Lwin
အခုနောက်ပိုင်း social mediaတွေမှာ တွေ့လာရတာကတော့ manifestation လုပ်ကြတဲ့ အကြောင်းအရာတွေ များပါတယ်။ Manifest လုပ်ခြင်းဆိုတာ ကိုယ်လိုချင်တာ၊ ရချင်တာတွေကို စိတ်ထဲမှာ ရှင်းလင်းစွာ စဥ်းစားပြီး အဲ့အရာတွေကို အမှန်တကယ်ဖြစ်လာအောင် ယုံကြည်ခြင်းနဲ့အတူ ကြိုးစားလုပ်ဆောင်ရခြင်း ဖြစ်ပါတယ်။
Manifest လုပ်တိုင်း လိုချင်တာတွေမရနိုင်ပါဘူး။ ကိုယ်လိုချင်တဲ့အရာတစ်ခုကို 'burning desire' ပြင်းပြတဲ့ဆန္ဒ၊ လိုချင်တဲ့ဆန္ဒရှိမှသာလျှင် menifestation ဆိုတဲ့အလုပ်ကထိရောက်တာပါ။
'Burning desire'ဖြစ်လာတဲ့အခါ ကိုယ်ကိုယ်တိုင်ကလည်း ယုံကြည်ချက်နဲ့အတူ ကြိုးစားလုပ်ဆောင်ချက်တွေပါ ပါဝင်လာတဲ့အခါ ကိုယ်အလိုရှိနေတဲ့အရာတွေက ကိုယ့်ဆီကိုရောက်လာတက်ကြပါတယ်။
ကျွန်မကိုယ်တိုင်လည်း menifestation ဆိုတာကိုမသိခင်တည်းက လိုချင်တဲ့အရာတစ်ခုရှိခဲ့တယ်။ ကျွန်မရဲ့အခြေအနေနဲ့ မတက်နိုင်သလို၊ အိမ်ကလူကြီးတွေအနေနဲ့လည်း ဝယ်ဖို့အတွက် ကန့်ကွက်ခဲ့ကြတယ်။ ဒါမဲ့ အဲ့မဖြစ်နိုင်တဲ့အရာကြီးကို နှစ်လအတွင်း ကျွန်မရခဲ့ပါတယ်။ ကျွန်မရဲ့buring desire က အလုပ်ဖြစ်တယ်ဆိုတာကို သိလာရတယ်။ နောက်ပိုင်း social media တွေမှာ manifestationနဲ့ပက်သက်ပြီး တော်တော်များများ တင်ထားတာတွေ့လာရတယ်။
နောက်ပိုင်းအရာတွေကို သတိထားကြည့်မိလိုက်တဲ့အခါ manifest လုပ်လို့ရတယ်ဆိုတာမှာလည်း burning desireနဲ့အတူ ယုံကြည်မှုတွေ၊ လုပ်ဆောင်မှုတွေပါမှသာ အလုပ်ဖြစ်တယ်ဆိုတာကို တွေ့လာရပါတယ်။ ကျွန်မအနေနဲ့ဆိုရင် manifest လုပ်မယ်ဆိုရင် ကိုယ်ကိုယ်တိုင်က burning desireရှိိိိိမို့အရေးကြီးဆုံးဆိုတဲ့အချက်လေးကို မျှဝေပေးခြင်း ဖြစ်ပါတယ်။
#Lwin
Keep Reading