Author's Profile Photo

တိုက်စိုး

25/10/2024

လူအများကို နားလည်ချစ်ခင်စေသောနည်းလမ်း

4 mins read
General Knowledge
History
လူအများကို နားလည်ချစ်ခင်စေသောနည်းလမ်း's photo

ကျွန်တော့်တစ်သက်တာတွင်အလွန်နှစ်သက် မြတ်နိုးဖွယ်​ အချိန်အခါသည် အသက်ရှစ်ဆယ်အရွယ် အ​ဘွားအိုတစ်ဦးနှင့် မကြာမီကကြုံကြိုက်ခဲ့ရသောအခါဖြစ်၏။အဘွားအိုအယ်မီလီမှာလောကဓံ​၏ လှိုင်းဒဏ်တွေခံခဲ့ရသော်လည်း​ စိတ်ချမ်းသာအောင်နေတတ်ပါပေသည်။ သူတစ်ပါးစိတ်ချမ်းသာအောင်လည်း​ လုပ်တတ်သည်။သူ့အိမ်ငယ်သည်စိတ်ဒုက္ခရောက်ခဲ့သူအ​ပေါင်းတို့ ခိုကိုးရာဖြစ်ခဲ့လေသည်။ သူ့ဘဝ ငြိမ်းချမ်းရခြင်းအကြောင်းရင်းကို ကျွန်တော်မေးကြည့်မိ၏။ ထိုအခါ

“သူများကိုမကောင်းမြင်တတ်တဲ့အလေ့ပပျောက်သွားတဲ့အခါစိတ်ငြိမ်းချမ်းမှုရတာပါပဲသားရယ်”ဟုပြန်ဖြေပါ၏။သူတစ်ပါးကို ဝန်တိုငြိုငြင်သည့် စိတ်​ထားသည် လူတို့တွင် ရှိမြဲဓမ္မတာပါပေ။ကျွန်တော်တို့ကိုယ်တိုင်တစ်ခါမဟုတ်တစ်ခါ သူများအပေါ် မညှာမတာစိတ်မျိုး ရှိတတ်ကြပါ၏။ သူများက ကိုယ့်အပေါ် ဤစိတ်ထားမျိုး ထားသည်ကိုလည်းခံရတတ်ပါသည်။

“ပညတ်တော်ဆယ်ပါးအနက်တစ်ဖက်သားအပေါ်မု သားသက်သေမခံလေနှင့်ဆိုတဲ့နဝမမြောက်ပညတ်တော်ကလွဲလျှင်ကျန်ကိုးပါးကို ချိုးဖောက်မိတယ်လို့လူတွေကဆိုကြတယ်။အမှန်ကတော့လူတွေအများဆုံးချိုးဖောက်မိတာ အဲဒီပညတ်တော်ပါပဲ”ဟုနာ​မည်ကြီး သာသနာ့ဝန်ထမ်းတစ်ဦးက ပြောဖူးလေသည်။

မမှန်ရာကို ကျွန်တော်တို့ လက်လွတ်စပယ်​ တွေးမိ ပြောမိသဖြင့် အပြစ်ကင်းသူများ၌ဘယ်လောက်များ ထိခိုက်နစ်နာသည်ကို စဉ်းစားကြည့်ပါကုန်။မိတ်ဆွေတစ်ဦးအား မှားယွင်းစွပ်စွဲမိသည့်အပြစ်ကို ဘယ်လိုဖြေရပါမည်နည်း​ ဟု မို့ဟမ္မဒ်သခင်အား​ လူတစ်ယောက်က မေးဖူး၏။ ထိုအခါ မို့ဟမ္မဒ်သခင်က ထိုသူ့အား ရွာအိမ်ပေါက်ဝတိုင်းတွင် ငန်းအတောင်များ ချခိုင်းလေသည်။ နောက်တစ်နေ့၌ မို့ဟမ္မဒ်သခင်က …

“ငါ အတောင်တွေ ပြန်သိမ်းတော့”ဟု အမိန့်ပေးလေသည်။ ထိုသူလည်း ..“မဖြစ်တော့ပါဘူး အရှင်၊ တစ်ညလုံး လေတိုက်လို့ ငန်းတောင်တွေပြန့်ကြဲကုန်ပါပြီ”ဟုပြန်ဖြေလေသည်။ဤတွင်မို့ဟမ္မဒ်သခင်က​“အဲဒီပုံပမာပဲ။သင့်အိမ်နီးချင်းအတင်းပြောခဲ့တာတွေကို ပြန်သိမ်းရလောက်အောင် နေရာအနှံ့ ရောက်ကုန်လေပြီ”ဟု မှတ်ချက်ချလေသည်။

ခေါင်းမာခြင်းကို​ အပြစ်တင်ကြ၏။​ ကြံ့ခိုင်ခြင်းကိုလိုက်လျောကြ၏။​ သူများ၏အပြုအမူကို​ ခေါင်းမာသည်​ ဟုထင်၏။မိမိအပြုအမူကိုကားကြံ့ခိုင်သည်ဟုမြင်၏ဟူ၍စာဆိုတစ်ဦးကရေးဖူး၏။​ ကျွန်တော်တို့​သည်အဘယ်ကြောင့်ကိုယ့်ဘက်ကိုအမွှန်းတင်၍ သူ့ဘက်ကို နှိမ့်ချချင်ကြပါသနည်း။

စိတ်ပညာရှင်များ၏အလိုအရသူတစ်ပါးကိုကဲ့ရဲ့ပြစ်တင်တတ်သောဝသီသည်ကျွန်တော်တို့အတွင်းသ​ဏ္ဌာန်၌ အမြစ်စွဲနေသော ကိုယ့်ကိုယ်ကိုယ်ကကာကွယ်နည်းတစ်မျိုး ဖြစ်လေသည်။ လူတစ်ဦးတစ်ယောက်၏ အားနည်းချက်ကို သိချင်သည်ဆိုအံ့။ ထိုသူက သူတစ်ပါးအပေါ်မြင်သောအပြစ်ကို လေ့လာကြည့်ပါဟု စိတ်ပညာရှင်များက ပြောလေသည်။

အိမ်နီးချင်းသန့်သန့်ရှင်းရှင်း​ မနေတတ်ကြောင်းကိုပြတင်းပေါက်အနီးသို့အားရဝမ်းသာဆွဲခေါ်ကာ..“ဟိုဘက်ကကြိုးတန်းပေါ်မှာ လှမ်းထားတဲ့အဝတ်တွေကို ကြည့်စမ်းပါဦး။ မည်းညစ်ညစ်နဲ့ အစင်းတွေထင်လို့” ဟုပြော၏။ ထိုအခါ အဖော်ဖြစ်သူက..

“နီးနီးကပ်ကပ်ကြည့်ပါရှင့်၊ မိန်းမရဲ့အဝတ်ကညစ်ပေနေတာမဟုတ်ပါဘူးရှင့်၊ ပြတင်းပေါက်ကနေတာပါ” ဟု ညင်ညင်သာသာ ပြန်ပြောရလေသည်။

သူတစ်ပါးအပေါ်မစာမနာပြောတတ်ခြင်းသည်ထိုသူ​၏နောက်ကြောင်းကိုမသိသောကြောင့်ဖြစ်တတ်လေသည်။မိမိကိုသူများနားမလည်ကြမှာမပူနဲ့။မိမိကနားမလည်မိမှာကိုသာစိုးရိမ်ပါ။ဟူသောတရုတ်စကားပုံကိုကျွန်တော်တို့သတိချပ်သင့်လေသည်။ လူလူချင်းနေ့စဉ်နှင့်အမျှဆက်ဆံနေရာတွင်ကျွန်တော်တို့သည်အကြောင်းရင်းဆိုက်အောင်စာနာသောစိတ်ဖြင့်နှိုက်မကြည့်မိဘဲ သူတစ်ပါး နာမည်ပျက်အောင် သွားပုတ်လေလွင့် ပြောမိလုပ်မိတတ်ကြသည်။

မိတ်ဆွေတစ်ဦးက​ ပြောဖူးသည်ကို​အောက်တွင်ဖော်ပြပါဦးအံ့။“ကျွန်မတို့ရွာကိုကလေးသုံးယောက်နဲ့မုဆိုးမချောချောတစ်ယောက် ပြောင်းလာပါတယ်။ မကြာပါဘူးရှင် သူ့သတင်းတွေက ဥဒဟိုထွက်လာတာပါပဲ။ ချောပါရဲ့။ အိမ်မှာ ယောက်ျားတွေ အဝင်အ​ထွက်များတယ်။အိမ်မထိန်းတတ်ဘူး။သူ့ကလေးတွေဟာတစ်နေ့တစ်လမ်းပေါ်မှာချည်းပဲ။ပြီးတော့သူများအိမ်တွေမှာလိုက်ထားတယ်။ သူကတော့ ဆိုဖာပေါ်မှာ တစ်နေကုန်ထိုင်ပြီး စာဖတ်နေတာပဲ။ စသည်ဖြင့်ပေါ့လေ”

“တစ်နေ့မနက်ကျတော့အဲဒီမိန်းမချောဟာစာတိုက်မှာမူးဝေလဲကျသွားပါတယ်။အဲဒီတော့မှဖြစ်ရတဲ့အ​ကြောင်းရင်းပေါ်လာပါတော့တယ်။ သူက ကုလို့မရတဲ့ ရောဂါသည်ဆိုပဲ။ အိမ်အလုပ် ကောင်းကောင်းမလုပ်နိုင်ဘူး။ ရောဂါကြွလို့ ဆေးမနိုင်တနိုင် ဖြစ်နေတဲ့အ​ခါ သူဟာ ကလေးတွေကိုအပြင်သွားခိုင်းတတ်တယ်။အဲဒါတခြားမဟုတ်ဘူး၊ပျော်ရွှင်နေတဲ့ ကျွန်မမျက်နှာကိုသာ ကလေးတွေ မြင်စေချင်ပါသတဲ့။ ကျွန်မရောဂါခံစားနေရပုံတွေကို သူတို့ မမြင်စေချင်ပါဘူးတဲ့။

အဲဒီအခါမှာကျွန်မကတစ်ယောက်တည်းပဲအိမ်မှာနေချင်ပါသတဲ့၊သူကပြောပါတယ်။“ဝင်ထွက်နေတဲ့ဧည့်​သည်ထဲက​ တစ်ယောက်က​ ကုနေကျဆရာဝန်ပါ။နောက်တစ်ယောက်ကသူ့ပစ္စည်းတွေထိန်းတဲ့ရှေ့နေပါ။နောက်ဆုံးတစ်ယောက်ကသူ့ခင်ပွန်းဟောင်းရဲ့ညီပါ။

“ဒါနဲ့ အဲဒီမိန်းမချောဆုံးတဲ့အချိန်အထိ ရွာကတော်တော်ဂရုစိုက်ကြပါတယ်။ အတင်းပြောတဲ့လူတွေလည်း​ တော်တော်လေး​ နောင်တရကုန်တယ်” ဤသည်မှာမိတ်ဆွေတစ်ဦးပြောခဲ့သောစကားပင်တည်း။သူတစ်ပါးအပေါ်အပြစ်တင်မစောလိုက်ဘဲကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါလေ။ ဟိုလူလိုငါဒုက္ခတွေ့ရရင်ဟိုလူလိုသွေးဆောင်တာငါခံရရင် ငါကပိုမပျော့ညံ့နိုင်ဘူးလားဟူ၍ မိမိကိုယ်ကို မေးမိလျှင် သူတစ်ပါးကိုအပြစ်တင်စောလိမ့်မည်မဟုတ်။သူများမကောင်းမြင်တတ်ခြင်းသည် ကိုယ့်ဘက်ကိုသာ အမှန်ထင်တတ်သောဝသီဆိုး၊ ညဉ်ဆိုးပင်ဖြစ်သည်။ ငါ့ဘက်ကကောင်းကောင်းနေပြမယ်၊သူတို့မကောင်းတာတွေစောင့်ကြည့်ရမယ်ဟု သဘောထားမျိုးဖြစ်သည်။
“သင်တို့အထဲမှအပြစ်လုံးဝကင်းစင်သည်ပါလ“သင်တို့အထဲမှအပြစ်လုံးဝကင်းစင်သည်ထင်သူများသည်အပြစ်ရှိသည်ထင်သူများကို ကျောက်ခဲဖြင့် ပစ်ရဲပစ်ကြလေ”ဟူ၍သူတစ်ပါးကိုစီရင်ဆုံးဖြတ်နေသူများကိုယေရှုက အပြစ်တင်ခဲ့ပုံထောက်ပါလေ။

ဤသဘောကို သတိပေးသည့်အနေဖြင့် စီးပွားရှင်တစ်ဦးသည် ကျောက်တုံးကလေးတစ်ခုပေါ်တွင် ပ​ထမဟုစာရေးထိုးစေပြီး မိမိ၏စားပွဲပေါ်၌ အမြဲတမ်းတင်ထားကြောင်း ကျွန်တော် သိရှိခဲ့ရသည်။

သာသနာ့ဝန်ထမ်းများနှင့် ကျွန်တော် ဆွေးနွေးကြည့်​၏။ ထိုအခါသူတစ်ပါးအဆိုးမမြင်မိအောင်စည်းကမ်းထိန်းနည်း လေးမျိုး ပေါ်ထွက်လာခဲ့ပါသည်။ထိုစည်း​ကမ်းများကိုအောက်တွင်ရေးပြလိုက်ပါသည်။

(တစ်)သွယ်ဝိုက်ယူရသောသက်သေခံမျိုးမဖြစ်ရလေအောင် အချက်အလက် စုံစုံစေ့စေ့ သိထားပါစေ။ တစ်ဆင့်စကား ကြားရုံသက်သက်ဖြင့် မှားမှားယွင်းယွင်း ဆုံးဖြတ်မိမည် စိုးရိမ်ရသည်။ ဗောဒလီဆိုသော ပုဂ္ဂိုလ်က ငြိမ်းချမ်းမှုရှာခြင်းခေါ် စာအုပ်တွင်ရေးခဲ့သည်မှာ …

“တစ်ဦးဦးကို အကျိုးယုတ်စေမည့်သတင်းကိုကြားရသည်ဆိုပါစို့၊ သတင်းပြောသူ၏ စိတ်နေစိတ်ထားနှင့် ရည်ရွယ်ချက်ကို​ ကျွန်တော်မှန်းကြည့်သည်။ ထို့​နောက်ကြားရသမျှကိုကျွန်တော်ပယ်ချင်ပယ်လိုက်မည်။သို့တည်းမဟုတ်သတင်းပေါ်လာရပုံဇာစ်မြစ်ကိုကျွန်တော်စူးစမ်းကြည့်သည်။ သတင်းထွက်သူနှင့်ပတ်သက်၍အလျင်စလိုမယုံလိုက်ဘဲအထက်ကအ​တိုင်းဆောင်ရွက်ကြည့်ပါလေ” ဟူ၍ဖြစ်သည်။

(နှစ်) လူတစ်ဦးတစ်ယောက်၌ အပြစ်ရှိသည်ဆိုဦးသက်ညှာစရာ၊အပြစ်ပေါ့စရာတွေရှိနိုင်သည်ကိုသ​တိရပါလေ။ ရှေးကာလက ဆီအိုအင်းဒီးယား လူနီအုပ်စုတွင် မှတ်သားလောက်သော အလေ့အထတစ်ခုရှိ၏။ ထိုအုပ်စုထဲက​ လူလားမြောက်လာသူ​ ယောက်ျား​ကောင်း​သည်အခြားအုပ်စုဆီခရီးထွက်တော့မည်ဆိုအံ့။ခရီးမထွက်မီသူသည်​ ကိုးကွယ်ရာနတ်ကို​ ဆု​တောင်းတိုင်တည်လိမ့်မည်။ ပုံစံကား သူသည် မိုး​ကောင်းကင်ဆီသို့ လက်မြှောက်ချီကာ …

“အို .. မိုးကောင်းကင် အရှင်၊ သူတစ်ပါးလုပ်ပေးသည့် မော့ကေးရှင်း ဖိနပ်ပျော့ကိုစီး၍ နှစ်ပတ်ကြာမျှ ခရီးသွားမပြီးခင် ထိုသူ့အပေါ် မဆုံးဖြတ်မိအောင်ကူ​ညီပါဟူ၍ဖြစ်သည်။

(သုံး)လူတွေ၏ အပြစ်အဆာအနာအစား​ သူတို့၏ ကောင်းပုံကိုပြန်တွေးပါလေ။ပြောင်းပြန်တွေးပါ။ကောလိပ်ကျောင်းဆရာတစ်ယောက်နှင့် ပတ်သက်သော ကိစ္စတစ်ခုကို ဒေါက်တာ ဝါလတာမိုးက ဤသို့ပြောဖူးပါသည်။

ထိုဆရာသည်သင်ပုန်းပေါ်တွင်စက္ကူလေးထောင့်တစ်ခုကိုကပ်သည်။တစ်ဖန်စက္ကူအလယ်တွင်အမည်းစက်တစ်ခုထည့်သည်။ ထို့နောက်ကျောင်းသားတွေကိုဘာမြင်သနည်းဟုမေးလိုက်သော်“အမည်းစက်”ဟုသူတို့က​ ပြန်ဖြေကြပါလေသည်။ ထို့ကြောင့်​ ဆရာကကျောင်းသားများကိုတပည့်အဖြူထောင့်ကိုမှ မမြင်ကြဘဲကိုးကွ၊ သတိပြုမှပေါ့ဟု ပြောရလေသည်။

သူတစ်ပါးကို အကောင်းမြင်သည့် အလေ့အထကို မွေးပါလေ။ ပြောလည်းပြောပါ။ ထိုအလေ့အထကို ကျင့်သုံးလာလေလေ၊ စိတ်နှလုံးအားဖွံ့ဖြိုးလာလေလေဖြစ်သည်ကိုအံ့ဩရာကောင်းလောက်အောင်တွေ့လာရလိမ့်မည်။သူတစ်ပါးအပေါ်ရင့်ရင့်သီးသီးစိတ်ပေါ်လာလျှင်ကိုယ့်ကိုယ်ကိုယ်မှန်ထဲပြန်ကြည့်ပါလေ။မျက်နှာထားဆိုးဝါးနေသည်ကိုတွေ့ရလိမ့်မည်။​ အ
ကောင်းပြောကြည့်ပါလေ။ ကြင်နာသောလက္ခဏာသည် မျက်နှာတစ်ပြင်လုံး လွှမ်းလာသည်ကိုသတိပြုမိလိမ့်မည်။

(လေး) သူတစ်ပါးအပေါ် ကောင်း၊ မကောင်း၊အပြစ်ရှိ မရှိ အဆုံးအဖြတ်ပေးသည့်ကိစ္စကို ထာဝရဘုရားသ
ခင်၏တာဝန်ဟု သဘောထားပါလေ။ထာဝရဘုရားသ
ခင်၏အလုပ်တာဝန်ကိုကိုယ့်အလုပ်ကဲ့သို့ဝံ့ဝံ့စားစားသဘောထားခြင်းသည်​ ဘုရားသခင်ကို​ အရိုအသေတန်ရာလည်း​ ရောက်သည်။ မလုပ်သင့်​ မလုပ်အပ်သောအရာဌာနလည်း​ ဖြစ်သည်။ အမေရိကန်ပြည်​ထောင်စုတစ်ဝန်း၌ အသံလွှင့်ကျော်ကြားနေသော ဂိုဏ်းချုပ် ဖူလတန်ရှိန်းက…

“လူသတ္တဝါများကို လူကောင်း၊ လူဆိုး ခွဲခြားရန်ကိစ္စသည် လောကကို တရားစီရင်ရာနေ့၌သာ​ လာလိမ့်​မည်။ ထိုနေ့မတိုင်မီ ကျုပ်တို့ချင်း ဘယ်သင်းဘယ်ဟာဟု ခွဲခြားသတ်မှတ်ခြင်း မလုပ်ကောင်း”ဟု ဆိုခဲ့ဖူလေသည်။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးလိုတာထက် မပိုပါနဲ့စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းလက်ရှောင်တတ်တာကမှ အဆင်ပိုပြေသေးတယ် စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်အကျင့်ဆိုးသမားတွေကိုရှောင်ပါ စာစောင်နှစ်ဆယ့်ခုနှစ်-အသိရှိရှိရှင်သန်ခြင်းအကျိုးဆက်ရလဒ်ကသာ အရေးကြီးဆုံးပါ