Yuķì
တစ်ခါတလေမှာ ဘဝဟာရှင်သန်ရတာ ဘာအဓိပ္ပာယ်မှမရှိတော့သလိုဘဲ။ မနက်ခင်းမှာတောင် တကူးတကနိုးထဖို့ အကြောင်းရင်းရှိမနေတော့ဘူး။ငါဟာ အကြာကြီးအိပ်စက်သွားချင်တယ်။
ထာဝရအိပ်စက်ခြင်း (သို့)မနိုးတော့သောအိပ်စက်ခြင်းနဲ့ပေါ့။
မိုးတွေညို့လို့ပြိုဆင်းတဲ့အခါ ကျဆင်းလာတဲ့ မိုးရေစက်လေးတွေကို့ ငေးမိတယ်။ ပြီးတော့မေးမိတယ်။ဘာလဲ??လူ့ဘဝရဲ့ အဓိပ္ပာယ်ဟာဘာလဲလို့?? ငါတို့ဘာကြောင့်ရှငိသန်နေတာလဲပေါ့။မိုးရေစက်တွေက ပြတင်းမှန်ကို လာရောက်ထိမှန်ပြီး စီးကြောင်းထင်ရစ်တယ်။ အဲ့ဒီရေစက်လေးတွေဟာ သဘာဝသံစဉ်တစ်ခုကိုတီးခတ်ပြီး ကခုန်မြူးနေကြလေရဲ့။ငါ့ဘဝကရော အဲ့လို မပျော်ရွှင်နိုင်ဘူးလား။အထီးကျန်ခြင်းကိုငါကြောက်သလား။ဘဝဟာ အထီးကျန်ခြင်းလို့ ဘယ်စာပေကများ ငါ့ခေါင်းထဲရိုက်သွင်းခဲ့သလဲလေ။
Keep Reading