Author's Profile Photo

SarPhat Author

25/03/2024

Mutual Respect ဆိုတာ

1 min read
Life Style
Personal Development
General Knowledge
Mutual Respect ဆိုတာ's photo

ကျွန်မတို့တွေဟာ နေ့စဥ်လူ့ပတ်ဝန်းကျင်မှာ လူမျိုးစုံနဲ့ စိတ်ဓာတ်ပေါင်းစုံကို ဆက်သွယ်ပတ်သက်ရပါတယ်။ စိတ်ဓာတ်ကောင်းမွန်တဲ့သူ၊ ဘယ်သူ့အပေါ်မဆို လေးစားစွာဆက်ဆံပြောဆိုတတ်သူတွေလဲ ရှိတတ်သလို တဖက်လူအပေါ် လေးစားမှုမရှိဘဲ စိတ်ဓာတ်ပေါ့လေစွာ၊ လူမှုဆက်ဆံရေးမကောင်းစွာနဲ့ နေထိုင်တတ်ကြသူများလည်း ရှိပါတယ်။

ကျွန်မတို့ မိသားစု၊ ဆွေမျိုးပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာတင်မဟုတ်ဘဲ လုပ်ငန်းခွင်နှင့် အခြားသောပတ်သက်ဆက်နွယ်မှု မည်သည့်အခြေအနေမှာမဆို ရှိသင့်တဲ့အရာကတော့ တစ်ယောက်နဲ့တစ်ယောက်လေးစားမှုလို့ ခေါ်တဲ့ Mutual Respect ဖြစ်ပါတယ်။ တစ်ဖက်က ကိုယ့်ကိုအကြောင်းကိစ္စတစ်ခုရှိလို့ဆက်သွယ်လာကြတယ်။ ကိုယ်ကလဲ သင့်တင့်လျောက်ပတ်စွာ ပြန်လည်ဆက်သွယ်ပြောဆိုဖို့ လိုပါတယ်။ တဖက်လူပြောချင်တာလာပြော ကိုယ်ကမသိချင်ယောင်ဆောင်နေတာမျိုး၊ ဂရုမစိုက်တာမျိုးက ကိုယ့်ရဲ့ Personality ကိုအားနည်းစေပါတယ်။ တဖက်ကလဲ ကိုယ့်ကိုရိုင်းတယ်လို့ ထင်စေနိုင်ပါတယ်။ (ဥပမာ- အခုဆိုတော်တော်များများကြုံတတ်ကြတာရှိပါတယ်။ Messenger လိုမျိုးကနေ တဖက်ကပြောတာကို နောက်တစ်ဖက်က Seen ဖြစ်ပြီး ပြန်မပြောတာမျိုးပါ) စိတ်ဆိုးစိတ်ကောက်စရာ၊ မပတ်သက်ချင်စရာပြသနာမျိုးရှိတာ၊ စိတ်ပျက်စရာကောင်း၍ မပတ်သက်မပြောဆိုချင်တာမျိုးကလွဲရင် မိမိတို့အနေဖြင့် အလုပ်ကိစ္စ သို့မဟုတ် အခြားသောအရေးကြီးကိစ္စများနှင့် ပတ်သက်ရသော သူများက လာရောက်ဆက်သွယ်ပြောဆိုခြင်းကို သိရက်နဲ့ပြန်လည်ပြောဆိုမှုမပြုခြင်းသည် မိမိရဲ့ပေါင်းသင်းဆက်ဆံမှုနဲ့ Personality ကို အထင်သေးစရာဖြစ်စေပါတယ်။ အကယ်၍ကိုယ်က စာဖတ်လိုက်မိတယ်။ Reply ချက်ချင်းမပြန်နိုင်ရင်တောင် တုံ့ပြန်မှုတစ်ခုခုပြုလုပ်ပေးတာမျိူး၊ ဒါမှမဟုတ် သတိလေးထားပြီး အချိန်ခဏရတဲ့အချိန်မှာ ခုနကအလုပ်ရှုပ်နေလို့ ကိစ္စတစ်ခုရှိနေလို့ဖြစ်ကြောင်း ပြောရင်း ဆက်သွယ်ပြောဆိုစေလိုပါတယ်။ အလုပ်ကကိုယ်လဲရှုပ်သလို ကိုယ့်ကိုလာဆက်သွယ်ပြောဆိုတဲ့သူမှာလည်း အလုပ်ရှုပ်စရာရှိနေနိုင်ပါတယ်။ ကိုယ်ပဲအလုပ်ရှုပ်နေတယ်လို့မထင်ပါနဲ့။ တဖက်လူကလဲ အလုပ်ရှုပ်နေရင်း လိုအပ်လို့ လာပြီး Communicate လုပ်တာလဲဖြစ်နိုင်ပါတယ်။ သိပ်အားပြီး အရေမရအဖတ်မရလာပြောနေတဲ့သူမျိုးဆိုရင်တော့ အကျိုးထူး၊ အကြောင်းအရာထူးတာ မရှိတဲ့အတွက် Neglectလုပ်တာမမှားပါဘူး။

ဒါဟာ Mutual respect ပါ။ ကိုယ်ကသူများကိုRespect မပေးသလို သူများကရော ကိုယ့်ကို Respect မပေးဘဲနေမယ်ဆိုရင် ကိုယ်စိတ်ကျေနပ်မှုရှိနိုင်မလား ကိုယ်ချင်းစာကြည့်ပါ။
Messengerမှာမှမဟုတ်ပါဘူး။ ဘယ်နေရာမှာမဆိုပါ။ တဖက်လူက ကိုယ့်ကို Communicate လာလုပ်တယ်ဆိုရင် ကိုယ့်ဘက်ကလဲ Mutual Respect နဲ့ ပြန်လည်ဆက်ဆံတုန့်ပြန်ပေးသင့်ပါတယ်။ ဒါဟာ ကိုယ့်ထက်ကြီးတဲ့သူတွေကိုပဲ မဟုတ်ဘဲ ကိုယ့်နဲ့ရွယ်တူ၊ ကိုယ့်ထက်ငယ်သူတွေကိုပါ Respect တစ်ခုပေးပြီး ဆက်ဆံပေးစေလိုပါတယ်။ ဒါမှသာကိုယ်ဟာ Personality ကောင်းမွန်သူတစ်ဦးဖြစ်ပြီး အများကလေးစားရတဲ့သူတစ်ဦးဖြစ်လာမှာပါ။

#TheNoteBySD

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)