Ami(Stellari)
အားလုံးပဲ မင်္ဂလာပါရှင်။ ကျွန်မ Amiပါ။ ကျွန်မ အသိပေးစရာလေးရှိလို့ပါ။
ဒီArticleက ခေါင်းစဥ်အတိုင်း ကျွန်မရဲ့ ကလောင်နာမည်ပြောင်းခြင်းအကြောင်းပါ။ ကျွန်မရဲ့ ပထမဆုံး ကလောင်နာမည်က 'Ami' ပါ။ မြန်မာလိုဆိုရင်တော့ 'အေမီ' လို့ ရေးပါတယ်။ အဲဒီနာမည်နဲ့ပဲ ဆောင်းပါးအချို့နဲ့ စာတိုအချို့ကို ရေးခဲ့ပါတယ်။ Fictionတစ်ပိုဒ်လည်း ရေးနေပါသေးတယ်။
Amiဆိုတဲ့နာမည်ကို ရွေးခဲ့ရခြင်းအကြောင်းကတော့ Aနဲ့ စတဲ့နာမည်ဖြစ်တာရယ်၊ မြန်မာလိုရေးဖို့လွယ်တာရယ်ကြောင့်ပါ။ တကယ်စာလုံးပေါင်းအမှန်ကတော့ Amyပါ။ ဒါပေမဲ့ အခြားသူတွေနဲ့ တူနေမှာစိုးလို့ yကို iပြောင်းပြီး Amiလို့ ထားခဲ့တာပါ။ သို့ပေမဲ့လည်း Amiဆိုတဲ့ နာမည်ကိုမှ ခဏခဏတွေ့ရပါများလာကြောင့် ပြောင်းဖို့ စဥ်းစားလိုက်ရတာပါ။
အခု ကျွန်မရဲ့ ကလောင်နာမည်အသစ်ကတော့ 'Ami(Stellari)'ဖြစ်သွားပါပြီ။ မြန်မာလိုဆိုရင်တော့ 'အေမီ(စတယ်လာရီ)' လို့ရေးပါတယ်။ Amiရဲ့ နောက်မှာ ကွင်းစကွင်းပိတ်နဲ့ ကျွန်မရဲ့ English nameကနေ ဆက်နွှယ်ပြီး ဖြစ်လာတဲ့ 'Stella'ဆိုတဲ့နာမည်ကိုမှ 'ri' ထပ်ထည့်လိုက်ပြီး ဖြစ်လာတဲ့ နာမည်ပါ။
ဒီတော့ ဒီကလောင်နာမည်နဲ့ပဲ ကျွန်မ စာတွေဆက်ရေးမယ်ဆိုတဲ့အကြောင်းကို အသိပေးလိုက်ပါတယ်ရှင်။ အရင်ဆောင်းပါးတွေမှာလည်း နာမည်ပြန်ပြင်ရေးသွားပါမယ်။ ပုံတွေလည်း ပြန်ပြင်သွားပါမယ်။
ဖတ်ရှုပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ နောက်ထပ်ဆောင်းပါးတွေမှာ ထပ်တွေ့ကြပါမယ်။ အစစ၊ အရာရာ ဂရုစိုက်ကြပါနော်?
-အေမီ(စတယ်လာရီ)-
-26 October 2024, 9:09 am-
Keep Reading