SarPhat Author
Part -4(End)
မိန်းကလေးနှစ်ဦးသည် မိမိရှိရာ အအေးဆိုင်သို့ နီးကပ်လာလေ နိုင်လင်း၏ ရင်ခုန်နှုန်းတို့သည် ခုန်မြန်လာလေသည်။ မိမိရှိရာ အအေးဆိုင်ကိုကျော်ပြီး သူတို့ဘာသာ လမ်းဆက်လျှောက်သွားလေသည်။ နိုင်လင်းမှာ "အမ် သူတို့မဟုတ်သေးဘူးဟ" ဆက်စောင့်နေလေသည်။ နိုင်လင်းစောင့်နေသည်မှာ ၁နာရီ နီးပါးရှိနေပြီးဖြစ်ရာ အပြန် ကားမရှိသည်နှင့်ကြုံမည်ကို စိုးရမ်စပြုလာလေသည်။ ထို့နောက် နိုင်လင်းသည် ငြိမ်းသီရီ၏ သူငယ်ချင်းဆီသို ဖုန်း ထပ်ဆက်လိုက်လေသည်။
ဖုန်းဝင်သွားပြီး နိုင်လင်းမှ
"Hello sisရေ မလာသေးဘူးလားခင်ဗျ"
တစ်ဖက်မှ ဘာမှပြောသံမကြား
"ဒီမယ် ရှင့် အဲ့လောက်ကြီးကျ မလွန်ဘူးလားရှင့်"
ဆီး၍ရန်တွေသံ ကို ကြားလိုက်သည်။ သေချာပါသည် ။ဒီအသံသည် ငြိမ်းသီရီပဲ ဖြစ်ပါလိမ့်မယ်။
"မ..မ...မဟုတ်..ပါ..ဘူး.....ကျွန်...တော်....က စာ..အုပ်...လေး..."
"တော်တော် ရှင် အဲ့လောက်ထိ ကျွန်မကို စိတ်အနှောက်အယှက်ပေးဖို့ရည်ရွယ်ထားသလား။ ဒီထိ ရောက်လာ စုံးစမ်းနိုင်တာကို ချီးကျူးပေမဲ့ ရှင့်အချစ်ကို လက်မခံနိုင်ပါဘူး။ ဒီလောက မှာ ချစ်စရာကောင်းတဲ့ မိန်းကလေးတွေ အများကြီးပါ။ ကျွန်မရှင့်ကို ဆက်မချစ်နိုင်ပါဘူး။ ရှင့်မျက်နှာလည်း မမြင်ချင်လို့ လာမတွေ့တာပါ။ ဒီလောက်ဆိုတော်ရောပေါ့။ မချစ်တာနိုင်ဘူးဆိုကတည်းက တော်သင့်ပြီး။ ရှင့်က တရားလွန်လာတော့ ကျွန်မက မုန်းပစ်ရလိမ့်မယ် ။ လာရာလမ်းတိုင်းသာ လှည့်ပြန်ပါ ကိုနိုင်လင်း"ပြောပြောဆိုနှင့် ဖုန်းချသွားလေသည်။
နိုင်လင်း၏ မျက်ဝန်း၌မျက်ရည်တို့ စိုစွတ်လာလေသည်။ ငိုချင်စိတ်ကို ထိန်းထားပြီးပြန်ရမည် ဟုတ်သည် အားတင်းရမည်။ လက်ဆောင်ပေးမည့် စာအုပ်လေးကို ကျစ်ကျစ်ပိုက်ရင်း "အန်တီ ရှင်းမယ်"အအေးဖိုးရှင်းကာ ထွက်လာခဲ့သည်။ နိုင်လင်းသည် ကိုယ်ကို မရပ်နိုင်သော်လည်း ရှိသမျှအားစုကာ လိုင်းကားစောင့်ပြီး မြောက်ဒဂုံသို့ ပြန်လေသည်။မြောက်ဒဂုံသို့ပြန်ရောက်သော်အခါ တင်းထားသမျှ လျော့ချပြီးငိုချမိတော့သည်။ခေါင်းထဲ၌ သန်းတင့်၏ကဗျာစာသားတစ်ချို့ပေါ်လာ ပြီး ရေရွတ်မိလိုက်သည်။
"ရှင်ဘုရင်ဆိုတာ
ဆန္ဒရှိရာကိုပြောနိုင်တဲ့ နေရာလို့ ကျွန်တော်ထင်ခဲ့တယ်
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပါခင်ဖုန်းသက်ဝေ။
အဖိုးတန်ကြယ်လေးတစ်လုံး ကျွန်တော် ထွန်းထားရစ်ပါတယ်။
မျက်စောင်းတွေနက် ပလ္လင်တော်
မပျော်ပဲရယ်ပြနေတဲ့ တိမ်တအုပ်
ဗျိုင်းတအုပ် မြူတအုပ်။
ဆေး....ပြယ်...စသ...င်္ဘော..ကြီးတွေက
မြစ်...လယ်..မှာ...တ...ရွေ့ရွေ့
ပြန်....ဆုံ....ကြ...ဖို့ အ..စီ...အ..စဉ်သည် ရှိ၏ မရှိ၏"ဟုတ်ပါသည် ပြန်ဆုံရန် အစီအစဉ်ကားမရှိတော့ပေ။
မျက်ဝန်းမှ မျက်ရည်တို့သည် ပြိုက်ခနဲ ပြိုက်ခနဲ။
တစ်လကြာပြီးနောက်
နိုင်လင်းသည် online shop အလုပ်မှ ထွက်ပြီး ကွန်ပျူတာ basicတန်းတက်လေသည်။အကြောင်းမှာ သင်တန်းတက်နေရင်းအလုပ်ကို တစ်ပတ်လျှင် ခွင့်နှစ်ရက်ယူနေရသဖြင့် ဝေယံနှင့်ဝေယံ၏မိဘအား အကျိူးအကြောင်းပြောပြပြီး အလုပ်မှထွက်ခဲ့လေသည်။ ကွန်ပျူတာသင်တန်းတွင် စာရိုက်နည်း လက်ကွက်အပြင် pdf file တည်ဆောက်နည်း၊ Email ပို့နည်း၊Cv file လုပ်နည်း၊
word, Excel,power point သင်ခဲ့ရလေသည်။ ကွန်ပျူတာသင်တန်း၌ သင်ခဲ့ရသော Email ပို့နည်းဖြင့် website တွင်တင်ထားသော email များဖြင့် အလုပ်ခေါ်ထားလျှင် လျှောက်တတ်ခဲ့သည်။ ထို့ပြင် Cv ဖောင်အား ကိုယ်တိုင်ကျ လုပ်တတ်သွားလေသည်။ cv file pdfအား ဖုန်းထဲသိူ့ ထည့်ထားပြီးထို file အား email ပို့လျှင်တစ်ပါးတည်းထည့်ရသည်။အင်တာဗျူးေခါ်လျှင်print ထုတ်ပြီး လျှောက်ရုံသာဖြစ်သည်။
Website တစ်ခုတွင် customer service အလုပ်ခေါ်နေသည်ကိုတွေသောအခါ မိမိနှင့်ကိုက်ညီသည့်နှင့်တွေပြီးဆိုကာ mailပို့လိုက်လေသည်။ နှစ်ရက်အကြာတွင် ဖုန်းခေါ်လာပြီး အင်တာဗျူးလာရန် လိပ်စာပေးလိုက်လေသည်။ ထိုလိပ်စာအတိုင်းသွားပြီး အင်တာဗျူးသောအခါ လက်ကွက်ရိုက်နည်း customer မှ ပစ္စည်းအကြောင်းမေးမြန်းလျှင် မကောင်းဘူးဟု စောဒတက်လာလျှင် ပြောရမည်စာများကို ရွတ်ပြခိုင်းလေသည်။
လာကောက်အင်တာဗျူးသူများသည် ချောချောမွေ့မွေ့ဖြစ်သော်လည်း နိုင်လင်းမှာ အလွှဲအလွှဲအချော်ချော်နှင့်ဖြစ်လေသည်။ ထိုနောက် Cv ဖောင်အား ယူလာစေပြီး တစ်ယောက်ချင်းစီဗျူးလေသည်။ နိုင်လင်း၏အလှည့်သို့ရောက်သောအခါ
အင်တာဗျူးသူသည် မိမိ၏ Cvဖောင်ကြည့်ပြီး မေးလေသည်။ နိုင်လင်းလည်း သင့်တင့်သောစကားလုံးတို့ဖြင့်ပြောဆိုပြီး
"အစ်မ ကျွန်တော် ဒီအလုပ် မရလည်း တခြားအလုပ်ရှိရင်ထည့်ပေးနော် ကျွန်တော် ဘာအလုပ်ဖြစ်ဖြစ်လုပ်ချင်လို့ပါ "
"အင်းမောင်လေး အစ်မ မှတ်ထားပေးမယ်"
ဤသိုနှင့် အင်တာဗျူးမှ ပြန်လာခဲ့လေသည်။ နှစ်ပတ်အကြာတွင် အင်တာဗျူးခဲ့သောအစ်မမှဖုန်းဆက်လာလေသည်။
"မောင်လေး customer service က မောင်လေးမရဘူး တစ်ခြားအလုပ် ရှိတယ်။ မဲတွေရေရမှာ လုပ်မလားမောင်လေး မပင်ပန်းဘူး။ တစ်ပတ်နှစ်ရက်ပိတ်တယ်။ public holiday ပိတ်တယ်။ Ot မရှိဘူး။ဖယ်ရီပေးတယ်။ သီလဝါစက်မှုဇုန်မှာစက်ရုံမှာဆငိးရမယ်။လစာက နှစ်သိန်းသုံးသောင်း။ အလုပ်ချိန်က မနက်၈ ညနေ၅ ။မနက်၈နာရီဆိုပေမဲ့ ဖယ်ရီစီးရတာ့မနက် ၇နာရီတော့အရောက်လာပေးရမှာပေါ့ လုပ်မလားမောင်လေး"
နိင်လင်းမှာ ဝမ်းသာသွားပြီး "ဟုတ်ဟုတ် အစ်မလုပ်မယ်"
"အဲ့တာဆို အစ်မ
အဲ့ဘက်ကို cvဖောင်တင်ပေးလိုက်မယ်နော်"
နောက်ထပ် နှစ်ပတ်အကြာတွင် ဖုန်းဝင်လာပြီး
"အေ့ညီလေးရေအင်တာဗျူးအောင်တယ် ၁ရက်နေ့အလုပ်စဆင်းလို့ရပြီး။ ပြီးတော့ညီလေးက ဘယ်ကလာမှာလဲ"
"မြောက်ဒဂုံက လာမှာပါ "
"အစ်ကိုတို့ဖယ်ရီက အဲ့ထိတော့ လာမကြိုဘူးညီလေးမင်း ၁၀၈တောင် သာကေတအဝိုင်းအဲ့ကို လာပေးလို့ရလား"
ဟုတ်ဟုတ် ရပါတယ်အစ်ကို ကိစ္စမရှိပါဘူး လာခဲ့ပါ့မယ်။ ဘယ်ကားတွေ ရောက်လဲအစ်ကို"
"၄၂"ရောက်တယ်ညီလေး ပြီးတော့ နောက်မကျစေနက်နော် အစ်ကိုတို့က ၇နာရီ ၁၅ထိပဲ စောင့်တာ ။ရောက်ရင် ဒီနံပါတ်ကိုဆက်လိုက် 09----"
"ဟုတ်ဟုတ်အစ်ကို လာခဲ့မယ်"
နိုင်လင်းပျော်ရွှင်သွားပြီး ရက်စွဲကြည့်လိုက်သောအခါ ၂၉ရက်နေ့ဖြစ်နေလေသည်။တစ်ဘက်ခါအလုပ်ဆင်းရမည် ဖြစ်သဖြင့် ပျော်နေသည်။
သွားမည်မှတ်တိုင်အား Happy go go app မှကြည့်လိုက်သောအခါ
"(၈၄)စီးပြီး ကျောက်တိုင်သိူ့သွားပါ။ လမ်းတစ်ဖက်သို့ကူးပါ (၃၃,၄)စီးပြီး၁၀၈တောင်တွင်ဆင်းပါ။
သို့မဟုတ်
"(၈၄) စီးပြီး ဘေလီသိူ့သွားပါ။ (၄၂)စီးပြီး ၁၀၈တောင်သိူ့သွားပါ"ဟူ၍ ရေးထားလေသည်။
(၁)ရက်နေ့သို့ရောက်သောအခါ မိမိသည် ဝီရီယရှိစွာစောစောထဖြစ်ခဲ့သည်။( ၈၄)စီးကာ ဘေလီ၌ဆင်းပြီး ၄၂ပြန်စီးကာ
၁၀၈တောင်၌ စောင့်နေလေသည်။၁၀၈တောင်သို့ရောက်သောအခါ ၆နာရီ ၄၅ရှိနေပြီးဖြစ်သည်။ ၇နာရီထိုးသောအခါ မိမိအားပေးထားသောဖုန်းနံပါတ်ဆက်ပြီး မိမိရောက်ပြီးဖြစ်ကြောင်း ပြောလေသည်။ ဤသိူ့နှင့် သူရှာကိုယ်ရှာနှင့် တွေ့သွားပြီး ဖယ်ရီကားပေါ်သို့တက်လေသည်။ ထိုနောက် ဖယ်ရီကားပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် တက်လာလေသည်။ နိုင်လင်းအားကြည့်ပြီး လူဟောင်းများဖြစ်ဟန်တူသည့်လူများက "ကောင်းမြတ်အစားဝင်တာဖြစ်မယ်"ဟုပြောကြလေသည်။ ထိုနောက် ကားသည်စတင်ထွက်ခွာလာပြီး သန်လျင်တံတားပေါ်တက်လေသည်။ မနက်ပိုင်းသည် သိပ်မဆိုးပေ။ ညနေပိုင်း အလုပ်ဆင်းချိန်ရောက်သောအခါ တံတားတက်သည်အခါ ကားပိတ်သည့်အဖြစ်မျိုးနက်ကြုံရလေသည်။ တံတားပေါ်တွင်ကားတစ်စီးစီးးပျက်ခဲ့လျှင် သွားပေရော့။
ထိုနောက် ဖယ်ရီကားသည် တစ်နေရာရောက်တွင်ရပ်သွားလေသည်။ ဘေးပတ်ဝန်းကျင်တွင် လူအများနှင့် ရှုပ်ယှက်ခတ်နေပြီး လက်ဖက်ရည်ဆိုင်၊ shopping center,မုန့်တီဆိုင်, အကြော်ဆိုင် စသည်တိူ့ဖြင့် ရှိနေသည်။ ကားရပ်ပြီး မကြာမှီတွင် လက်ဖက်ရည်ဆိုင်မှ လူတစ်စုသည် လမ်းကူးလာပြီး ဖယ်ရီကားပေါ်သို့တက်လာလေသည်။"လူအသစ်လားရောက်တာလား" ပြောဆိုသံ ထပ်မံကြားလိုက်လေသည်။ထို့နောက်သူတိူ့ဘာသာ စကားပြောပြောကြပြီး ရီလိုက်မောလိုက်နှင့် တော်တော်ေးပျော်စရာကောင်းသည့် ဘဝပင်ဖြစ်ပေလိမ့်မည်။
စက်ရုံသို့ရောက်သောအခါ လုံခြုံရေးများမှ နာမည်ရေး လက်မှတ်ထိုးစေပြီး ခန္ဓာကိုယ်အားစစ်လေသည်။
ထို့နောက် လူဟောင်းများနှင့် အလုပ်လုပ်ရမည့်နေရာသိူ့လိုက်သွားပြီး ထိုနေရာတွင် လုံခြုံနှစ်ဦးကိုထပ်တွေပြန်သည်။ မိမိအားနာမည်မေးပြီး စာရင်းတွင်မှတ်လိုက်သည်။ ထိုအလုပ်ရုံထဲတွင် လူဟောင်းများ က ဆရာဟုခေါ်သည့် လူကြီးတစ်ယောက်နှင့် အန်တီဟုခေါ်သော အန်တီတစ်ယောက်ရှိနေလေသည်။ ခဏအကြာတွင် "အားလုံးမောနီးပါ"ဟုတ် နှုတ်ဆက်လိုက်ပြီး အန်တီတစ်ယောက်ဝင်လာလေသည်။
နောက်မှ ဝင်လာသောအန်တီမှ အလုပ်ရုံထဲတွင်ရှိနေသော အန်တီအား
"မမရေ သမီးတို့ကလေ ---------"အကြောင်းအရာစချီကာ ပြောနေလေသည်။ ညနေ အလုပ်ဆင်းသောအခါ လုံခြုံရေးမှ ထပ်စစ်ပြန်လေသည်။ ဂိတ်ပေါက်ထွက်ခါနီးတွင်လည်းတစ်ခါ စစ်ပြန်သည်။ ဤသို့နှင့် နိုင်လင်း အလုပ်လုပ်သည်မှာ တစ်ပတ်ပြည့်သွားခဲ့လေသည်။ အလုပ်ထဲရှိ လူများအား သိပ်မမှတ်မိသေးသော်လည်း မှတ်မိနေသည့်သူများလည်းရှိနေပြီးဖြစ်သည်။
မနက်7နာရီ10မိနစ်ခန့်တွင်ရောက်လာတတ်သော ငှက်ပျော်သီးနှစ်တွဲ အသုပ်တစ်ထုပ်ပါလာသော အရပ်ထွားထွားနှင့်သူက ရားရား။
ဘေးလွယ်အိတ် လွယ်ပြီး ပစ္စည်းအစုံပါတတ်သော သုတ။
အဝတ်အစားဖိုသီဖတ်သီဝတ်လေ့ရှိသော မောင်မောင်ထွေးနှငိ့ အေးမင်းစိုး။
တက်တူးအပြည့်နှင့် ကြေမွနေသော ဖုန်းလေးကိုင်သူ ထက်နိုင်ဝေ။
အဝတ်အစားသေသေရပ်ရပ်ဝတ်လေ့ရှိပြီး HR နှင့်မခြားသည့် ရဲအောင်။
ကျန်ရှိသည့်လူများအား မျက်မှန်တန်းမိရုံရှိသေးသည်။
ညနေပိုင်း အိမ်ပြန်နေချိန်တွင် မောင်မောင်ထွေးဆိုသူသည် ချစ်သူနက်အဆင်မပြေဖြစ်နေ၍ ရားရားမှ နားချနေသည်။ အစောပိုင်းက သတိမပြုမိသော်လည်း တစ်စွန်းတစ်ကြားရင်းနားထောင်မိသွားသည်။
"စိတ်ဆိုးစိတ်ကောက်တယ်ဆိုရင် ပြန်ချော့လို့ရသေးတယ်ကွာသိလား။ ခုဟာက သူစိတ်နက်သူ့ ဆက်မသွယ်တော့တာက တကယ်မချစ်လို့ပေါ့။ သူ့လည်း လူလမ်းလျှောက်ပါစေ။ မင်းလည်း မင်းလမ်းလျှောက်ပေါ့။ လောကမှာ လူအများကြီးရှိသေးတယ် တစ်ယောက်မဟုတ်တစ်ယောက်နက် တွေ့ဦးမှာပါ။ သူ့မှာ သူ့အနာဂါတ်ရှိသလို မင်းမှာလည်းမင့်အနာဂါတ်ရှိသေးတယ် ။ကိုယ့်အနာဂါတ်အတွက်ပဲ ကြိုးစားပါ။အဲ့တစ်ေယာက်အတွက်နဲ့ ကိုယ့်အနာဂါတ်မနစ်မွန်းပါစေနက်"
ထို့နောက်သူတိူ့နှစ်ယောက်ပြောသည်ကြားပင် နိုင်လင်းသည် "ရားရားပြောနေတာ ကျနော်ကိုပါထိတယ်ဗျာ" ဆိုလိုက်ရာသူတိူ့နှစ်ယောက်သည် ပြုံးစိစီဖြစ်ကုန်သည်။
ဖယ်ရီကားလေးသည် သန်လျင်တံတားပေါ် တဖြေးဖြေးတက်လာလေသည်။ တံတားပေါ်မှ ပုဇွန်ဆီရောင်တိမ်တိုက်ကိုငေးရင် နိုင်လင်းမှာ မိမိသည် သူတစ်ယောက်တည်းနှင့် နစ်မွန်းမိေနပြီးလား။ တစ်ချို့သူများ အရမ်းချစ်ခဲ့ကြသည်။ သဘောထားမတိုက်ဆိုင်၍ အရင်းနှီးဆုံးသူစိမ်းတွေဖြစ်ခဲ့ရသည်။ မိမိမှာ မူ တစ်ပါးသူအတွက် အရင်းနှီးဆုံး သူစိမ်းမဟုတ် ဧည်သည်သာသာဖြစ်ခဲ့ရသည်။ သို့သော် တကယ်ချစ်ခဲ့ရသည်။ အပျော်ကြံသည်မဟုတ်။သိူ့သော် တစ်ဖက်သူ့မှ လက်မခံသည်ဖြစ်ရာ ဘယ်တတ်နိုင်ပါ့မည်နည်း။ မိမိဒဏ်ရာကို အချိန်ကသာ ကောင်းကောင်းချည်းကုစားနိုင်လောက်မည်။တိုက်ဆိုင်မှုတွေရှိလာခဲ့လျှင် ဧည့်သည်ဖြစ်စေကာမူ ငြိမ်းသီရီအား လွမ်းနေဦးမည် ဖြစ်ပေသည်။
"ပြီးးးး"
Keep Reading