Author's Profile Photo

မြ (စံကားဝါမြေ)

21/10/2024

လူသားဆန်ဖို့ လိုအပ်ကြသည်

1 min read
Life Style
Personal Development
18 Again
လူသားဆန်ဖို့ လိုအပ်ကြသည်'s photo

ကျွန်မတို့ လူရယ်လို့ ဖြစ်လာပြီဆိုလျှင် လူသားဆန်ဖို့က အဓိက အရေးအကြီးဆုံးပါ။ လူသားဆန်မှသာ လူပီသပါလိမ့်မည်။ လူသားမဆန်လျှင် တိရစ္ဆာန်နှင့် အလားသဏ္ဌာန် တူပါသည်။

လူသားဆန်ဖို့ရာ ကျွန်မတို့ စိတ်ထဲ၊ နှလုံးထဲတွင် "ကိုယ်ချင်းစာတရား" ကိန်းအောင်းနေမှ ဖြစ်ပေလိမ့်မည်။ ကိုယ်ချင်းစာတရားရှိမှသာ သူ့ဘက်၊ ကိုယ့်ဘက် မျှတွေးနိုင်ပြီး နှစ်ဦးနှစ်ဖက် အဆင်ပြေကာ အလုပ်အကိုင်များ အဆင်ပြေပါလိမ့်မည်။

"ကိုယ်တစ်ယောက်တည်း ကောင်းနေ၊ အဆင်ပြေနေလျှင် ပြီးရော သူများ ဘာဖြစ်ဖြစ်၊ သေသေ ရှင်ရှင် ဂရုမစိုက်ဘူး၊ ငါလုပ်ချင်တာ လုပ်မယ်" ဟူသည့် "ဘယ်သူသေသေ ငတေမာလျှင်ပြီးရော့" စိတ်ထားမျိုးရှိပါက မည်သည့်အချိန်မှ အောင်မြင်နိုင်လိမ့်မည် မဟုတ်ပေ။ ထို့အပြင် လူမှု့အသိုင်းအဝိုင်းကပါ လူရာမသွင်းဘဲ ထုတ်ပယ်ခံရနိုင်ပါသည်။

လူသားမဆန်လျှင် မိမိငယ်စဥ်ကတည်းက နေထိုင်ကြီးပြင်းလာခဲ့သော ဘေးပတ်ဝန်းကပင်လျှင် ရှုံ့ချခြင်းများကို ခံရနိုင်ပါသည်။ ထိုမှတဖြည်းဖြည်းချင်း စိတ်ခံစားချက်များ ပြင်းထန်လာကာ မိမိကိုယ်ကို ထွက်ပေါက်ရှာမိပြီး သတ်သေတဲ့အထိတောင် ဆိုးဆိုးရွားရွား ဖြစ်စေနိုင်ပါသည်။

ထို့ကြောင့် လူသားဆန်ခြင်းသည် လူဖြစ်ရခြင်း၏ အနှစ်သာရဟု ခေါ်ဆိုနိုင်သောကြောင့် ကျွန်မတို့သည် ကိုယ်ချင်းစာစိတ်ထားကာ လူသားဆန်စွာ နေထိုင်ကြရပါမည်ဟု ယခု "လူသားဆန်ဖို့လိုအပ်ကြသည်" ဆောင်းပါးလေးနှင့် တိုက်တွန်းအပ်ပါသည်။

စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....

✍️ မြ (စံကားဝါမြေ)

#SarPhat
#Mya_Kyaukpadaung
21.10.2024(Monday)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်