Author's Profile Photo

M Min Nyo

25/10/2024

လူငယ်များအတွက် အကြံပေးစကား(၂)

2 mins read
Life Style
Personal Development
General Knowledge
လူငယ်များအတွက် အကြံပေးစကား(၂)'s photo

(English-Myanmar)
  မနေ့က post မှာ ပထမ(12)-ချက်ကို ပြောပြထားပြီးဖြစ်တယ်။ ဒီနေ့မှာတော့ ကျန်နေသေးတဲ့ အချက်တွေကို ထပ်ပြောပေးသွားမှာ ဖြစ်ပါတယ်။

(၁၃) အဆင်ပြေသလိုနေထိုင်ခြင်းဟာ  အလေ့အကျင့်ဆိုးတစ်ခုဖြစ်ပြီး၊ လုပ်ဆောင်ချက်တွေကို လျော့ကျသွားစေနိုင်တဲ့ အလွယ်ဆုံးနည်းဖြစ်တယ်။

(၁၄) သင့်မိသားစုကို ဦးစားပေးပါ။ သူတို့ဟာ အစွန့်ပစ်ခံဖြစ်နေပါစေ၊ မိုက်မဲသူတွေဖြစ်နေပါစေ တစ်သားတည်းရှိနေပါ။ သူတို့ရဲ့မလုံခြုံမှုမှန်သမျှကို ကာကွယ်ပေးပါ။

(၁၅) အခွင့်အလမ်းအသစ်တွေကို ရှာဖွေပြီး သင့်ထက် ရှေ့​ရောက်နေသူများထံမှ သင်ယူပါ။

(၁၆) ဘယ်လောက်ပဲ သင့်ကို သွေးဆောင်ဖြားယောင်းနေပါစေ ဘယ်သူကိုမှ မယုံပါနဲ့။ သင့်ကိုယ်သင်သာ ယုံကြည်ပါ။

(၁၇) တစ်ခုခုဖြစ်ပျက်လာဖို့အတွက် မစောင့်ပါနဲ့၊ သင်ကိုယ်တိုင်ပဲ လုပ်ဆောင်ပါ။ အမြဲတမ်း သင်တစ်ယောက်တည်းရဲ့အင်အားနဲ့ မပြီးမြောက်နိုင်တာ မှန်ပေမယ့်၊ တစ်ပါးသူတွေရဲ့ထင်မြင်ချက်တွေကိုလည်း အရမ်းနားမယောင်ပါနဲ့။

(၁၈) အလုပ်ကြိုးစားခြင်းနဲ့ စိတ်အားထက်သန်ခြင်းက သင့်ကို အရာရာအောင်နိုင်စေပါလိမ့်မယ်။

(၁၉) သင်ဘာလဲဆိုတာကို သိရှိနိုင်မယ့်အချိန် မစောင့်ပါနဲ့၊ အဲ့ဒီအစား "သင်ဘယ်လိုလူဖြစ်တယ်" ဆိုတာကို (လူတွေသိအောင်) ဖန်တီးတည်ဆောက်ပါ။

(၂၀) ကမ္ဘာလောကကြီးက သင်လိုက်မှီဖို့ရန် သင့်အတွက်အရှိန်လျှော့ပြီး စောင့်နေမှာမဟုတ်ပါဘူး။(လိုရာခရီးကို သင့်ဘာသာ အရှိန်မြှင့်ပြီး သွားရပါလိမ့်မယ်)။

(၂၁) ဘယ်သူကမှ သင့်အတွက် (ကိုယ်စား) တာဝန်ယူမှာ မဟုတ်ပါဘူး။

(၂၂) ဘဝဆိုတာ တစ်ဦးချင်းကစားရတဲ့ ဂိမ်းတစ်ခုလိုပါပဲ။ သင် တစ်ယောက်တည်း မွေးဖွားရောက်ရှိလာရတယ်။ သင် တစ်ယောက်တည်းပဲ သေဆုံးထွက်ခွာသွားရမယ်။ သင့်ရဲ့ဖြစ်တည်မှုဟာလည်း တစ်ယောက်တည်းပါပဲ။ သင်ဟာ မျိုးဆက်သုံးခုကြာနေထိုင်ရလည်း သင့်ကို ဘယ်သူမှဂရုမစိုက်ပါဘူး။ သင်မရှိခင်အချိန်ကလည်း ဘယ်သူမှ စိတ်မဝင်စားကြပါဘူး။ အားလုံးဟာ တစ်ယောက်တည်းသာကစားရတဲ့ကစားပွဲမှာ ကစားနေကြသူများသာ ဖြစ်တယ်။

(၂၃) သင့်ရဲ့ဘဝလမ်းကြောင်းမှာ လိုအပ်မှုတွေ၊ စိတ်ဓါတ်ကျမှုတွေ၊ အားနည်းမှုတွေနဲ့ အချိန်ပြည့်စိုးမိုးနေပါလိမ့်မယ်။ (အဲ့ဒီအရာတွေဆီက ကင်းဝေးဖို့) အကောင်းဆုံးထွက်ပေါက်ကတော့၊ "ရုန်းထွက်နိုင်ဖို့ ဆုံးဖြတ်ချက်ချခြင်း" ပဲ ဖြစ်တယ်။ သင်မြတ်နိုးတဲ့အရာတွေနဲ့ သင့်ကိုယ်သင် ကယ်တင်နိုင်တာလည်း သင်ကိုယ်တိုင်ပဲဖြစ်ပါတယ်။

(၂၄) လူတိုင်းက သင့်လိုမျိုး စိတ်ထားမတူကြပါဘူး။
သင့်ကိုမှီခိုလို့ရချိန်မှာ သူတို့ကောင်းကြောင်း ပြကြပါလိမ့်မယ်။ သင့်ကိုအသုံးချပြီး သူတို့လိုချင်တာတွေရသွားကြတဲ့အခါ သင့်ကို စွန့်ပယ်သွားကြပါလိမ့်မယ်။ သတိရှိရှိ နေထိုင်ပါ။

(၂၅) သင့်အသက်-၂၅-နှစ် ရောက်တဲ့အခါ ဒီအရာတွေကို လက်ခံနိုင်စွမ်း၊ လုပ်ဆောင်နိုင်စွမ်း ရှိနေသင့်ပါတယ်။ အဲ့ဒါတွေကတော့-

→ တခြားသူတွေရဲ့အောင်မြင်မှုကို ဂုဏ်ပြုပေးနိုင်တာ
→ မနာလို ဝန်တိုမှုတွေကို ရှောင်ကြဥ်နိုင်တာ
→ စိတ်ဓါတ် ပွင့်လင်းတာ
→ စိတ်သဘောထား မသေးသိမ်တာ
→ ရည်ရွယ်ချက်ထားပြီး လုပ်ဆောင်တာ
→ ကျေးဇူးတင်ထိုက်သူတွေကို ကျေးဇူးပြုတတ်တာ
→ ရိုးရိုးသားသား ပြောတတ်ပါ
→ နေ့စဉ် လေ့ကျင့်ခန်းလုပ်တာ
→ အတင်းအဖျင်းတွေ ရှောင်တတ်ပါ
→ သန့်ရှင်းတဲ့ အစားအစာတွေ စားတာ
→ ခွင့်လွှတ်နားလည်တာ
→ နားထောင်တတ်တာ
→ သင်ယူတတ်တာ
→ ချစ်မြတ်နိုးတတ်တာ

  ကဲ- ဒီ Post ကတော့ ဒီလောက်ပါပဲ။ သင့်အတွက် တစ်စုံတစ်ရာ အကျိုးရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

  ဒါကတော့ မူရင်းအင်္ဂလိပ်စာ ဖော်ပြချက်ပါ။

MY ADVICE TO YOUTHS(2)

13. Comfort is the worst addiction and cheap ticket to depression.

14. Prioritize your family. Defend them even if they stink, even if they are idiots. Cover their nakedness.

15. Find new opportunities and learn from people ahead of you.

16. Trust no one. Not a single person no matter how tempted. Believe in yourself.

17. Don't wait for miracles make them happen. Yes you can't always do it alone but don't listen to the opinion of people.

18. Hardwork and determination can make you achieve anything.

19. Stop waiting to discover yourself. Create YOU instead.

20. The world won't slow down for you.

21. No one owes you anything.

22. Life is a single-player game. You’re born alone. You’re going to die alone. All of your interpretations are alone. You’re gone in three generations and nobody cares. Before you showed up, nobody cared. It’s all single-player.

23. Your life path is designed in such a path that you feel needy, depressed and weak all the time. And there's only one way out, which is deciding to get out. No one but you will save yourself and your loved ones.

24. Not everyone has the same heart as you. Not everyone is honest with you as you are with them. You will meet people who will use you for their gain and then discard you once that section of their life has passed and they are fulfilled. Stay woke.

25. By age 25, you should be smart enough to:
→Celebrate the success of others
→Avoid jealousy and envy
→Keep an open-mind
→Avoid assumptions
→Act with intention
→Practice gratitude
→Speak honestly
→Exercise daily
→Avoid gossip
→Eat clean
→Forgive
→Listen
→Learn
→LOVE


Credit - Dony the sophist
           - Tin Zin Juu
Translator - M Min Nyo
#KnowledgeSharing
#Translation
#MMinNyo

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးတော်လ်စတွိုင်း နောက်ဆုံးနေ့ရက်များဘာလို့ မုန်းကြတာလဲစိတ်ဓာတ်ကျနေတဲ့အခါပျင်းစရာရှိတာ အားပါးတရ အပျင်းကြီးလိုက်ပါဆင်းရဲသားလေး ဂျက်လန်ဒန်ဟိုစပ်စပ်ဒီစပ်စပ်မလုပ်နဲ့ (၁)ဖတ်နိုင်သမျှ များများဖတ်ပေးပါမရိုးတရိုးရှောင်တာက ကြောက်ခြင်းမဟုတ်