Author's Profile Photo

ယဥ်သီရိလှိုင်(ဆောင်း)

25/03/2024

မ​တွေးချင်​သော

1 min read
Life Style
Art
Startup
မ​တွေးချင်​သော's photo

အပိုင်း ၁ပါရှင့်
သူနဲ့စ​တွေ့ခဲ့တာ application တခုက​နေပါဘဲ။ သူကအရင်စကားလာ​ပြောခဲ့တာ။ အဲ့appကလဲ​ပြောရရင်ရည်းစားရှာတဲ့ appပေါ့။Facebookမှာတက်လာတာ​ကောင်​​လေး ကောင်မ​​လေးမရှိသူများအတွက်ဆိုပြီး။ ပြောရရင်​တော့ရီစရာဘဲ၊ အဲ့တာကရည်းစားရှာပြီဆိုရင်ကိုယ့်ဓါတ်ပုံထည့်ရတယ် ကျွန်မကလည်းမ​ခေသူတ​ယောက်​လေ။ ဓါတ်ပုံစတင်တင်ချင်းဘဲ လူ​​၃​ယောက်​လောက်စကားလာ​ပြောတယ် ဘယ်ကလဲအသက်ဘယ်​လောက်လဲစသည်​ပေါ့ ကျွန်မလည်းအစပိုင်း​တော့​ဖြေနိုင်​သေးတယ် နောက်ပိုင်းကျ​တော့လူကများသထက်များလာတယ် လက်​တောင်ပြုတ်ထွက်မတတ်စာ​တွေရိုက်ပြီးပို့ရတယ် တကယ်ကိုဗရုတ်ကျတာပါဘဲ။အဲ့တာနဲ့ ကိုယ်ကတဲ့ဇာတ်ကိုယ်မနိုင်​တော့ ဓါတ်ပုံကိုပြန်ဖျက်လိုက်​ရော အဲ့အချိန်ဘဲလူတ​ယောက်စာပို့လာတယ် hi တလုံးတည်း ကိုယ်ကလဲစာမပြန်ချင်​တော့ဘူး မပြန်ဘူးဆိုပြီး​နေလိုက်တယ် ည​နေ​လောက်ကျ​တော့ ပျင်းတာနဲ့အင်တာနင်ဖွင့်လိုက်တယ် "က​လောင်" စာတက်လာတာနဲ့နှိပ်ကြည့်လိုက်​တော့ "ညီမ"တဲ့ သူပါဘဲ ကျွန်မစာမပြန်ဘဲ​နေတဲ့acc အဲ့တာနဲ့စာပြန်လိုက်တယ် "ဟုတ်ကဲ့"
"ဘယ်ကလဲဗျ"
"ဘာလုပ်မလို့လည်း"
"သိချင်လို့ပါ မေးလို့မရဘူးလား ကြည့်ရတာငယ့်မယ့်ပုံဘဲ" ဟင် ငါဓါတ်ပုံဖျက်လိုက်တာသူကဘယ်လိုသိ?
"ဘာကို​ပြောတာလည်းရှင့် ဘာကိုကြည့်ပြီးငယ်မယ့်ပုံလဲ"
"ညီမဓါတ်ပုံ​လေ အကို​တွေ့တာမနက်က မအားလို့စကားလာမ​ပြောဖြစ်တာ အဲ့တာနဲ့accကို ssရိုက်ထားပြီး အခုစကားလာ​ပြောတာ"
"အော်ဟုတ်ကဲ့"
"ဘာဟုတ်ကဲ့လဲတခြား​ပြောစရာမရှိဘူးလား ကြောင်​တောင်​တောင်နဲ့"
"ဘာရှင့် လူကိုများ​ကြောင်​တောင်​တောင်ဟုတ်လားသေ​တော့မယ်"
"စတာပါဗျာဒေါသကလည်းကြီးလိုက်တာ ဒီပုံစံနဲ့​တော့မလွယ်ပါဘူး ရည်းစားလဲရမှာမဟုတ်ဘူး"
"အောင်မာ ဘသူကများလိုချင်တယ်​ပြော​နေလို့လဲ"
"မလိုချင်ရင် ဘာလိုဒီappသုံးတာလဲ"
"အဲ့တာက​တော့ ကျွန်မအ​ကြောင်းပါရှင်နဲ့မဆိုင်ဘူး"
"အော်ဟုတ်ကဲ့ပါဗျ မမ​ဒေါသကြီးကျွန်​တော် နောက်မှဆက်​ပြောမယ်​​နော်မအား​တော့လို့"
"မ​ပြောလည်းရပါတယ်​စောင့်မ​နေဘူး" ကျွန်မ replyတောင်သူ့ဆီမ​ရောက်ခင် လိုင်းဆင်းသွားတယ်။
အခုမှ​ယောကျား​လေးနဲ့စကား​ပြောဖူးတာမဟုတ်​ပေမယ့်သူနဲ့​ပြောရတာတမျိုးကြီးဘဲ ရင်ထဲမှာတခုခုကျန်ခဲ့တယ်။အဲ့ဒီချိန်ကဒီလို​တွေဖြစ်လာမယ်မှန်းသိခဲ့ရင် စကားဆက်​ပြောခဲ့မှာမဟုတ်ပါဘူး။​နောက်​နေ့မနက် လိုင်းဖွင့်​တော့ စာ​ရောက်လာတယ်​"မောနင်းညီမ"
"မောနင်း"
"​နောက်ကျတယ်​နော်အိပ်ယာထတာ မိန်းက​လေးဆိုတာ​စော​စောထရတယ် အ​မေနဲ့အိမ်အလုပ်​တွေဝိုင်းလုပ်​ပေးရတယ် မသိဘူးလား"
"စော​စောစီးစီး​ဒေါသမထွက်ချင်ဘူး​နော် စကားလာမ​ပြောနဲ့ရှင်"
"ဟောဗျာ ကိုက​မိန်းမ​ကောင်း​လေးဖြစ်​စေချင်လို့ပါချစ်ရဲ့"
"ဘာ ရှင်ဘယ်လို​ခေါ်လိုက်တယ်ဘာချစ်လဲ ရူး​နေလား"
ကျွန်မစာပြန်တာကို ကြည့်ပြီးဘာမှပြန်မ​ပြောဘူးလိုင်းဆင်းသွားတယ်။ ပထမ​တော့ ဘာမှမဖြစ်​ပေမယ့်တ​နေ့လုံးကိုလိုင်းမတက်ဘူး ကျွန်မကလည်း​သူ့လိုင်းတက်ကို​စောင့်ပြီးရန်​တွေ့မယ်​ပေါ့ တ​နေ့လုံးကိုယ်ကသာ မ​နေနိုင်မထိုင်နိုင် တခါမှအဲ့လိုအ​ခေါ်မခံရဘူးတာရယ် အခုမှ​တွေ့ပြီး​တော့လူကိုပိုင်စိုးပိုင်နင်း​ခေါ်တာကိုဒေါသထွက်တာရယ်​ပေါင်းပြီးညဘက်အိပ်တာ​တောင်​တော်​တော်​နောက်ကျမှအိပ်ယာဝင်ဖြစ်တယ်။ နောက်​နေ့မနက် စာ​ရောက်လာပြန်တယ်
"​မောနင်းညီမ မ​နေ့ကအတွက်အကို​​တောင်းပန်တယ်​နော် အကို့ကိုစိတ်မဆိုးပါနဲ့ အကို့ကိုလက်မခံနိုင်ရင်​တောင် ခင်ခွင့်​လေး​တော့​ပေးပါ အကိုညီမစိတ်​ပြေ​​အောင်ဘာလုပ်​ပေးရမလဲဟင်"
ဘုရား​ရေ!!! သူငါ့ကိုချစ်ခွင့်ပန်​နေတာလား??

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)