MoeKyaw
ကောင်းသောအိုခြင်းဖြစ်ပါစေ
--------------------------------------------
? ဘုရားရှင်ဟာ
သာဝတ္ထိမြို့တွင်းက
ဆွမ်းခံပြီးအပြန်မှာ
ဘုရားရှင်ရဲ့
မလှမ်းမကမ်း နောက်ပါးက
အသက်ရှစ်ဆယ်ကျော်
ခိုကိုးရာမဲ့ ဗြာဟ္မဏနွယ်ဝင်
ပုဏ္ဏားအိုကြီးတစ်ယောက်ဟာ ဇေတဝန်ကျောင်းတော်အထိ
လိုက်ပါလာခဲ့ပါတယ် ။
? ဘုရားရှင်နဲ့ သံဃာတော်များ
ဆွမ်းဘုဉ်းပေးပြီးတဲ့အခါ
ကြွင်းကျန်တဲ့ ဆွမ်းကျန်
ဟင်းကျန်များကို
ပုဏ္ဏားအိုကြီးဟာ
နေစရာစားစရာ မရှိတဲ့သူများနဲ့အတူ
တိုးဝှေ့ကာ ရသရွေ့ စားသောက်ခဲ့ပါတယ် ။
? အဲဒီနောက် မြတ်စွာဘုရား
တရားဟောဖို့ အသင့်ဖြစ်နေတဲ့
တရားသဘင် ကျင်းပမယ့်နေရာကို
ပုဏ္ဏားအိုကြီး ဟာ တရွေ့ရွေ့ ၊
တလှုပ်လှုပ်နဲ့ ကုပ်ကုပ်ကလေး
ဝင်ရောက်လာခဲ့တာ ဘုရားရှင်နဲ့
ရှေ့အနီးဆုံးနေရာကို
ရောက်သွားခဲ့ရပါတော့တယ် ။
? ပုဏ္ဏားအိုကြီးဟာ
မြတ်စွာဘုရားကို
အများနည်းတူ နဖူး ၊
ဒူးနဲ့ တံတောင်ကျအောင်
ရှိခိုးဦးချဖို့ ကြိုးစားရှာပါတယ် ။
? ဒါပေမဲ့ ပုဏ္ဏားအိုကြီးရဲ့
ဒူးက ကွေးမရ ၊
ခါးကလည်း မညွှတ်နိုင် ၊
ကယိုင်ကပါးနဲ့
ထိုင်ချလိုက်တဲ့အခါ
သူ့ရဲ့ကိုယ်ခန္ဓာ
နေရာများစွာမှ ဖြစ်ပေါ်လာရတဲ့
နာကျင်မှုများစွာကြောင့်
ပါးစပ်ကနေ
" ကျွတ်ကျွတ်.. !
" မြည်သံများဟာ
အဆက်မပြတ် ထွက်ပေါ်လာခဲ့ရပါတယ်
? မိမိရှေ့မှောက်
အနီးဆုံးရောက် လာတဲ့
ပုဏ္ဏားအိုကြီးရဲ့
ဇရာနဲ့ ဗျာဓိ တွဲလျက်ရှိနေတာကို
ဘုရားရှင်က သိမြင်တော်မူပါတယ် ။
မိမိရဲ့ အနီးဆုံးနေရာသို့
ရောက်အောင်ဝင်လာရှာသူ
ပုဏ္ဏားအိုကြီးကို
ဘုရားရှင်က
လောကဝတ်တရားအရ
နှုတ်ခွန်းဆက်သတဲ့အနေနဲ့ ...
" နေကောင်းရဲ့လား..
ကျန်းကျန်းမာမာရှိရဲ့လား..! " လို့
အမေးစကား မြွက်ကြားတော်
မူလိုက်ပါတယ်။
? ပုဏ္ဏားအိုကြီးက
ကတုန်ကယင် လေသံသဲ့သဲ့ဖြင့်
ပြန်လည်ဖြေကြား
လျှောက်ထားလိုက်ပုံက
“မြတ်သောဗုဒ္ဓဘုရား-
တပည့်တော်ဟာ
အသက်ရှစ်ဆယ်ကျော်လာပြီဆိုတော့
အိုမင်းရင့်ရော်လှပါပေါ့ဘုရား ။
? ဆွေးသည်ထက်
ဆွေးလာနေပြီဖြစ်တဲ့
အိမ်ဂေဟာကြီးတစ်လုံးမှာ
ဘာတစ်ခုမျှ
ကောင်းတာမရှိတော့သလို
တပည့် တော် ပုဏ္ဏားအိုကြီးရဲ့
ခန္ဓာအိမ်ကြီးမှာလည်း
ကောင်းတာဆိုလို့
ဘယ်အရာမှ မရှိတော့ပါဘုရား။
? လူဆိုတာ
အိုမင်းရင့်ရော်လာလင့်ကစား
ဘယ်လိုအရာတွေများ
ရှိထားမယ်ဆိုရင်
အိုရတာ ကောင်းတယ်ဆိုတာ
တပည့်တော် လူအိုလူဆွေးကြီးကို
သနားသောအားဖြင့်
သိခွင့်ပေး တော်မူပါဘုရား” လို့
ဘုရားရှင်အား
လျှောက်ထားလိုက်ပါတယ်။
? ဒီအခါ ဘုရားရှင်က
အို ပုဏ္ဏားကြီး. ..
? ၁ ။ “ ကိုယ်ကျင့်သိက္ခာ
သီလရှိထားမှ
အိုရတဲ့အခါ ကောင်းမယ် ။
? ၂ ။ သဒ်ဓါတရား
ခိုင်မြဲမှုရှိထားမှ
အိုလာတဲ့အခါ ကောင်းမယ် ။
? ၃ ။ ပညာတတ်မှ
အိုလာတဲ့အခါ ကောင်းမယ် ။
? ၄ ။ ကောင်းမှုပုညရှိထားမှ
အိုရတာ ကောင်းမယ်” လို့
ပုဏ္ဏားအိုကြီးကို
ပြန်လည် ဖြေကြားခဲ့ပါတယ် ။
?? ဘုရားရှင်
ညွှန်ပြ ဖြေကြားတဲ့စကားကို
ကြားလိုက်ရတဲ့ ပုဏ္ဏားအိုကြီးဟာ
နှစ်သက်ဝမ်းမြောက်
အံ့ဩမှုတွေ ဖြစ်သွားခဲ့ရပါတယ် ။
?? ဘာကြောင့်လဲဆိုတော့
အသက်ရှစ်ဆယ်
ကျော်လာသည်အထိ
ပုဏ္ဏားအိုကြီး
ဆည်းကပ် ကိုးကွယ်လာခဲ့တဲ့
ဆရာသမားများဟာ
မည်သည့်အခါကမျှ၊
မည်သူ တစ်ဦးတစ်ယောက်ကမျှ
ဗုဒ္ဓဘုရားရှင်ကဲ့သို့
ညွှန်ပြနိုင်ခဲ့ခြင်း
မရှိခဲ့လို့သာ ဖြစ်ပါတယ်။
ဒါကြောင့်
ပုဏ္ဏားအိုကြီးရဲ့စိတ်တွင်းမှာ
အိုမင်းလာရတဲ့အခါ
ကောင်းတာ ဘာမျှမရှိလို့
အသိဝင်ခဲ့ရခြင်း ဖြစ်ပါတယ်။
?? အခုလိုအိုတဲ့အခါ
ကောင်းအောင် ရှိထားသင့်တဲ့၊
ရှိထားအပ်တဲ့ အရာများကို
ဘုရားရှင်က
ညွှန်ပြတော်မူလိုက်တဲ့အခါမှ
ပုဏ္ဏားအိုကြီးဟာ
သူ့ရဲ့ ရှေ့လာမယ့်
အိုမင်းတဲ့ ဘဝခရီးမှာ
ဖြည့်ဆည်းကျင့်ဆောင်ကာ
ရှိအောင်လုပ်ထားရမယ့် အရာများ၊
ပြည့်အောင်
လုပ်သွားရဦးမယ့် အရာများကို
ကွက်ကွက် ကွင်းကွင်း၊
လင်းလင်းထင်ထင်
သိမြင်သွားခဲ့ရပါတော့တယ်။
?? ဒါ့ကြောင့်
ဘုရားရှင်အား ပုဏ္ဏားအိုကြီးက
တုန်ယင်လှိုက်လှဲ
ဝမ်းနည်းဝမ်းသာမှု
တစ်ပြိုင်နက်တည်း
ခံစားရတဲ့အသံနဲ့ ပြန်လည်
လျှောက်ထားလိုက်တာက...
?? “မြတ်သောဗုဒ္ဓဘုရား၊
အရှင်ဘုရား၏
ဖြေကြားညွှန်ပြချက်များဟာ ...
? မှောက်ထားတဲ့ အိုးကို
လှန်လိုက်သလိုပါပဲ ။
? ဖုံးထားတာတွေကို
ဖွင့်ပြလိုက်သလိုပါပဲ ။
? လမ်းမှားနေတဲ့လူတစ်ယောက်ကို
လက်ဆွဲခေါ်ကာ လမ်းမှန်ကမ်းမှန်ကို
ပြလိုက်သလိုပါပဲ ။
? ဒါ့အပြင်
အမှောင်ထုကြီးအတွင်းမှာ
မီးတိုင်ကြီးတွေ
ထွန်းပြလိုက်သလိုဖြစ်လို့
တပည့်တော် ပုဏ္ဏားအိုကြီးရဲ့
ရှေ့ခရီးဟာလည်း
ကောင်းခြင်းများစွာနဲ့
လင်းလက်သွားတော့မှာ
ဖြစ်ပါတယ်ဘုရား ။
?? ဒါကြောင့်
ယနေ့မှစ၍
တပည့်တော်
အသက်ရှင်နေသမျှ
ကာလပတ်လုံးမှာ
မြတ်စွာဘုရားကိုသာ
ကိုးကွယ်အားထားရာ ဟူ၍
ယုံကြည်လေးမြတ်
ဆည်းကပ်သွားပါတော့မည် ဘုရား ” လို့ လျှောက်ထားခဲ့ပါတော့တယ် ။
................................................
စာဖတ်သူများလည်း
ယခုကတည်းပင်
သီလဆောက်တည်ခြင်း။
ရတနာသုံးစုံ
ကံအဟုန်ကိုယုံကြည်ခြင်း။
ဝိပဿနာညာဏ်ပညာ
ရအောင်အားထုတ်ခြင်း
ဒါနကုသိုလ်ကို
ကြိုးစားပြုလုပ်ထားခြင်းတို့ဖြင့်
ကောင်းသောအိုခြင်းဖြစ်ကြပါစေ။
Keep Reading