Author's Profile Photo

SarPhat Author

10/07/2023

လူငယ်များအတွက် မရှိမဖြစ်သိထားသင့်တဲ့ Soft Skills (၃) ခု

1 min read
Life Style
Personal Development
General Knowledge
လူငယ်များအတွက် မရှိမဖြစ်သိထားသင့်တဲ့ Soft Skills (၃) ခု 's photo

ဒါ့အပြင် Soft Skills များကို ကြိုတင်ပြင်ဆင်ထားခြင်းဖြင့် အသင်းအဖွဲ့များနှင့် ထိရောက်စွာအလုပ်လုပ်နိုင်ခြင်း ၊ ကောင်းမွန်စွာပြောဆိုဆက်ဆံနိုင်ခြင်း ၊ ပြဿနာများကိုဖြေရှင်းနိုင်ခြင်း နှင့် ဝေဖန်ပိုင်းခြားတတ်လာခြင်း စတဲ့စွမ်းရည်များကို ရရှိနိုင်ပါတယ်။

ဒါကြောင့် လူငယ်များရဲ့ အနာဂတ်အခွင့်အလမ်းများအတွက် မရှိမဖြစ်သိထားသင့်တဲ့ Soft Skills (၃) ခုကို ဝေမျှလိုက်ပါတယ်။

(1) Emotional Intelligence ကောင်းမွန်ခြင်း။

Emotional intelligence (EQ)ကောင်းမွန်ခြင်းအား
ဖြင့် ပူးပေါင်းလုပ်ဆောင်ရတဲ့အခါမှာ
စိတ်ဖိစီးမှုများကို စီမံခန့်ခွဲနိုင်ခြင်း ၊ အလုပ်ဖိအားများရှိလာတဲ့အခါမှာ တည်ငြိမ်စွာ ဖြေရှင်းနိုင်ခြင်း၊
ကြုံတွေ့ရတတ်တဲ့ စိန်ခေါ်မှုများကို ခံနိုင်ရည်များရှိလာခြင်း စတဲ့ အကျိုးကျေးဇူးများနှင့်အတူ
အခက်အခဲများစွာကို ဖြတ်ကျော်နိုင်မှာဖြစ်ပါတယ်။

(2) အမြဲမပြတ်လေ့လာသင်ယူလိုသည့် စိတ်ထားရှိခြင်း။

ယနေ့ခေတ်မှာ နေ့စဥ်နဲ့အမျှ
မြန်ဆန်စွာ တိုးတက်ပြောင်းလဲနေတာကြောင့်
အလုပ်အကိုင်အခွင့်အလမ်းများအတွက်
မိမိရဲ့ရည်မှန်းချက်များကို နေ့စဥ်သုံးသပ်ပြီး
စဉ်ဆက်မပြတ်လေ့လာသင်ယူထားခြင်းက
အလွန်အရေးကြီးပါတယ်။

စဉ်ဆက်မပြတ်လေ့လာသင်ယူခြင်းဖြင့်
တစ်ဦးချင်းစီရဲ့Professional
ခရီးတစ်လျှောက်လုံးမှာ လိုအပ်သော
အသိပညာများ ၊ ကျွမ်းကျင်မှုများနှင့်
အရည်အချင်းအသစ်များကို ကြိုတင်ပြင်ဆင်ထားနိုင်ပါတယ်။

(3) ဝေဖန်ပိုင်းခြားနိုင်သောစွမ်းရည်များရှိခြင်း။

Critical Thinking က ဘဝရဲ့ဘယ်နယ်ပယ်မှာမဆို
မှန်ကန်သော ဆုံးဖြတ်ချက်တွေချနိုင်ဖို့အတွက် အသုံးချသင့်တဲ့ စွမ်းရည်တစ်ခုဖြစ်ပါတယ်။

Critical Thinking Skill ကိုသာ ကောင်းကောင်းအသုံးချတတ်မယ်ဆိုရင် ပြဿနာများကို ကျွမ်းကျင်စွာ ဖြေရှင်းလာနိုင်ခြင်း၊အသစ်သစ်သောအတွေးအခေါ်များနှင့်ရှုထောင့်အမျိုးမျိုးကို စူးစမ်းရှာဖွေဖို့အတွက် အထောက်အပံ့ဖြစ်စေတာမို့ ဖန်တီးနိုင်စွမ်းများတိုးလာနိုင်မဲ့အပြင် ယူဆချက်များနှင့်အချက်အလက်များကို ဆန်းစစ်ချင့်ချိန်တဲ့အခါမျိုးမှာလည်း ဆုံးဖြတ်ချက်ချနိုင်စွမ်းတွေ ပိုမိုတိုးတက်လာမှာဖြစ်ပါတယ်။

ဖော်ပြပါ အချက်လေး (၃) ချက်မှတဆင့်
လူငယ်များအနေဖြင့် အနာဂတ်အခွင့်အလမ်းများအတွက် မရှိမဖြစ်သိထားသင့်တဲ့ Soft Skill များကို
ကြိုတင်လေ့လာပြင်ဆင်ထားဖို့အကြံပြုရင်း
သူငယ်ချင်းများအတွက်လည်း အကျိုးရှိအောင်
မျှဝေသွားဖို့ တိုက်တွန်းလိုက်ရပါတယ်။

Keep Reading

မိတ်ကောင်းဆွေကောင်းများနှင့်တွေ့ဆုံခြင်းစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဟဲမင်းဝေး နေ့စဉ်ဘဝအောင်မြင်မှုနှင့်လိုအပ်ချက်များကျောင်းနှစ်ကျောင်းအထက်တန်းစားနှင့်အောက်တန်းစားအိန္ဒိယပညာရေးအကြောင်း တစေ့တစောင်း‘သားကောင်စိတ်နဲ့ ရှင်သန်မယ့်အစား သူရဲကောင်းဖြစ်ဖို့ကို ရွေးချယ်ပါ’ပျော်စရာနေ့ဉာဏ်နှင့်ပညာ