Var Han Jar
"တစ်ဖက်လူရဲ့စကား(Speaking)"
ကြုံဖူးလားမသိဘူး။ ကိုယ့်ကိုယ်အခြားတစ်ယောက်ယောက်က စကားမပြောတဲ့အခြေအနေမျိုးပေါ့။ အဲ့လိုချိန်ကြရင် ရင်ထဲမယ် အောင့်သက်သက်နဲ့ နေရခက်နေတာလေ။ သူဘာလို့ ငါ့ကိုစကားမပြောတာလဲ? သူငါ့ကို ဘာစိတ်ဆိုးပြီးဒီလိုစကားမပြောတာလဲ?တွေးမိလာတယ်။ ကိုယ့်ကိုယ် အရေးတယူလုပ်ပြီး စကားမပြောကြတဲ့ခါ အထီးကျန်သလို ခံစားမိတတ်ကြပါတယ်။
တကယ်တော့ ရှင်းရှင်းလေးပါပဲ တစ်ဖက်ကိုကိုယ်က ဂရုစိုက်နေလို့ တစ်ဖက်လူရဲ့စကားကိုမျှော်နေမိတာပါ။ဟန်ကတော့ ကိုယ့်ကိုယ်ကိုယ်စိတ်ထဲကနေ ပြောကြည့်ဖြစ်တာကတော့။တစ်ဖက်လူကကိုယ်နဲ့ စကားလာပြောတဲ့အခါ ဘာတွေပြောမှာလဲ? တစ်ဖက်လူပြောမယ့်စကားက
_ကိုယ့်ကိုပျော်ရွှင်စေသလား
_ကိုယ့်ကိုအားဖြစ်စေသလား
_ကိုယ့်အတွက်ပညာရစေသလား
_ကိုယ့်အတွက်ဗဟုသုတဖြစ်စေသလား
သူပြောနေကြက ကိုယ့်အတွက်ဘယ်အရာမှ အကျိုးရှိမနေရင် ဘာလို့အဓိပ္ပာယ်မဲ့ တစ်ဖက်လူစကားကို ကိုယ်ကမျှော်နေမှာတဲ့လဲ။ အကျိုးမရှိပြောဖြစ်နေတဲ့လူတစ်ယောက်က ကိုယ့်ကိုစကားမပြောတာကို ဘာတွေးနေစရာလဲ။ သူနဲ့ပြောနေရတာ ကိုယ့်အတွက်အချိန်ကုန်ပါတယ်။ မြန်မာလူမျိုးတော်တော်များများကလဲ အလာဘသလာဘ စကားထွေးရောလေးပါးပြောဖို့ ဝါသနာပါကြတယ်။ အဲ့စကားတွေက ဘာလုပ်မှာလဲ။ ဟန်တော့ အဲ့လိုအကျိုးမဲ့စကားတွေ မျှော်နေမယ့်အစား အကျိုးရှိတဲ့အရာကိုပဲ လုပ်ဖြစ်လိုက်တယ်။ ကိုယ့်ကိုယ်ကိုယ် ရှိနေသ၍ အထီးမကျန်ပါဘူး။
စကားပြောဖော်မရှိလို့ ကိုယ့်နား ဘယ်သူ့မှအရေးတယူလုပ်မနေလို့ဆိုပြီး အထီးကျန်မနေပါနဲ့။ အကျိုးရှိစေမယ့်အရာတွေလုပ်ပြီး အကျိုးရှိစေမယ့်စကားပြောတဲ့ လူထံမှပဲ စကားတွေကိုမျှော်လင့်တာ အကောင်းဆုံးပါပဲ။ အချိန်တွေဆိုတာ တန်ဖိုးရှိတာမို့ တစ်ဖက်လူစကားမပြောတာကို သိမ်ငယ်အထီးကျန် စဥ်းစားနေမယ့်အစား စာအုပ်ဖတ်ပါ။ လေ့လာသင်ယူပါ။ လေးစားအားကျရတဲ့သူတွေနဲ့သာ စကားများများပြောပါ။
လျစ်လျူရှူသင့်တဲ့အရာကို အဓိကထားနေတတ်ကြပါတယ်။ လျစ်လျူရှူရမှာကို ရင်ထဲလဲမထားနဲ့။ဦးနှောက်ထဲလဲမထားနဲ့။ စာဖတ်သရဲလေးတို့အတွက် အဆိပ်ဖြစ်စေမယ့် စကားသံတွေကို မမျှော်မိပါနဲ့ပေါ့နော်။
#varhanjar
Keep Reading