Author's Profile Photo

Ax Lynn Yaung

22/10/2024

လူမှုပတ်ဝန်းကျင်၌လိုက်လျောညီထွေနေထိုင်တတ်မှု(Adaptable In Society)

1 min read
Life Style
General Knowledge
SarPhatနဲ့အတူနွှဲစာပေပြိုင်ပွဲ
  • ကျွန်တော်တို့ အားလုံးက လူသားတွေဖြစ်တဲ့အတွက် လူမှုပတ်ဝန်းကျင် လို့ခေါ်တဲ့ Society နဲ့ Community အသိုက်အဝန်းတစ်ခုထဲမှာ ကျင်လည်နေကြတာဖြစ်ပါတယ်။လူ့လောက၊လူ့ပတ်ဝန်းကျင်ဆိုတာ အင်မတန် ရှုပ်ထွေးနက်နဲတဲ့ ပဟေဠိသဖွယ်ဖြစ်ပါတယ်။နေ့စဉ်နေ့တိုင်း မရိုးနိုင်တဲ့ပြဿနာတွေ၊စိတ်ဖိစီးမှုတွေ၊အတိုက်အခိုက်တွေဆိုတာဟာ ရှိစမြဲပါ။လူတိုင်းရဲ့ဘဝမှာ အဆင်‌မပြေမှုတွေကြုံတွေ့ရပါတယ်။နည်းတာနဲ့များတာ ကြုံတွေ့ရတဲ့ ဒုက္ခပမာဏချင်းပဲ ကွာခြားတာပါ။
  • ဒီတော့ ပထမဆုံးအနေနဲ့ ကြုံတွေ့လာရတဲ့ပြဿနာတွေကို ရင်ဆိုင်ဖို့ဆိုတာထက် နေတတ်အောင် ‌ပြင်ဆင်ရမှာပေါ့ဗျာ။အခုခေတ် အသက်ကြီးပိုင်းလူကြီးအများစုက မနေတတ်ဘူးဆိုတာ သတိထားမိကြလား။ဘယ်လိုနေရာမျိုးတွေမှာမနေတတ်တာလဲဆိုတော့ သူတို့ရဲ့ရပ်ကွက်အတွင်းမှာရှိတဲ့လူတွေကို CCTV လိုပဲ မျက်စိဒေါက်ထောက်ပြီး စောင့်ကြည့်ကြတယ်။ပြီးရင် တစ်ရပ်ကွက်လုံးက ရှိသမျှလူတွေနဲ့ သတင်းပြန်ချတယ်။ပြီးရင် ညည်းအဲ့လိုမနေပါနဲ့အေ စေတနာနဲ့ ပြောတာပါ ဆိုတာမျိုးတွေရှိတတ်တယ်။
  • ကျွန်တော် အဲ့ဒီကိစ္စအတွက် ခင်ဗျားတို့ကို သုံးသပ်စေချင်တာက ဘာသာဗေဒနဲ့ နည်းနည်းသက်ဆိုင်တယ်ပေါ့ဗျာ။ အင်္ဂလိပ်စာမှာဆိုရင် ကျွန်တော် Lie(လိုင်း)၊Die(ဒိုင်း) ဆိုပြီး အသံထွက်ထွက်ကြတယ် ဒါပေမယ့် Charlie(ချာလိုင်း)လို့မထွက်ကြဘူးဗျ ချာလီ လို့ပဲအသံထွက်ကြတယ် ဒါ့အပြင် Put ကျ ပွတ် လို့ အသံထွက်တယ် But ကျ ဘာလို့ ဘွတ်လို့ မထွက်ပဲ ဘတ် လို့ ထွက်ရသလဲပေါ့။အားလုံးကို ခြုံငုံကြည့်မယ်ဆိုရင် အဲ့တာက လိုက်လျောညီထွေရှိမှုပဲ။
  • ဆိုတော့ ပြောချင်တဲ့အဓိကအကြောင်းအရာ ကိုသွားကြမယ်။Let's get to the point!! ပေါ့။ကျွန်တော်တို့ လူမှုကွန်ရက်အတွင်းမှာ ပြဿနာတွေအများကြီးရှိလာနိုင်တယ်၊ကိုယ့်ကို တိုက်ခိုက်မယ့်သူတွေ မနာလိုသူတွေဆိုတာ အမြဲရှိနေမှာပဲ။ကိုယ့်ကို အမြင်မကြည်တဲ့သူ၊ကိုယ့်ရဲ့စရိုက်၊နေပုံထိုင်ပုံကို မကြိုက်တဲ့သူတွေလည်းရှိမှာပဲ။ကိုယ်ကနေမှ သူများကို အမြင်မကြည်တာ၊သူ့ရဲ့စရိုက်လက္ခဏာတွေကိုမကြိုက်မနှစ်သက်တာတွေရှိမှာပဲ။ဒီတော့ ကျွန်တော်တို့ပြုလုပ်‌နေတဲ့အလုပ်တွေက တစ်ဖက်ပတ်ဝန်းကျင်ကို မထိခိုက်ဘူးဆိုရင် ဆက်လုပ်ပါ၊ဘယ်သူတွေဘာပြောပြော ဆက်လုပ်ပါ၊မကြားချင်ယောင်ဆောင်လိုက်ပါ။တစ်ဖက်လူက ပြုလုပ်နေတဲ့အလုပ်တွေကလည်း ကိုယ့်ကိုလဲလာမထိခိုက်သလို ပတ်ဝန်းကျင်ကိုလဲ မနစ်နာစေဘူးဆိုရင် ထားလိုက်ပါ အမြင်မတော်ရင်ကျော်သွားလိုက်ပါ။လူတစ်ယောက်က ဆေးလိပ်သောက်တယ် သူကိုယ်တိုင်က ဆေးလိပ်ဖြတ်ချင်တဲ့စိတ်ရှိရင်ကူညီလိုက်ပါ။အဲ့လိုမှမဟုတ်ဘဲ စေတနာနဲ့ ဆေးလိပ်ဖြတ်စေချင်လို့ပါ ဘာညာဆိုပြီး သူ့ကိုသွားပြုပြင်မပေးနေပါနဲ့ ။ကိုယ့်ကိုယ်ကိုပဲ အရင်ဆုံး အကောင်းဆုံးဖြစ်အောင်နေထိုင်ကြပါ။သူများကိုသွားပြင်ပေးလို့ သူကမကြိုက်ဘူးဆိုရင် အမုန်းခံရတာပဲ ရှိမှာ ဘာမှပိုထူးမလာဘူး။
  • အဲ့တာကြောင့်မို့ ကိုယ်ကလဲ သူများကိုအပြစ်သွားမပြောနဲ့ ။သူများကကိုယ့်ကို Blame လာခဲ့ရင် မကြားချင်ယောင်ဆောင်နေလိုက် ကိုယ်ထိလက်ရောက်မကျူးလွန်သ၍ အသားမှပဲ့ပါမသွားတာ။အဲ့လိုမျိုး လိုက်လျောညီထွေနေတတ်မှ လူ့လောကကြီးမှာ အဆင်ပြေမှာ။သူများကိုလဲ ဖားပေါင်းစရာမလိုဘူး။ရောစရာလဲ မလိုဘူး။အပြစ်လိုက်ပြောနေစရာလဲ မလိုဘူး။ကိုယ့်ဘာကိုယ်ပုံမှန်နေပါ။အကောင်းဆုံးရှင်သန်ပါ။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၅-၈) စာစောင်သုံးဆယ့်လေး-နေ့စဉ်နဲ့အမျှကြိုးစားခြင်းစာစောင်သုံးဆယ့်ခုနစ်-အဆိုးထဲကအကောင်းစာစောင်လေးဆယ့်ကိုး - ဘဝရဲ့အစိုးမရမှု မပြိုင်ပါနဲ့ဖန်တီးပါစာစောင်သုံးဆယ့်တစ်-အမှားတွေကနေရနိုင်တဲ့ တန်ဖိုး