SarPhat Author
လူတိုင်းမှာအတိတ်ဆိုတာရှိပါတယ်။ အတိတ်ဆိုတဲ့အရာမှာလူတွေနဲ့ပတ်သက်တာဖြစ်နိုင်သလို၊ အကြောင်းအရာတွေနဲ့ပတ်သက်တာလည်းဖြစ်နိုင်ပါတယ်။
ကျွန်မတို့စဥ်းစားကြည့်ရအောင်?
ကျွန်မတို့မှာမေ့ဖျောက်ပစ်ချင်တဲ့ ၊ စိတ်ထဲမှာ မစွဲကျန်ရစ်နေချင်တဲ့အတိတ်မျိုးတွေရှိသလို တသသတွေးတောရင်းကျေနပ်ပီတိဖြစ်ရတဲ့ ကြည်နူးရတဲ့အတိတ်တွေရှိခဲ့ပါမယ်။
ကောင်းမွန်ပျော်ရွှင်ဖွယ် ကြည်နူးပီတိဖြစ်ဖွယ်အတိတ်တွေကိုသိမ်းဆည်းရင်းတစ်ခါတလေစိတ်ပင်ပန်းမှု၊ စိတ်ဖိစီးမှုတွေဖြစ်တဲ့အချိန်မှာ အတိတ်ကကြည်နူးရတာတွေကို ပြန်လည်တွေးတောရင်း ဖြေသိမ့်စိတ်ပြေရပါတယ်။ တခါတလေမှာ လူအချင်းချင်းအဆင်မပြေမှုရှိခဲ့ရင်၊ ပဋိပက္ခရှိခဲ့ရင်လည်း အတိတ်မှာသူနဲ့ကိုယ်ဘယ်လိုအဆင်ပြေခဲ့ ပျော်ရွှင်ခဲ့ ချစ်ခင်ရင်းနှီးခဲ့ကြတာလေးတွေ ထောက်ထားစဥ်းစားရင်း အဆင်မပြေမှုနဲ့ ပဋိပက္ခတွေကိုလျှော်ပေးလိုက်ကြရင်း အေးချမ်းအောင်နေထိုင်ကြပါတယ်။
ဒါဆို မေ့ဖျောက်ချင်တဲ့အတိတ်ကအကြောင်းအရာတွေနဲ့ လူတွေကိုရော ဘယ်လိုလုပ်မလဲ? ကျွန်မကိုယ်တိုင်လဲ နှစ်ရှည်လများကြာပေမယ့် ခုထိစိတ်ထဲမှာ မေ့ဖျောက်မရတဲ့ အတိတ်ဆိုးတွေ၊ အကြောင်းအရာဆိုးတွေ၊ ကိုယ့်အတွက်ကောင်းကျိုးမပေးဘဲပတ်သက်ခဲ့မိတဲ့သူတွေက စိတ်ထဲတခါတရံပေါ်လာတုန်းပါပဲ။ ဒါပေမယ့် ကျွန်မအတိတ်ထဲမှာအကြာကြီးနစ်မြုပ်မနေဘဲ ရုန်းထွက်ပါတယ်။ ကောင်းကျိုးမပေးခဲ့တဲ့သူတွေဆီကလဲ ရအောင်ဖယ်ခွါနိုင်ခဲ့တဲ့၊ ဆက်ဆံရေးဖြတ်တောက်နိုင်ခဲ့တဲ့၊ ကိုယ့်အတွက်မကောင်းတဲ့ကိစ္စတွေကို ရှင်းလင်းဖြေဖျောက်နိုင်ခဲ့တဲ့ ကိုယ့်လုပ်ရပ်အတွက်လဲ ကိုယ့်ဘာကို Appreciate လုပ်ပါတယ်။
အဓိကက စိတ်ပါ။ ကိုယ့်ကိုပျော်အောင်လုပ်တာလဲ ကိုယ့်စိတ်၊ ကိုယ့်ကိုစိတ်ညစ်အောင်လုပ်တာလဲ ကိုယ့်စိတ်ပဲမို့ စိတ်ထဲကို မကောင်းတဲ့အတိတ်ကကိစ္စတွေဝင်လာရင် တခြားအာရုံတစ်ခုခုပြောင်းလဲရင်း စိတ်ကိုပြင်ဆင်လိုက်ပါ။ မကောင်းအတိတ်တွေဟာ မေ့ပစ်လို့ရရင် မေ့ပစ်သင့်ပေမယ့် မမေ့ပစ်နိုင်တဲ့အတိတ်တွေအတွက်တော့ စိတ်ထဲကိုအဝင်မခံနိုင်အောင်သာ ကိုယ်ကိုတိုင်ရဲ့စိတ်ကို အတတ်နိုင်ဆုံး Control လုပ်ကြည့်ပါလို့ အကြံပေးပါရစေ။ တချို့သောအတိတ်တွေကတော့ အတိတ်ကာလမှာစိတ်ဆင်းရဲစရာ၊ စိတ်ရှုပ်ထွေးစရာအတိဖြစ်ခဲ့ပေမယ့် ခုချိန်မှာပြန်တွေးရင် ဟာသတွေလဲဖြစ်နေတတ်ပါတယ်။
ပျော်ရွှင်စရာကောင်းတဲ့အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်တွေသာ ပိုင်ဆိုင်နိုင်ကြပါစေ❤️
#TheNoteBySD
Keep Reading