မိုးနှောင်းအလင်္ကာ
လူတွေမှာ အကျိုးအကြောင်းဆီလျော်အောင် လုပ်ဆောင်တတ်ဖို့ "ဒါပေမဲ့"ဆိုတဲ့ စကားလုံးတစ်လုံး ဟာ မရှိမဖြစ်လိုပါတယ်။"ဒါပေမဲ့"ဆိုတာဟာ ဘယ်လိုအကျိုးအကြောင်းဆီလျော်တာလည်း ဆိုတာကို သိဖို့လည်းလိုနေတယ်။ "လူတွေဟာပျော်အောင်နေတတ်ကတယ်။"ဒါပေမဲ့"သူတစ်ပါးကိုထိခိုက်စေတဲ့ပျော်ရွှင်မှုမျိုးတော့မဖြစ်ဖို့လိုမယ်။"
"လူတစ်ယောက်မှာ အမြဲဖြူစင်တယ်ဆိုတာမရှိပါဘူး ဒါပေမဲ့ ဖြူစင်အောင်တော့အမြဲ ကြိုးစားပါ။"
ဘယ်လို လူမျိုးဘဲ ဖြစ်ပါစေ ပုထုဇဥ် ဘဲမို့ အမြဲမဖြူစင် နိုင်ပါဘူး။"ဒါပေမဲ့"ဖြူစင်နေအောင်တော့ အမြဲကြိုးစားရမှာပါ။ အမြဲမဖြူစင်နိုင်တဲ့အခါမှာ အမြဲဖြူနိုင်အောင်ကြိုးစားကြည့်ဖို့ အကြံပေးပါရစေ။
"လူတစ်ယောက်ဟာ ဘယ်လောက်တော်တော်အမြဲတန်းမှန်တယ် ဆိုတာ မရှိပါဘူး။ ဒါပေမဲ့ မှန်အောင် တော့ အမြဲကြိုးစားပါ။" လူမှန်ဆိုတာ လောကမှာ ရှားပါတယ်။ အမြဲတန်းမှန်တဲ့လူဆိုတာတော့ မရှိသ လောက်ပါဘဲ။ တော်နေတတ်နေတဲ့ ကမ္ဘာနံပါတ် တစ်စရင်းဝင်တဲ့သူဆိုရင်တောင် အမြဲမမှန်နိုင်ပါဘူး။ ဒါပေမဲ့ မှန်အောင်တော့ အမြဲကြိုးစားနေသူတစ်ယောက်ဖြစ်ပါစေ။
"လူတစ်ယောက်က အခြားသူအပေါ်အမြဲစိတ်ကောင်း ထားနိုင်တယ် ဆိုတာမရှိပါဘူး။ ဒါပေမဲ့ ယုတ်မာတဲ့စိတ်မမွေးမိအောင် အမြဲ သတိထားပါ။" လူဆိုတဲ့ အမျိုးက ကိုယ်ကလွဲလို့ တခြားသူအပေါ် အမြဲစိတ်ကောင်းထားနိုင်တယ်ဆိုတာ မရှိပါဘူး။ ဒါပေမဲ့ ယုတ်မာတဲ့ စိတ်မမွေးမိအောင် အမြဲသတိထားပါစေ။
"လူတစ်ယောက်က ကိုယ့်အပေါ်ကို နိုင်ထက်စီးနင်း ဆက်ဆံသူကို အမြဲ သည်းခံဖို့ဆိုတာ မလွယ်ပါဘူး ဒါပေမဲ့ ကိုယ်ကစပြီး မတရားမလုပ်မိအောင်အမြဲကြိုးစားပါ။" ကိုယ့်အပေါ် အနိုင်ကျင့်ဗိုလ်ကျ သူကို တစ်ခါ နှစ်ခါ သည်းခံတယ်ဆိုပေမဲ့ အမြဲသည်းခံဖို့ ဆိုတာကတော့ မလွယ်ပါဘူး။ ဒါပေမဲ့ ကိုယ်ကစပြီး မတားမလုပ်မိအောင်အမြဲ ကြိုးစားပါ။
"လူ့လောကမှာ မုသားကင်းတဲ့ လူဆိုတာမရှိသလောက် ရှားပါးတယ် ဒါပေမဲ့ အတတ်နိုင်ဆုံး အလိမ်အညာနည်းအောင်တော့အမြဲ ကြိုးစားပါ။"
ဒီလောကကြီးမှာ မုသားကင်းတဲ့ လူဆိုလို့ မရှိသလောက်ပါဘဲ။ လူတိုင်းဟာ နေ့တိုင်းမှာ အနည်းနဲ့ အများတော့ မုသားပါစွာ ပြောဆိုဆက်ဆံ နေကြတာပါဘဲ။ ဒါပေမဲ့အလိမ်အညာ နည်းအောင်တော့ အမြဲကြိုးစားပါ။
"လူ့လောကမှာ ဟန်မဆောင်တတ်သူဆိုတာ မရှိပါဘူး။ ဒါပေမဲ့ ကိုယ့်အတ္တကြောင့်မဟုတ်ဘဲ အခြားသူ စိတ်ချမ်းသာအောင်တော့ အမြဲကြိုးစားပါ။" လူ့လောကမှာ ဟန်မဆောင်တတ်သူဆိုတာ လက်ညှိုး ထိုးစရာတောင် မရှိပါဘူး။ လူတိုင်းဟာ အတ္တတွေကြောင့် လောင်မြိုက်စွာနဲ့ ဟန်ဆောင်နေကြတဲ့ ပကာသန ဆိုတာတွေဟာ တကယ်တော့ အတုအယောင်တွေပါ။ ဒါပေမဲ့ ကိုယ့်အတ္တကြောင့်မဟုတ်ဘဲ တခြားသူ စိတ်ချမ်းသာအောင်တော့ အမြဲကြိုးစားပါ။
"လူတွေဟာပျော်အောင်နေတတ်ကတယ်။"ဒါပေမဲ့" သူတစ်ပါးကိုထိခိုက်စေတဲ့ပျော်ရွှင်မှုမျိုးတော့မဖြစ်ဖို့လိုမယ်။" ပျော်အောင်နေလို့ရတယ်။ ဒါပေမဲ့ သူတစ်ပါးကို ထိခိုက်စေတဲ့ပျော်ရွှင်မှုမျိုးတော့ မဖြစ်ပါစေနဲ့။ ဒါပေမဲ့၊ ဒါပေမဲ့ ဒါပေမဲ့တွေဒီလောက်များပေမဲ့ ကျွန်တော်တို့က ဂရုမစိုက်ဘူးဆိုရင် ဒါဟာ တော်တော်ဆိုးရွားတဲ့ ဘဝ တစ်ခုဖြစ်သွားလိမ့်မယ်။
" ဒါပေမဲ့ဆိုတာ တွေကို လျစ်လျူ ရှူခဲ့လို့ ဘာတွေ ပြောင်းလဲသွားပြီလည်းဆိုတာကို နားလည်သင့်ပြီထင်တယ်။"
#မိုးနှောင်းအလင်္ကာ
(ကျန်းမာ၊ချမ်းသာ)
(စာဖတ်သူတစ်ဦး တစ်ယောက်ချင်းစီတိုင်းအား ကျေးဇူးအထူးတင်လျှက်)
Keep Reading