Author's Profile Photo

M Min Nyo

21/10/2024

ဘဝကိုနေပျော်စေမယ့် အချက်(၇)ချက်

1 min read
Life Style
Personal Development
General Knowledge
ဘဝကိုနေပျော်စေမယ့် အချက်(၇)ချက်'s photo

အခက်အခဲတွေ ကြုံလာတိုင်းမှာ ဖြေသိမ့်စရာဆိုတာ လိုအပ်လာမြဲမဟုတ်လား။ လူတိုင်းက ဘဝကို
ပေါ့ပေါ့ပါးပါး ဖြတ်သန်းချင်ကြတယ်။ လူတွေရဲ့လိုအင်မှာ ပျော်ရွှင်မှုကို ရချင်ကြတယ်။

  အခုပြောပြပေးမယ့် အချက်တွေက သင့်ရဲ့ဘဝကို အထိုက်အလျောက်တော့ ပျော်ရွှင်စေပါလိမ့်မယ်။ ခက်ခက်ခဲခဲ လုပ်ဆောင်နေစရာ မလိုပါဘူး။ ကြိုးစားပြီး လိုက်နာဆောင်ရွက်ကြည့်ပါ။

(၁) Never hate - အမုန်းမပွားနဲ့

  အမုန်းပွားတယ်ဆိုတာ အ,ကုသိုလ်စိတ်တစ်မျိုးလိုပါပဲ။ သူတစ်ပါးကို ချစ်ခင်ကြင်နာရမယ့်အစား မနာလိုစိတ်နဲ့ မုန်းတတ်ကြတယ်။ မုန်းစိတ်က ကိုယ့်ရဲ့နေ့စဥ်ဘဝကို နှောက်ယှက်နိုင်တယ်။ ဘယ်အရာတွေက ဘယ်လိုပဲ မုန်းဖို့ကောင်းနေပါစေ၊ အဲ့ဒီအရာရဲ့အကောင်းဆုံးအပိုင်းကိုရှာပြီး ချစ်ကြည့်ပါ။ သေချာပေါက် စိတ်ချမ်းသာစေပါလိမ့်မယ်။

(၂) Don't worry - မစိုးရိမ်နဲ့

  စိုးရိမ်ကြောင့်ကြစိတ်က ရှေ့ဆက်ပြုမူရမယ့်အရာတွေကို နှောင့်နှေးစေတတ်တယ်။ စိုးရိမ်စိတ် လွန်ကဲလာရင် စိတ္တဇတောင် ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဘယ်အရာမှာဖြစ်ဖြစ် စိုးရိမ်စိတ် မလွန်ကဲအောင် ဂရုစိုက်ပါ။ စိတ်ကို ထိန်းကျောင်းပြုပြင်နိုင်မယ့်နည်းလမ်းကတော့ တရားထိုင်ခြင်းပါ။

(၃) Live simple - ရိုးရှင်းစွာ နေထိုင်ပါ

စိတ်သောကရောက်နိုင်စရာတွေကို ရှောင်ပါ။ နောင်တရမှုဖြစ်နိုင်ခြေရှိတာတွေကို မလုပ်မိအောင်နေပါ။ ခေတ်နောက်ကျတာနဲ့ ရိုးရှင်းတာ မတူမှန်း သိပါ။ ခေတ်နဲ့အညီ ရိုးရှင်းစွာနေထိုင်လို့ ရပါတယ်။ ကြွားဝါမှုတွေ၊ ကိုယ့်ဂုဏ်ကိုဖော်ပြတာတွေကို ရှောင်ပါ။ အေးဆေးစွာနေတတ်ခြင်းကလည်း ရိုးရှင်းစွာနေထိုင်ခြင်း တစ်မျိုးပါပဲ။ လိုအပ်မှသာ အကြောင်းသိအောင် ပြသပါ။

(၄) Expect a little - နည်းနည်းပဲ မျှော်လင့်ပါ

  ဟိုဟာဖြစ်ချင် ဒီဟာဖြစ်ချင်နဲ့ "ချင်ခြင်းများစွာ" ကလည်း အမှန်တကယ်ဖြစ်မလာတဲ့အခါ စိတ်ကို မသက်မသာဖြစ်စေပါတယ်။ ဘယ်အရာကိုမှ အများကြီး မမျှော်လင့်မိပါစေနဲ့။ မျှော်လင့်ချက်ထားပြီး လုပ်ကိုင်ဖို့လိုတယ်ဆိုတာလည်း အမှန်ပါပဲ။ ဒါပေမယ့် ဖြစ်မလာခဲ့ရင် Plan B ရှိနေဖို့ လိုပါတယ်။ အကောင်းဆုံးကတော့ နည်းနည်းပဲမျှော်လင့်ပြီး၊ "မျှော်လင့်ချက်" ဆိုတာကို သူ့အနေအတိုင်းပဲထားလိုက်တာက အဆင်ပြေပါတယ်။

(၅) Give a lot - များများပေးပါ

  ကျွန်တော်တို့ဆီမှာ အတ္တစိတ်နဲ့ပရစိတ် နှစ်မျိုးရှိနေတတ်ပါတယ်။ အတ္တစိတ်လွန်ကဲတဲ့အခါ အများတကာရဲ့ရှောင်ဖယ်ခြင်း ခံရတတ်ပါတယ်။ ကိုယ့်အတွက်ပဲ
ကြည့်တတ်သူတွေကို လူတွေက မလိုချင်ကြပါဘူး။ ဒီတော့ အများအတွက်စဥ်းစားပါ။ တတ်နိုင်သမျှ ပေးပါ။ ကိုယ်ကျိုးမပါတဲ့ ပရဟိတစိတ်က အမှန်တကယ်ချမ်းသာမှုကိုရစေတယ်ဆိုတာ ကိုယ်တိုင်ကြုံတဲ့အခါ နားလည်လာပါလိမ့်မယ်။ များများပေးနိုင်ဖို့ ကြိုးစားပါ။

(၆) Always smile - အမြဲပြုံးပါ

  အပြုံးတစ်ခုက ကိုယ့်ရဲ့ပုံပန်းသွင်ပြင်ကိုသာမက၊ ပတ်ဝန်းကျင်ကိုပါ စိတ်ချမ်းသာစေပါတယ်။ လူတိုင်းက အပြုံးနဲ့ထိုက်တန်ပါတယ်။ ဆိုလိုတာက လူတိုင်းကို ပြုံးပြလို့ရပါတယ်။ စိတ်ပါလက်ပါ ပြုံးပြပါ။

(၇) Never give up - ဘယ်တော့မှ အရှုံးမပေးနဲ့

ဘယ်အရာကိုမှ အလွယ်တကူ လက်မလျှော့ပါနဲ့။ ကြိုးစားမှုတွေ မရပ်တန့်နဲ့။ သင်ယူမှုတွေ ဆက်လုပ်ပါ။ မကြိုးစားပဲ ရလာတဲ့အောင်မြင်မှုဆိုတာ မရှိပါဘူး။ ကမ္ဘာမှာရော မြန်မာမှာပါ အရှုံးမပေးပဲကြိုးစားရင်း အောင်မြင်လာသူတွေ ဒုနဲ့ဒေးရှိပါတယ်။ သင်က ဘယ်အခြေအနေမှာပဲ ရှိနေပါစေ၊ သင့်ဦးတည်ရာဆီရောက်ဖို့ ဘယ်တော့မှလက်လျှော့အရှုံးမပေးလိုက်ပါနဲ့။ ကိုယ်စိုက်ပျိုးခဲ့သမျှက တစ်နေတော့ ကိုယ်တိုင်ပဲ ရိတ်သိမ်းခွင့်ရမှာပါ။ ဒီတော့ ရှေ့ဆက်ပါ၊ ကြိုးစားပါ၊ အရှုံးမပေးမိပါစေနဲ့။

ကဲ-အဲ့ဒီအချက်လေး (၇)-ခုကို လုပ်ဆောင်ကြည့်ပါ။ သင့်ရဲ့တစ်နေ့တာအတွက်ဖြစ်ဖြစ်၊ အနာဂါတ်အတွက်ဖြစ်ဖြစ် ချောမွေ့အဆင်ပြေစေပါလိမ့်မယ်။

"စိတ်သွားတိုင်းကိုယ်ပါလို့ လိုရာရနိုင်ကြပါစေ"

#KnowledgeSharing
#MMinNyo


Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးတော်လ်စတွိုင်း နောက်ဆုံးနေ့ရက်များဘာလို့ မုန်းကြတာလဲဘဝမှာလိုအပ်တာ တစ်ခုပဲစိတ်ဓာတ်ကျနေတဲ့အခါပျင်းစရာရှိတာ အားပါးတရ အပျင်းကြီးလိုက်ပါဆင်းရဲသားလေး ဂျက်လန်ဒန်ဟိုစပ်စပ်ဒီစပ်စပ်မလုပ်နဲ့ (၁)ဖတ်နိုင်သမျှ များများဖတ်ပေးပါမရိုးတရိုး