Author's Profile Photo

M Min Nyo

22/10/2024

Sar Phat-စာဖတ် အသိုက်အဝန်း

1 min read
General Knowledge

Sar Phat App ကို အသုံးပြုခဲ့တာ ကျွန်တော့်အတွက် အဆင်ပြေတယ်လို့ ပြောရမယ်။

ပထမဆုံးအနေနဲ့ နေ့တိုင်းလိုလို စာဖတ်ဖြစ်တယ်။ ဒီ App ထဲမှာ ရေးထားသမျှကို လက်လှမ်းမှီသလောက်၊ အချိန်ရသလောက် ဖတ်ဖြစ်တယ်။ စာပေအမျိုးအစား မခွဲဘူး။ ဘယ်သူရေးတာမို့ဆိုပြီး မခွဲဘူး။ အားလုံးနီးပါးကို ဖတ်ပါတယ်။

ဒုတိယအချက်က နေ့တိုင်းနီးပါး စာရေးဖြစ်တယ်။ ကျွန်တော်တို့လို စတင်ကြိုးစားဆဲသူတွေအတွက် အကောင်းဆုံး လေ့ကျင့်ရေးကွင်းတစ်ခု ရလိုက်တာပါပဲ။

တတိယအချက်က မိတ်ဆွေအသစ်တွေ ရလာတယ်။ အရင်က မသိခဲ့ဖူးသူတွေနဲ့ သိခွင့်ရတယ်။ သူတို့ရဲ့အတွေးအမြင်နဲ့ Knowledge Sharing တွေ၊ အသိပညာတွေကို သူတို့ရဲ့ရေးသားမှုတွေကတစ်ဆင့် လေ့လာခွင့် ရလာတယ်။

နောက်ဆုံးတစ်ချက်က ဆက်ပြီးကြိုးစားရဦးမယ်ဆိုတာ သိလာတယ်။ Sar Phat(စာဖတ်)မှာ စာရေးသားနေသူတွေ အမျိုးမျိုးတွေ့ရတယ်။ တချို့က Career အတွက်၊ တချို့က စိတ်အပမ်းဖြေဖို့၊ တချို့က ဝါသနာအရ၊ တချို့က တက်သစ်စ၊ တချို့က ပညာရှင် ဆိုပြီး ပေါင်းစုံတွေ့ရတယ်။

လိုအပ်ချက်ရှိနေသေးသူတွေ များသလို၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေလည်း များတယ်။ ဒီတော့ ကျွန်တော့်အတွက် အတုယူစရာများတာပေါ့။ အရေးအသား၊ တင်ပြပုံ၊ ရေးနည်းစနစ် လိုအပ်နေသေးတဲ့သူတွေကိုကြည့်ပြီး၊ ကိုယ်သာဆိုရင် ဒီလိုလေးရေးမယ်ဆိုပြီး ပြင်ကြည့်ဖြစ်တယ်။ ပညာရှင်တွေရဲ့စာတွေကို ဖတ်မိတော့၊ ကိုယ့်မှာ ဒီလို Skill တွေလိုနေသေးတာကို မြင်လာတယ်။

ဘာပဲဖြစ်ဖြစ် Sar Phat(စာဖတ်)ကို ကျေးဇူးတင်ရမယ်။ ပြီးတော့ မျှဝေပေးနေသူတွေ၊ ရေးသားနေသူတွေ ၊ ဖတ်ရှုပေးကြသူတွေနဲ့ ဒီအသိုက်အဝန်းထဲက အားလုံးသောသူတွေကို ကျေးဇူးတင်ပါတယ်...လို့ ပြောပါရစေ။

#MMinNyo

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးတန်ဆေးလွန်ဘေးနည်းပညာခေတ်နဲ့ လုပ်ရည်ကိုင်ရည်အချိန်ဆွဲတဲ့အကျင့်ဆိုးပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါအင်တာနက်နဲ့ လူနေမှုဘဝ လိုမှသုံးပါဒေါင်လိုက်ဒရာမာ (Vertical Drama)ရှောင်တာက ကြောက်ခြင်းမဟုတ်