Author's Profile Photo

မိုးနှောင်းအလင်္ကာ

23/10/2024

"ပညာသားပါပါ စကားပြောနည်း။"

1 min read
Life Style
General Knowledge
18 Again
"ပညာသားပါပါ စကားပြောနည်း။"'s photo

စကားဆိုတာက တန်ဆေးလွန်ဘေး ဆိုသလို များများပြောရင် ဘေးဖြစ်တတ်ပေမဲ့ အသင့်အတင့်နဲ့ ပညာသားပါပါပြောတတ်ရင်တော့ ဆေးကောင်းတစ်ခွက်ပါဘဲ။ စကားကို ပညာသားပါပါပြောတတ်မယ်ဆိုရင်တော့ လူ့အဖွဲ့အစည်းမှာ တင့်တယ်စွာ နေနိုင်မှာဖြစ်ပါတယ်။ စကားကိုပညာသားပါပါနဲ့ပြောတယ်ဆိုတာ နေရာဒေသ၊ အခြေအနေနဲ့လိုက်ပြီးပြောတတ် တာကို ဆိုလိုတာပါ။

(1) အရေးကြီးတာနဲ့ အရေးမကြီးတာ။

အရေးကြီးတဲ့ ကိစ္စတွေဆိုရင် ရှင်းရှင်းလင်းလင်းပြောပါ။ စကားကိုဖြေးဖြေးနဲ့မှန်မှန် ရှင်းလင်းသေချာစွာပြောပါ။
အရေးမကြီးတဲ့ ကိစ္စတွေဆို ဟာသနှောပြီးပြောပါ။ တချို့စကားတွေက အရေးမကြီးဘူးဆိုရင် ဟာသကလေးနှောပြီး ပြောတာက နားထာင်ရသူတွေ ရဲ့ စိတ်ကို ပျော်ရွှင်ချမ်းမြေ့စေပါတယ်။

(2)မပိုင်နိုင်တဲ့ကိစ္စနဲ့ ပိုင်နိုင်တဲ့ကိစ္စ။

မပိုင်နိုင်တဲ့ကိစ္စတွေကို ဆင်ဆင်ခြင်ခြင် ပြောပါ။ မသေချာမရေရာတဲ့ ကိစ္စတွေကို စကားချန်ပြီးပြောတာက ပိုအကျိုးရှိပါတယ်။
ပိုင်နိုင်တဲ့ကိစ္စတွေကို အကိုးအကားနှင့် ပြောပါ။ဒီလိုဆို ပိုပြီးနားထောင်ကောင်းသလို နားထောင်သူကိုပါ မိမိဘက် ပါအောင် လည်းဆွဲဆောင်နိုင်ပါတယ်။

(3)ပျော်ရွှင်ဖွယ်ကိစ္စ နဲ့ မပျော်ရွှင်ဖွယ်ကိစ္စ။

ပျော်ရွှင်ဖွယ်ရာ ကိစ္စတွေကိုအချိန်နှင့် အခါကို ကြည့်ပြောပါ။ ကိုယ်ပျော်ရွှင်တဲ့ အချိန်မှာ တစ်ပါးသူက ပျော်ရွှင်ချင်မှ ပျော်မှာပါ အဲ့တာကြောင့် အချိန်အခါ ကို ကြည့်ပြောပါ။
မပျော်ရွှင်ဖွယ်ကိစ္စ တွေကို လူနှင့် နေရာကို ကြည့်ပြောပါ။ မပျော်ရွှင်စရာ ကိစ္စ(အမင်္ဂလာကိစ္စ) တွေကို လူနဲ့ နေရာဒေသ တွေကိုကြည့်ပြီးပြောတတ်ပါစေ။

(4)သူတစ်ပါးကိစ္စ နဲ့ ကိုယ့်ကိစ္စ။

သူတစ်ပါးကိစ္စရပ်တွေကိုသတိထားပြီးပြောပါ။ အမှား အမှန် မသေချာတဲ့ ကိစ္စရပ်တွေမို့ သတိထားပြီးပြောပါ။
ကိုယ့်ကိစ္စ တွေကိုတော့ သူများပြောတာ နားထောင်ပါ။ ဘယ်သူမဆို ကိုယ့်ကိုယ်ကို တော့ ကောင်းတယ် ထင်ကြတာမို့လို့ ကိုယ့်ရဲ့ အကောင်းအဆိုးကို သိရဖို့ သူများပြောတာကို နားထောင်ပါ။

(5)မဖြစ်ပျက်သေးတဲ့၊ မလုပ်နိုင်သေးတဲ့ကိစ္စတွေနဲ့
အကျိုးယုတ်စေတဲ့ ကိစ္စ။

မဖြစ်ပျက်သေးတဲ့ ကိစ္စတွေမှာလက်လွတ်စပယ်မပြောသင့်ပါဘူး။ မဖြစ်ပျက်သေးတဲ့ အတွက် ကြောင့်ကို လက်လွတ်စပယ်မပြောသင့်တာပါ။
မလုပ်နိုင်သေးတဲ့ကိစ္စ ရပ်တွေမှာ ကတိလွယ်လွယ်မပေးသင့်ပါဘူး။ မိမိမလုပ်နိုင်ဘဲ ကတိလွယ်လွယ်ပေးရင် လွယ်လွယ်နဲ့ ပျက်တတ်လို့ပါ။
အကျိုးယုတ်စေတဲ့ ကိစ္စတွေကို လုံးဝမပြောသင့်ပါဘူး။ စကားဆိုတာ ပြောတိုင်းကောင်းတာ မဟုတ်တဲ့အတွက် သူတပါးအကျိုးယုတ်စေတဲ့ စကားကိုမပြောပါနဲ့။

(6) မသိနိုင်၊ မဖြစ်နိုင်တဲ့ကိစ္စ။

မသိနိုင်တဲ့ကိစ္စ မဖြစ်နိုင်တဲ့ ကိစ္စ တွေမှာ လစ်လျူရှုပါ။ ကိုယ်တိုင် မသိနိုင်တဲ့ ကိစ္စတွေနဲ့ မဖြစ်နိုင်တဲ့ ကိစ္စတွေဆိုရင် လစ်လျူရှုတတ်ပါစေ။

(7)မကူနိုင်သည့်ကိစ္စ၊ မတတ်နိုင်တဲ့ကိစ္စ။

မကူနိုင်တဲ့ ကိစ္စတွေမှာ လမ်းပြပါ။ ကိုယ်အား၊ စိတ်အားနဲ့ မကူနိုင်တဲ့ ကိစ္စတွေမှာ ဘယ်လိုလုပ်သင့်တယ် ဆိုတာကို လမ်းပြလိုက်ပါ။
မတတ်နိုင်သည့်ကိစ္စ တွေမှာ အရှုံးပေးပါ။ ဘယ်လိုမှ မတတ်နိုင်တဲ့ ကိစ္စတွေဆို အရှုံးကိုဝန်ခံတာက အရဲ
ရင့်ဆုံးပါ။

(8)သူတစ်ပါးစကားမှားသော် ၊ မိမိစကားမှားသော်။

သူတစ်ပါး စကားမှားတဲ့အခါ ဖော့ပေးပါ။ မထင်မှတ် ဘဲ မှားသွားတဲ့အခါ အမှားမသိသာအောင် စကားကို ဖော့ပြောပေးပါ။
မိမိစကားမှားတဲ့အခါ ထောက်ခိုင်းပါ။ နောက်တစ်ခါ ထပ်တူအမှားမျိုး မမှားနိုင်အောင် ထောက်ခိုင်းပါ။

(9)သူတစ်ပါးစကားလမ်းလွဲသော်၊ မိမိစကားလမ်းလွဲသော်။

သူတစ်ပါး စကားလမ်းလွဲတဲ့အခါ ပြန်တည့်ပေးပါ။ လမ်းလွဲနေတဲ့ စကားတွေကို ပြန်တည့်ပေးတဲ့အခါ ကျေးဇူးတင်တဲ့ အကြည့်နဲ့ အကြည့်ခံရနိုင်သလို စကား​ကို ပညာသားပါပါနဲ့ ပြောတတ်သလို ဖြစ်သွားတာမို့ စကားလမ်းလွဲတဲ့အခါ ပြန်တည့်ပေးပါ။
မိမိစကားလမ်းလွဲတဲ့အခါ တောင်းပန်ပါ။ ကိုယ့်ရဲ့ အမှားကို တောင်းပန်ပြီး စကားကို သေချာစွာ ပြန်ပြောပါ။


ဒီ(9)ချက်အတိုင်းသာ လိုက်လုပ်နိုင်မယ်ဆို သင်ဟာ စကားကိုပညာသားပါပါနဲ့ ပြောတတ်တဲ့ လူတစ်ယောက်ဖြစ်ပါပြီ။

# မိုးနှောင်းအလင်္ကာ
(ကျန်းမာ၊ချမ်းသာ)

(စာဖတ်သူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းအား အစဥ်လေးစားလျှက်)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၅-၈) စာစောင်သုံးဆယ့်လေး-နေ့စဉ်နဲ့အမျှကြိုးစားခြင်းစာစောင်သုံးဆယ့်ခုနစ်-အဆိုးထဲကအကောင်းစာစောင်လေးဆယ့်ကိုး - ဘဝရဲ့အစိုးမရမှု မပြိုင်ပါနဲ့ဖန်တီးပါစာစောင်သုံးဆယ့်တစ်-အမှားတွေကနေရနိုင်တဲ့ တန်ဖိုး