိုဘာလို့လိုင်းမတက်တာလဲ ညီမစောင့်နေသေးတယ်"
"ဟုတ်လား ညီမကိုစိတ်ပူစေမိပြီကွာ ကိုယ်အလုပ်ရှာနေတာပါ အလုပ်မရမချင်းညီမနဲ့အဆက်သွယ်မလုပ်ဖို့လုပ်ထားတာ"
"ဟင် ဘာလို့လဲ"
"ညီမကို ဆုံးမဖို့ကအကို့မှာအလုပ်ရှိမှရမှာလေ အခုရှိပြီမန်နေဂျာကိုသွားတောင်းပန်လိုက်တယ် ကိုမနက်ကျရင်ဟိုcustomer ကိုပြောပြဖို့ဘဲလိုတော့တာပြီးရင်ရပြီလေ အေးဆေးဘဲ"
သူအခုငါ့အတွက် ငါ့ကိုဆုံးမဖို့အတွက် သူမှန်တာကိုသွားတောင်းပန်ခဲ့တာလား သူဒီလောက်တင်းထားပြီးနေခဲ့တာကိုလေ အော် အကိုရယ်....
အမှားပါရင်သည်းခံပြီးဖတ်ပေးကြပါရှင့်
အပိုင်း ၃ နောက်ရက်ကျတင်ပေးပါမယ်နော် ချစ်တဲ့ readersလေးတွေ?
Keep Reading