Author's Profile Photo

မမြင့်( Ma Myint )

26/10/2024

မေမေ့ချွေးမ

3 mins read
Novel
Fiction
Parenting & Family
မေမေ့ချွေးမ's photo

???????

အဓိပတိလမ်းမပေါ်မှာ ဖြူ ပြာ နီ ဝါ ဝတ်စုံ၊ ဘွဲ့ဝတ်စုံများဖြင့် အရောင်အသွေးစုံလင်နေသည်။ ဘွဲ့နှင်းသဘင် နောက်ခံနဲ့ ပုံလှလှလေးထွက်အောင် ဓာတ်ပုံ ရိုက်သူကရိုက်၊ နားနားနေနေ အဆာပြေလေး စားသူကစား ။
သမီးရဲ့ ပုံမကျတဲ့ ဘွဲ့ဝတ်စုံလေးကို သပ်သပ်ရပ်ရပ်လုပ်ပေးနေတဲ့ အမေရယ်၊ ဘွဲ့ဝတ်စုံနဲ့သားလေး ဓာပုံရိုက်နေတာကို ပစ္စည်းလေးတွေကို ထိုင်စောင့်ရင်း ခပ်လှမ်းလှမ်းက ပီတိဖြာနေတဲ့ဖေဖေရယ်။
အို.. မြင်ကွင်းဆိုတာစုံလို့။
အားလုံး ကြည်နူးစရာတွေချည်းပါပဲ။

ဒီအချိန်မှာ ဒေါ်နှင်းနှင်းအတွက် အလိုချင်ဆုံးဆု တစ်ခုလို့ပြောရလျှင် ဆယ်ကျော်သက် တက္ကသိုလ် တက်တဲ့အရွယ်ကိုသာ ပြန်လိုချင်မိသည်။
အို.. ဘာတွေတွေးနေတာပါလိမ့်။ ဒီနေ့ ဘွဲ့ယူမယ့် သားကြီး နဲ့ တက္ကသိုလ် ဒုတိယနှစ် သားငယ် တို့
နှစ်ယောက်ကိုမှ အားမနာ၊ ဒီအမေက ပြန်ငယ်ချင်နေ သေးတယ်။

"မေမေ "

"အေး သားငယ် ဘယ်တွေရောက်နေတာတုန်း ။
ကိုကြီးတို့ အုပ်စုကို ဓာတ်ပုံလေး ဘာလေး သွားရိုက်ပေးပါဦး။ "

"ဟုတ်ကဲ့ပါ မေမေရဲ့၊ခဏလေး ။
သား မေမေ့ကို ပြစရာရှိလို့။"

"ဘာတုန်း"

"ဟိုမှာလေ ကိုကြီးတို့ အုပ်စုထဲမှာ ဆံပင် ပခုံးကျော်ကျော် ၊ ရယ်လိုက်ရင်သွားတက်ကလေးနဲ့တစ်ယောက်လေ"

"မင်းအမေက အဲ့လောက်အဝေးကြီးက သွားတက်ကို မြင်နိုင်စရာလား။ ဆံပင်ကလည်း အကုန် အတူတူလောက်ပါပဲ။ ဒီထက်ကွဲအောင်ပြောပါဦး။"

"အင်း... ဒါဆို ဟိုမှာ လုံချည် ပန်းရောင်အချိတ်လေးနဲ့ တစ်ယောက်လေ။"

"အင်း ဟုတ်ပြီ။ ခုမှ တွေ့တယ်။ ဆိုပါအုံး သူကဘာဖြစ်လို့လဲ။"

"သူချောတယ်မလား။ "

"အင်း ချောတာပေါ့။"

"အမေ့ချွေးမဖြစ်လာမယ်ဆိုရင်ရော။"

ပြုံးစိစိနဲ့ ပြောနေတဲ့ သားငယ် နေစိုး ကို ဒေါ်နှင်နှင်းက မျက်စောင်းထိုး၍ ကြည့်လိုက်သည်။ ဒီကောင်လေး မရိုးဘူးဆိုတဲ့ အဓိပ္ပာယ်နဲ့။
နေစိုးက မိခင်အကြည့်ကို သဘောပေါက်စွာဖြင့်ရယ်လိုက်သည်။

"မေမေ ဘာ‌မဟုတ်တာတွေ တွေးနေတာတုန်း။ မဟုတ်ဘူးနော်။ "
ရယ်ကျဲကျဲဖြင့်ပြန်ပြောသည်။

"အံမယ်.. ဒီအမေ မဟုတ်တာတွေးနေတာ ဘယ်လိုလုပ်သိတုန်း။ မဟုတ်တာမှန်တယ်ထင်တယ်။"

"အမေရယ် အဲ့ဒါအမေ့ ချွေးမလောင်းလျာလေးတော့မှန်တယ်။ ဒါပေမယ့် သား အတွက်တော့မဟုတ်ဘူး။
ကိုကြီးပြည်စိုး အတွက်"

"ဟေ.. အဲ့ဒါ သားကြီးရဲ့ ချစ်သူလား။ သားကြီးကလည်း လာမိတ်ဆက်ပေးတာမဟုတ်ဘူး။"

"တရားဝင်မိတ်ဆက်ပေးခွင့် မရှိသေးလို့ပေါ့ မေမေရယ်။
အင်း... မိတ်ဆက်ပေးဖို့ စောသေးတယ်လို့ပြောရမယ်။"

"ဘာတုန်း သားငယ်ရယ်၊ ဘာတွေစောပြီး ဘာတွေတရားမဝင်သေးတာတုန်း။"

"အမေတို့စကားနဲ့ ပြောရရင် အခုက အီစီကလီ အဆင့်လို့ ပြောရမယ်။ အီစီကလီ ဆိုပေမယ့် ၈၀% လောက်က သေချာပြီးသား။ ဒါပေမယ့် ၁၀၀% လို့ ပြောမရသေးဘူး။ အဲ့ဒါပြောတာ။"

"အော်.. သူတို့ သမီးရည်းစား မဖြစ်သေးဘူးလို့ ရှင်းရှင်းပြောရင် ဒီအမေ မြန်မြန်နားလည်သွားမှာကြောက်လို့လား။
မင်းတို့ခေတ်လူငယ်တွေလေ စကားကို လိုရင်းမပြောဘူး။"

"အမေကလည်း သားက တိတိကျကျ ရှင်းပြတာကို။"

"အဲ့... နေပါဦး အမေကြည့်ကြည့်ဦးမယ် အမေ့ချွေးမလေးကို။"

"ပေါ်တင်ကြီးလည်းသွားမကြည့်နဲ့လေ အမေရဲ့
တော်ကြာ သူအနေခက်ရင် ကိုကြီး စိတ်ဆိုးနေဦးမယ်။"

"ဟုတ်ပါပြီ။
ရုပ်ကလေးကတော့ တော်တော်ကို ချောတာပဲ။ ဝတ်ပုံစားပုံကလည်း သားတို့စကားနဲ့ဆို ဖက်ရှင်ကျတယ်လို့ ပြောရမလား။"

"ဒါပေါ့"

"ညီ .. နေစိုး ကိုကြီးတို့ကို group photo လာရိုက်ပေးဦး" ဟု ပြည်စိုးက လှမ်းခေါ်သည်။

"Ok ကိုကြီး"

နေစိုး မိခင်ဘေးမှထသွားကာ ပြည်စိုးတို့ ပို့စ်ပေးသမျှကို စိတ်ရှည်စွာရိုက်ပေးနေသည်။
ဒေါ်နှင်းနှင်းကတော့ မတော်ရသေးတဲ့ချွေးမလောင်းလျာလေးကို တိတ်တခိုးနဲ့ ချောင်းချောင်းကြည့်ရ

ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးမေတ္တာမဏ္ဍိုင်မျက်နှာကို တော်တော်တည် ထားသည်ပျင်းတာနဲ့ အချိန်ဆွဲတဲ့ အကျင့်ကို ဘယ်လိုဖျောက်မလဲ ရှန်ဂရီလာ"သည်မိုး"တစ်ကျွန်းစံ၏အပြန်လမ်းအကြီးအကဲ" စကားလက်ဆောင် ( ၁၀၀ )"အဆိပ်

Unlock to read this premium article with 10 points.