Author's Profile Photo

SarPhat Author

24/03/2024

Broken Family ဖြစ်ရတာကိုယ့်အပြစ်လား?

1 min read
Life Style
Personal Development
General Knowledge
Broken Family ဖြစ်ရတာကိုယ့်အပြစ်လား?'s photo

ဒီအကြောင်းရေးဖို့ကိုအများကြီးစဥ်းစားရပါတယ်။ ရေးတဲ့နေရာမှာလဲ အမှားပါမှာစိုးလို့ပါ။
ဒါပေမယ့် လူ့ပတ်ဝန်းကျင်မှာကြုံတွေ့ရတတ်တဲ့ အခြေအနေတွေထဲကတစ်ခုမို့ ရေးမယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့ရေးလိုက်ပါတယ်။

ပထမဆုံးအချက်အနေနဲ့ပြောချင်တာက Broken Family အနေနဲ့ဖြစ်ရခြင်းအတွက် ကိုယ်ဟာဂုဏ်ငယ်စရာ သိမ်ငယ်စရာမလိုသလို ဘယ်သူပြောဆိုဝေဖန်တာကိုမှ ဂရုစိုက်စရာမလိုပါဘူး။ ကိုယ့်မှာမိဘတွေရှိတယ်၊ အဲဒီမိဘတွေက အကြောင်းကိစ္စတစ်စုံတစ်ခုကြောင့် စိတ်သဘောထားမတိုက်ဆိုင်တာတွေကြောင့် အတူရှေ့ဆက်ဖို့အဆင်မပြေတော့တဲ့ အခြေအနေမှာ လမ်းခွဲလိုက်ကြတယ်။ ဒါဟာ မိဘတွေရဲ့ ရွေးချယ်မှုဖြစ်တဲ့အတွက် ကိုယ့်အမှားမဟုတ်ပါဘူး။ အဲ့အတွက်လဲ ကိုယ့်ကိုအဆင့်အတန်းမရှိလာဝေဖန်ကြသူတွေကို ဂရုစိုက်စရာလုံးဝမလိုပါဘူး။

ကိုယ့်ဘဝဟာကိုယ့်အပေါ်ပဲမူတည်တာမို့ ကိုယ့်ဘဝအောင်မြင်တိုးတက်ဖို့ကိုပဲ ကိုယ်ရှေးရှုရမှာပါ။ တခြားသောအရာတွေဟာအပဟိကပါ။ လူ့ဘဝအနေနဲ့ရှေ့ဆက်ရတဲ့အခါမှာလဲ ကိုယ့်ဘာသာအဆင်ပြေအောင် နေကြရမှာပါ။ Feelings တွေ Emotionsတွေကြောင့် ကိုယ့်ဘဝတိုးတက်မှုကို အနှောင့်အယှက်ဖြစ်မခံပါနဲ့။ စိတ်ပင်ပန်းနာကျင်မှုတွေ၊ ထိခိုက်ခံစားရမှုတွေကို အတတ်နိုင်ဆုံး Neglect လုပ်ပြီး ကိုယ့်တိုးတက်ရာအတွက်ပဲ ကိုယ်ရွေးချယ်လုပ်ဆောင်ရပါမယ်။

ဒီလိုမိသားစုဘဝကြုံတွေ့ရသူတွေထဲမှာ ကျောင်းနေအရွယ်ကလေးတွေမှာ ပိုကြုံတွေ့ရတတ်၊ ရိုက်ခတ်ခံရတတ်ပါတယ်။ ကျောင်းနေဘက်အချင်းချင်းသာမက အချို့သောကျောင်းသားမိဘ၊ ဆရာ၊ဆရာမများကပါ ဝင်ရောက်ဝေဖန်မေးမြန်းခြင်းနဲ့ ကာယံရှင်ရဲ့စိတ်ဒဏ်ရာအနာကို ဆွတတ်ကြပါတယ်။ အဓိကက လူတွေဟာ ကိုယ့်အကြောင်း ကိုယ့်မိသားစုအကြောင်းပဲစိတ်ဝင်စားကြရင် ပိုကောင်းပါလိမ့်မယ်။ ကိုယ့်အတွက်လဲအကျိုးကျေးဇူးတစုံတရာမရှိဘဲ သူများမိသားစုကိစ္စဝေဖန်တာကတော့ စိတ်ဓာတ်မြင့်တဲ့သူတစ်ဦးမဟုတ်ဘူးလို့ သုံးသပ်မိပါတယ်။

ကာယကံရှင်နေရာမှာ ကိုယ်သာဆိုရင်ဘယ်လိုရင်ဆိုင်မလဲ၊ ရင်ဆိုင်လက်ခံနိုင်ပါ့မလားဆိုတဲ့ ကိုယ်ချင်းစာစိတ်လေးမွေးကြည့်ပါ။ သူတို့စိတ်တွေဟာ ထိရှလွယ်သူတွေဖြစ်နေကြတာမို့ အပြောအဆိုဆင်ခြင်စွာပြောဆိုမှသာ အဆင်ပြေပါလိမ့်မယ်။ ကိုယ့်ကြောင့်သူတို့စိတ်ကို ထပ်ပြီး Toxic ဖြစ်စေတယ်ဆိုရင်လဲ မကောင်းပါဘူး။ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်တဲ့အတွက် မဆိုင်ရင်ဝင်မပါ၊ ဝင်မပြော၊ မဝေဖန်တာအကောင်းဆုံးဖြစ်မှာပါ။ ဘယ်သူကမှဒီလိုအဆင်မပြေတဲ့ အခြေအနေတစ်ခုကို လိုချင်မှာမဟုတ်ပါဘူး။ ပျော်ရွှင်အဆင်ပြေသာယာပြီး စိတ်ဓာတ်ခွန်အားအပြည့်နဲ့ ဘဝကိုရှေ့ဆက်နိုင်သူတွေဖြစ်ကြပါစေလို့ ဆန္ဒပြုရင်း...............

#TheNoteBySD

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်