ညီညီ

လူတစ်ယောက်စီတိုင်းလူယောက်စီတိုင်းမှာ ချစ်တတ်တဲ့ စိတ်ကိုတွေ့ရသည်။
အလိုမျိုးစိတ်လဲ ညီညီစီမှာရှိပါသည်။
လူတွေ ချစ်ပြီးဆို သူတို့ချစ်တဲ့ လူပေါ်
သိပ့်ယုံကြည်ပြီး သိပ့်ပြီးဂရုစိုက်၏။
ညီညီ အခုကအချစ် နဲ့ပတ်သက်တဲ့
ကြောင်းကို ပြောပြပေးသွားပါမယ်။
အခုဒီစာဖတ်တဲ့ မိတ်ဆွေက တစ်ဖက်သတ်
ချစ်နေရတဲ့သူလေး ကိုဘယ်လိုဖွင့်ပြော
ရမလဲဆိုတာကို ပြောပြပေးပါမယ်.....။
မပူပါနဲ့ သင်တစ်ဖက်သတ် ချစ်ရသူက
"သင်" ဖြစ်လို့ကိုပြန်မချစ်တာပါ.....။
စတာပါနော် တယ်ကယ်ထင်မနေပါနဲ့ဗျ
ညီညီရဲ့
အတွေးအမြင်နှင့် life experience
တွေကိုsharingလုပ် ပေးမှာမို့ယခု
စာလေးကို ဖတ်ဖို့အကြံ့ပေးပါသည်။
အချစ်
စာဖတ်မိတ်ဆွေတို့ အချစ်ကိုdefinition
ဖွင့်ရင် ဘယ်လိုဖွင့်ဆို ပါသလဲ…။
မိတ်ဆွေက definition အများကြီး
ဖွင့်မယ် ဆိုတာသေချာပါ၏။
ကျွန်တော်အမြင်တော့ အချစ်ကို definition ဖွင့်ရင်တော့
အချစ်ဆိုတာ " နားလည်မှုရှိခြင်း"လို့ပဲ
ကျွန်တော်မြင်ပါသည်။အခြားဟာတွေလဲရှိပါသေးတယ် ကျွန်တော်အနေနဲ့ ယုံကြည့်ရာကိုပဲပြောပြပေးပါမည်။
တစ်ယောက်နဲ့တစ်ယောက် စီးပွားရေး၊လူမှုရေး၊အချစ်ရေး…..စတဲ့
အရာတွေထဲကဘယ်အရာ
ကိုပဲလုပ်မယ်ဆိုနားလည်မှုရှိဖို့လိုပါ၏။
နားလည်မှုဟာ အချစ်ကိုပြတဲ့ သဘောကိုဆိုလိုပါသည်။
ကျွန်တော် ပန်းလေးတွေကို လှပအောင်စိုက်ပျိုးတဲ့ ဉယျာဉ်မှူးတစ်ယောက်ကြောင်းပြောပြပေးမယ်။
“လှပတဲ့ အနာဂတ်
ငြိမ်းချမ်းတဲ့ ကဗျာ
လက်နက်တွေ
အစားပန်းလေးတွေ ပိုပွင့်ပါစေ။
အိမ်မက်နဲ့ အချစ်က
ထပ်တူမကျရင်
ဉယျာဉ်မှူးဖြစ်တဲ့ ကျွန်တော်က
ပန်းတွေ ပိုပွင့်ပါစေလို
ဘယ်လို စုတောင်းမလဲ….။”
ပန်းစိုက်သူဟာ အချိန်တန်ရင် သူဘေးကထွက်သွားမဲ့ ပန်းလေးတွေကို
ဘာလို့ သားသမီးတစ်ယောက်လို ပြုစုပျိုးထောင်နေတာလဲ စာဖတ်သူတွေက တွေးမှာပေါ့ အဓိကရှင်းပါတယ် ငွေရနေလို့ လိုပြောကျမည်မှာ ဧကန်မုချဖြစ်သည်။
ညီညီအမြင် ပန်းစိုက်သူ ဉယျာဉ်မှူးဟာ
အချိန်ကုန် လူပင်ပန်းတဲ့ အလုပ်ကို ဘာလို့ လုပ်နေတာလဲ
သူအဒီပန်းတွေကို ချစ်လို့ပေါ့
အဖြေကရှင်းပါသည်။
လူတစ်ယောက်ဟာ သူတို့ ချစ်ပြီးဆို အကုန်လုံးကို 'နားလည်မှု '
ရှိတတ်လာကြသည်။
ဉယျာဉ်မှူးက ပန်းကို
ဘယ်လို နားလည်မှုနဲ့စိုက်မလဲ
ပန်းက စကားမှာမပြောနိုင်တာ အလိုပြောရင် သင် ခံစားတတ်တဲ့နှလုံးရှိအောင်အရင်လုပ်သင့်ပါ၏။
ပန်းတွေရဲ့ အရောင်တွေက နားလည်မှု၊ချစ်တရား…နောက်ထပ်
အရာတွေရှိသေးသည်။
ပန်းစိုက်သူဟာ
သူကြိုက်တဲ့ အရောင် တွေစိုက်မယ်၊
ဆေးဖျန်းမယ်၊ပေါင်းပင်တွေရှင်းမယ်
အလိုနဲ့တဖြေးဖြေး အပင်က ကြီးလာပြီး အပွင့်တွေပွင့်လာမယ်
နောက်တော့ ဉယျာဉ်မှူးလိုချင်တဲ့ ပန်းတွေရလာမယ် သူပျော်ရွင်နေလိမ့်မည်။
ပြီးရင် သူပန်းတွေကို အခြားသူတွေကိုရောင်း
မယ် သူဟာပန်းကို ဂရုတစိုက် စိုက်ပျိုးခဲ့တာကြောင့် သူပန်းတွေက အခြားပန်းတွေထက်ပိုပြီး ကောင်းတယ်၊လှပတယ် ဘာကြောင့်အလိုလှပရတာလဲ စိုက်ပျိုးသူသိ စေတနာ၊မေတ္တာ၊နားလည်မှုစတဲ့သုံးခုကိုစိတ်မှာထားပြီးစိုက်ပျိုးခဲ့လိုဖြစ်ပါသည်။
ဒါဆိုရင် စဉ်းစားကြည့်ပါ
စစ်မှန်တဲ့ အချစ်တွေရှိတဲ့လူတစ်ယောက်က သူကိုယ်ကျိုးထက်
အခြားလူပိုတိုးတတ်ဖို့ ရည်ရွယ်ပါသည်။
အလိုပဲ ကိုယ့်တိုင်က
“ဉယျာဉ်မှူးဆို ပန်းတွေက သင့်ဘဝ သင်ဘယ်လိုစိုက်ပျိုးမလဲ စဉ်းစားကြည့်ပါ….။”
အခုစာဖတ်မိတ်ဆွေကကျွန်တော်ကိုထင်မှာပေါ့ စာရေးဆရာ ရေးတာက လွဲနေတယ်ဆိုပြီး စဉ်းစားကြည့်ပါ ကျွန်တော်ရေးထားတဲ့
စာကိုတစ်ခါနားမလည်ရင် နှစ်ခါဖတ်ပါ ဒီစာက သင်အတွက်တစ်ခုခုရသွားမယ်ဆိုတာယုံကြည်ပါသည်။
“အချစ်ဆိုတာက နားလည်မှုရှိမှ
တည်မြဲပါသည်။”
ညီညီ

Keep Reading