SarPhat Author
ချစ်ခြင်းမေတ္တာတရားဆိုသည်မှာလေ
သိပ်ကိုဆန်းကြယ်တာပဲ.....
ရုပ်မမြင်အသံကြား လေလှိုင်းထဲက
မင်းအသံလေးကအစ ရင်ကိုနွေးစေတယ်.....
အရေးမပါတဲ့
စားပြီးပြီလား
နေကောင်းလားဆိုတဲ့
စကားကိုနေ့စဉ်ပြောနေရလည်း ...
ရိုးအီမသွားပဲ ကြည်နူးရတယ်။
Good morning..
Good night....မှာ
emoji မပါလဲ ကျေနပ်နေတာမျိုး.....
ကိုယ့်အကြောင်းမပါပဲ
သူများအကြောင်းတွေ ပြောပြီး
ရယ်နေတတ် စိတ်တိုနေတတ်တာကိုလည်း...
အူယားအသည်းယားဖြစ်နေတတ်တာမျိုး...
ချစ်ခြင်းမေတ္တာဆိုတာဒီလိုပါပဲ
မိုးလင်းကမိုးချုပ် ...
အရည်မရ မဖက်မရ..
စကားလေးတွေကအစ
အဓိပ္ပာယ်ရှိနေတတ်တာမျိုးပါကွယ်....?
Keep Reading