Author's Profile Photo

M Min Nyo

22/10/2024

သိထားသင့်တဲ့ Journaling အကြောင်း

1 min read
Life Style
Personal Development
General Knowledge
သိထားသင့်တဲ့ Journaling အကြောင်း's photo

Journaling is the practice of regularly writing down your thoughts, feelings, experiences, and reflections in a journal or notebook.

Journaling ဆိုတာ သင့်ရဲ့အတွေးအမြင်တွေ၊ ခံစားချက်တွေ၊ အတွေ့အကြုံတွေနဲ့ ပြန်လည်သုံးသပ်ချက်တွေကို ပုံမှန်အားဖြင့် ဂျာနယ် ဒါမှမဟုတ် မှတ်စုစာအုပ်မှာ ရေးသားခြင်းမျိုးကို ဆိုလိုပါတယ်။

အလွယ်ဆုံးပြောရရင် Journaling ဆိုတာ မှတ်စုရေးခြင်းပါပဲ။ Journaling လုပ်တတ်ခြင်းက သင့်ရဲ့နေ့စဥ်ဘဝ၊ စိတ်နဲ့ လုပ်ငန်းပိုင်းဆိုင်ရာတွေမှာပါ အထောက်အကူ ပေးနိုင်ပါတယ်။

တချို့က နေ့စဥ်လူနေမှုဘဝကို Diary သဘောမျိုး ရေးမှတ်တတ်ကြတယ်။ တစ်ချိန်မှာ လူတွေသိအောင် ပြန်လည်မျှဝေချင်စရာ မှတ်တမ်းဖြစ်လာတတ်တယ်။

တချို့က စိတ်ခံစားချက်တွေ၊ စိတ်ဖိစီးမှုတွေကို ချရေးပြီး ထွက်ပေါက်တစ်ခုအဖြစ် အသုံးပြုတတ်ကြတယ်။

တချို့က ရှေ့ဆက်လုပ်ကိုင်ရမယ့်အချိန်ဇယားတွေ၊ ပြန်လည်အသုံးပြုရမယ့် မှတ်စုတိုတွေ၊ ရည်မှန်းချက်တွေနဲ့ အခြားသော အစီအစဥ်တွေကို ရေးသားလေ့ရှိပါတယ်။

Journaling လုပ်ခြင်းကို ကိုယ့်ရဲ့ဝါသနာ၊ အတွေ့အကြုံ၊ ဖန်တီးမှုနဲ့ Future Plan တွေအတွက်အများဆုံး အသုံးပြုကြတယ်။

အကျိုးကျေးဇူးအနေနဲ့တော့ စိတ်ဖိစီးမှုများသူတွေအတွက် ထွက်ပေါက်ရစေတယ်။ လုပ်ငန်းပိုင်းအတွက် မေ့လျှော့ခြင်းကို ကင်းဝေးစေတယ်။ ကိုယ်သိလိုတဲ့အရာတွေကို ရေးထားခြင်းကလည်း ပြန်လည်လေ့လာ သုံးသပ်နိုင်တယ်။ လုပ်ဆောင်ရမယ့်လုပ်ငန်းစဥ်တွေကို စနစ်တကျလုပ်ထားနိုင်တယ်။ စာရေးတတ်သူတွေအတွက် လျှပ်တပြက်ထွက်ပေါ်လာတဲ့ အတွေးအမြင်တွေကို မေ့မသွားအောင်ချရေးထားပြီး ပြန်လည်အသုံးပြုနိုင်ပါတယ်။

ဒီတော့ Journaling လုပ်တတ်တဲ့ အလေ့အကျင့်ကောင်းလေးကို မွေးမြူကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

"စိတ်သွားတိုင်းကိုယ်ပါလို့ လိုရာရနိုင်ကြပါစေ"

#Journaling
#KnowledgeSharing
#MMinNyo

Keep Reading

ပျော်စရာနေ့စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးချိုသာစွာပြောဆိုဆက်ဆံပါဆင်းရဲသားလေး ဂျက်လန်ဒန်မရိုးတရိုးကမ္ဘာ့နိုင်ငံရေးဆိုင်ရာအတွေးခေါ်များ (မြင့်စိုးလှိုင်)❝ မသိမှု ဝတ်ရုံကြီး ❞လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြသနာစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း