သျှားမီးငယ်~
လူသားတိုင်း၊လူသားတိုင်းမှာ ကိုယ်စီဘဝလမ်းကြောင်းတွေ၊ဝါသနာတွေ၊ရည်မှန်းချက်တွေ ရှိကြပါတယ်။ဝါသနာဆိုတာဟာစွဲမြဲနေတဲ့အလေ့အကျင့်ဖြစ်ပြီးတော့,ရည်မှန်းချက်ဆိုတာဟာနောင်တစ်ချိန်မှာပြုလုပ်ဆောင်ရွက်ရမည်ဟူသောကိစ္စ၊အနာဂတ်မှာဖြစ်ချင်တဲ့ဘဝကိုရည်ရွယ်ထားခြင်း,မှန်းဆထားခြင်းတို့ပဲဖြစ်ပါတယ်ရှင်။ယနေ့လူငယ်၊နောင်ဝယ်လူကြီးဖြစ်လာကြမည့်ကျွန်မတို့တွေမှာလည်းရည်မှန်းချက်ကိုယ်စီရှိကြပါတယ်။ဆရာဝန်ကြီးဖြစ်ချင်သူ၊အင်ဂျင်နီယာကြီးဖြစ်ချင်သူ၊စာရေးသူကြီးဖြစ်ချင်သူ...စသည်ဖြင့် အမျိုးမျိုးရှိကြပါတယ်။လူတစ်ဦးနှင့်တစ်ဦးမှာလည်းရည်မှန်းချက်တွေတူညီနိုင်ပါတယ်။ဆန္ဒမှာ ရည်မှန်းချက်၏အစိတ်အပိုင်း၊ဘဝအစိတ်အပိုင်းတွေထဲမှာဖြစ်ပေါ်လာတတ်တဲ့ လိုချင်တောင့်တမှုဟာ ဆန္ဒဖြစ်ပြီး ဘဝတစ်ခုလုံးမှာအဖြစ်ချင်ဆုံးဆန္ဒကတော့ ဘဝရည်မှန်းချက်ပေါ့ရှင်။ရည်မှန်းချက်ဟာ ကျွန်မတို့ရဲ့ ဘဝအတွေ့အကြုံ၊ခံစားချက်၊ခံယူချက်၊ဝါသနာတွေနဲ့ဆက်စပ်နေလျက်ရှိပါတယ်ရှင်။အဲ့ဒီ့အရာတွေအပေါ်အမှီပြုပြီးကွဲပြားတဲ့ရည်မှန်းချက်တွေရှိပါတယ်။သျှားငယ်ငယ်ကဆိုသျှားကCivil Engineerကြီးတစ်ယောက်ဖြစ်ချင်ခဲ့တာပေါ့ရှင့်။ဒါပေမယ့်လည်းအဲ့အရာက ကျွန်မကိုပျော်ရွှင်မှုမပေးပါဘူးရှင်။Civil Engineerတစ်ယောက်ဖြစ်အောင်ကြိုးစားဖို့ဆိုတာဟာ ကျွန်မအတွက် တာဝန်ကြီးတစ်ခုလိုဖြစ်နေပြီးစိတ်ဖိစီးမှုတွေပါရရှိစေပါတယ်ရှင်။ကျွန်မအတွက်လည်း “နောင်တစ်ချိန်မှာငါကြီးလျှင်Civil Engineerကြီးတစ်ယောက်ဖြစ်ကိုဖြစ်ရမယ်”ဆိုပြီးပြင်းပြတဲ့ခံယူချက်မရှိခဲ့ပါဘူးရှင်။ဒါတွေဟာ ကျွန်မတို့ရဲ့ရည်မှန်းချက်တွေက ခံစားချက်၊ခံယူချက်တွေနဲ့ဆက်စပ်နေတဲ့သဘောပါ။ဒါ့ကြောင့် ကျွန်မကိုသက်တောင့်သက်သာမဖြစ်စေဘဲစိတ်ရှုပ်စရာတွေသာဖြစ်စေတဲ့ အရာကို ကျွန်မစွန့်လွှတ်ခဲ့လိုက်ပါတယ်ရှင်။ကျွန်မတို့ဟာ စိတ်အတွင်းမှ ရည်ရွယ်ထားရုံ၊ရည်မှန်းထားရုံမျှနှင့် ပြီးပြည့်စုံခြင်းမရှိပါဘူးရှင်။မိမိရည်မှန်းချက်ကို လက်တွေ့ဖြစ်လာစေရန် ကိုယ်စွမ်း၊ဉာဏ်စွမ်းနှင့် အကောင်အထည်ဖော်နိုင်ရန် လိုအပ်လှပါတယ်။ကျွန်မတို့တွေ ဘဝရည်မှန်းချက်ကြီးကို စိတ်ကူးထဲမှာ စဉ်းစားတွေးတောကြည့်ရင်တော့လွယ်တယ်လို့ထင်ရတာပေါ့ရှင်။သို့သော်ငြားလည်း အမှန်တကယ်လက်တွေ့ဖြစ်လာဖို့ကတော့ အခက်အခဲအမျိုးမျိုးကိုရင်ဆိုင်ကျော်လွှားရပါတယ်။မျှော်လင့်ထားသော အခက်အခဲ၊မမျှော်လင့်ထားသော အခက်အခဲတွေက ကြိုဆိုနေကြပါတယ်။“လေးစားအပ်သောအရာမှန်သမျှ ဖြတ်လမ်းမရှိ”လို့ ဆရာဇော်ဂျီက ဆိုဖူးပါတယ်ရှင်။ရည်မှန်းချက်မရှိသူကို တက်မရှိသည့် လှေနှင့်တူသည် ဆိုပြီးတင်စားကြပါတယ်။လေကြောင်းသင့်ရာ၊ရောက်တက်ရာရာလွှင့်မျောပြီးနောက်ဘဝမုန်တိုင်းနဲ့တွေ့ကြုံရတဲ့အခါမှာ နစ်မြုပ်သွားနိုင်တဲ့သဘောရှိပါတယ်။ကျွန်မကိုယ်တိုင်လည်း ပင်လယ်ထဲမှာ ဦးတည်ရာမရှိ ရွက်လွှင့်နေတဲ့ သင်္ဘောတစ်စင်းလိုဖြစ်နေခဲ့ဖူးပါတယ်ရှင်။လွန်ခဲ့တဲ့2020-2023နှစ်လောက်ကကျွန်မမှာရည်မှန်းချက်မရှိ၊အနာဂတ်တွေမဲ့နေခဲ့ဖူးပါတယ်။ဦးတည်ရာမရှိ ကြိုးစားနေခဲ့တာတွေကဘာအတွက်လည်းဆိုတာအဖြေမရှိခဲ့ပါဘူး။2024ရောက်တော့ကျွန်မကိုယ့်ကိုယ်ကိုယ်စီစစ်မေးမြန်းပြီးအဖြေရှာရပါတော့တယ်။
စသည်ဖြင့်မေးခွန်းတွေကို ကိုယ့်ကိုယ်မေးမြန်းပီးအဖြေရှာပါတယ်။နောက်ဆုံးမှာတော့ကျွန်မရည်မှန်းချက်အစစ်ကိုရှာတွေ့ခဲ့ပါတယ်ရှင်။ကျွန်မယခု2024မှာကျွန်မကိုပျော်ရွှင်စေတဲ့၊အနာဂတ်မှာ ကျွန်မစိတ်ချမ်းသာမှုကိုရရှိစေတဲ့ ကျွန်မရည်မှန်းချက်စင်စစ်မှာBusiness Womanတစ်ယောက်ဖြစ်လိုခြင်းပင်။စီးပွားရေး၊Marketing၊Financeအကြောင်းပါဝင်တဲ့ စာအုပ်များကို ဖတ်မှတ်ပြီးလေ့လာရတာ၊အတွေ့အကြုံရှိတဲ့သူများဆီမှာပညာဗဟုသုတများလေ့လာဆည်းပူးသင်ယူရတာ၊Mentorshipအကူအညီများကိုတောင်းခံပီး သင်ယူရတာတွေမှာ စိတ်အားထက်သန်လှပါတယ်ရှင်။လူတစ်ဦးနှင့်တစ်ဦးကလည်းစိတ်ဓာတ်ကြံ့ခိုင်ပုံချင်း မတူညီကြပါဘူးရှင်။တစ်ချို့က စစ်မရောက်ခင် မျှားကုန်ချင်ကြတယ်၊တစ်ချို့က တက်ကျိုးလျှင် လက်ထိုးလှော်မယ်ဆိုသော လူစားမျိုးဖြစ်ကြပါတယ်ရှင်။တစ်ခါတစ်လေ ရည်မှန်းချက်ပန်းတိုင်ကိုရောက်ဖို့က စီမံထားတဲ့နည်းလမ်းအတိုင်း မသွားနိုင်ပေမဲ့ ဦးတည်ရာမပျက်ကြောင်း၊မိမိတို့အနေဖြင့်နည်းလမ်းအသစ်တွေကိုရှာဖွေကာ ကြိုးစားသင့်ပါတယ်။“ရှုံးနိမ့်မှုနဲ့ကြုံလာတဲ့အခါ ရည်မှန်းချက်ကိုပြောင်းလဲဖို့ထက် လုပ်ပုံကိုင်ပုံကိုပြောင်းလဲဖို့ ကြိုးစားပါ"။အခက်အခဲတွေကို ရည်မှန်းချက်ပြောင်းတာထက် လုပ်ဆောင်ပုံပြောင်းလဲခြင်းဖြင့် ရှေ့ဆက်နိုင်သည်ဆိုတဲ့ ကွန်ဖြူးရှပ်ရဲ့အတွေးအခေါ်က ကျွန်မရဲ့လမ်းကြောင်းမှာလည်း လမ်းညွှန်ပေးနိုင်ခဲ့ပါတယ်။Business Womanတစ် ယောက်ဖြစ်လာဖို့အတွက်ဘယ်လိုအခက်အခဲတွေပဲကြုံတွေ့လာပါစေ ကျွန်မအနေဖြင့်အကောင်းဆုံးရင်ဆိုင် ကျော်လွှားသွားပါမယ်။“ပညာရှာပမာ သူဖုန်းစား”ဆိုတဲ့အတိုင်း သျှားတို့ဟာ ပညာဗဟုသုတတွေရှာဖွေလေ့လာဆည်းပူးရာမှာ မရှက်မကြောက်ဘဲ သူတောင်းစား ပိုက်ဆံ,အစားအစာတောင်းခံသလိုလေ့လာသင်ယူရပါမယ်ရှင်။သူတောင်းစားဟာ မိမိတို့လိုချင်တဲ့(တစ်နည်း)လိုအပ်တဲ့ အရာတွေကို ရရှိဖို့ရာ အရှက်တရားကိုခဝါချပြီးတောင်းရမ်းကြရပါတယ်။ဒါမှ သူတို့ရဲ့အစာဝမ်းစာပြည့်ကြရမယ်မဟုတ်လားရှင်?။ကျွန်မတို့ကလည်း မိမိတို့ရဲ့ပညာဝမ်းစာပြည့်ဝကြရဖို့အတွက် သူတောင်းစားတို့နည်းတူ သင်ယူသင့်၊သင်ယူအပ်တဲ့ အရာတွေကို ပညာရှိတို့ထံမှာ မရှက်မကြောက်ဘဲ ဗဟုသုတအထွေထွေသောပညာရပ်တွေကိုလေ့လာဆည်းပူးကြရပါမယ်။သျှားကသမာအာစီဝါကျကျအလုပ်တွေကြိုးစားလုပ်ပြီး လောကကြီးမှာအမှန်တကယ်လိုအပ်နေသူတွေကိုအကူအညီပေးချင်တာပေါ့ရှင်။ကျွန်မဘဝမှာ ဖေဖေနဲ့မေမေကို ဘာလိုချင်သလဲ၊ဘာလိုအပ်သလဲလို့မေးပြီး လုံလုံလောက်လောက် ဖြည့်ဆည်းပေးနိုင်တဲ့ သမီးကောင်းအလိမ္မာတစ်ယောက်၊လောကကြီးကို ကောင်းကျိုးပြုနိုင်တဲ့ လောကအမျိုးသမီးကောင်းတစ်ယောက်ဖြစ်တဲ့ထိ ပြည့်စုံချင်ပါသေးတယ်ရှင်။တစ်ချို့လမ်းတွေကို ကျွန်မတို့တွေဟာတစ်ယောက်ထဲလည်းလျှောက်နိုင်ရဲအောင် ကြိုးစားရပါမယ်။ဘာလို့လဲဆိုလျှင် ရည်မှန်းချက်ပန်းတိုင်တွေဟာ ကျွန်မတို့ရဲ့အပိုင်မို့ပါ။ကျွန်မရည်မှန်းချက်က ကျွန်မကို အားပေးတက်ကြွစေတယ်။ရည်မှန်းချက်ရှိခြင်းက ဘဝရဲ့ လမ်းကြောင်းကို ဦးတည်ရာပေးပါတယ်။ကျွန်မအနေနဲ့Business Womanတစ်ယောက်ဖြစ်လာဖို့ အမှန်တကယ်ကြိုးစားမယ်။အကောင်အထည်ဖော်နိုင်ဖို့ အမြဲတမ်းပျော်ရွှင်စွာ လုပ်ဆောင်သွားမယ်။ရည်မှန်းချက်ဆိုတာ အနားယူဖို့အရာမဟုတ်ဘဲ၊ရင်ဆိုင်ဖို့စိန်ခေါ်မှုပါပဲ။ကျွန်မအနေနဲ့ ပန်းတိုင်ကို ရောက်ရှိရန် လမ်းခရီးက ကြမ်းတမ်းပြီး ကြာလှနိုင်ပေမယ့်၊ဘယ်အခက်အခဲမျိုးပဲကြုံလာပါစေ၊လမ်းပြောင်း၊နည်းစွဲပြောင်းလုပ်ဆောင်ရင်း ရည်မှန်းချက်ကို မလွှဲချော်အောင်ဆက်လက်ရင်းနှီးနေပါမယ်။အနာဂတ်ကို အမြင်ပြင်းပြင်းနဲ့ ကြည့်ရှုပြီး၊ကျွန်မရဲ့အိပ်မက်ကြီးကို လက်တွေ့ဖြစ်လာစေရန် ခိုင်မာစွာမက်ဆန်သွားပါမယ်ရှင်။
ချစ်ရတဲ့စာဖတ်သူလေးတို့ရေ....
တက်မရှိသည့် လှေ၊ဦးတည်ရာမရှိ ပင်လယ်ထဲမှာ ရွက်လွှင့်နေတဲ့ သင်္ဘောတစ်စင်း၊ပန်းတိုင်မရှိဘဲ ခရီးသွားနေသူနှင့် မတူကြပါစေနဲ့။ကိုယ့်ရဲ့ဝါသနာ၊ရည်မှန်းချက်စစ်စစ်ကို ရှာဖွေပါ။ကိုယ့်နှလုံးသားရဲ့အလိုချင်အတပ်မက်ဆုံးသောအရာကို မေးမြန်းစီစစ်ပါ။ကိုယ့်ဝါသနာကိုသေချာမသိရင် အောင်မြင်မှုနှင့်ငွေကြေးကိုရှာတွေ့ဖို့ခက်ခဲပါလိမ့်မယ်။
ဒါ့အပြင် ဘဝမှာ အောင်မြင်မှုရရှိချင်လျှင် အမြဲတမ်းသတိတရရှိရမည့်အရာက ဘယ်လောက်ပဲ ကြမ်းတမ်းခက်ခဲတဲ့ အခက်အခဲတွေနဲ့ကြုံတွေ့လာပါစေ စိတ်အေးအေးထားပြီးစိတ်ရှည်ရှည်နဲ့ကျော်ဖြတ်ပါ။ရင်ဆိုင်ကျော်လွှားပါ။
စာဖတ်သူလေးတို့ရဲ့ ဘဝအနာဂတ်မှာ စိတ်ပျော်ရွှင်ကြည်နူးမှုကိုရရှိစေနိုင်မည့် ဘဝဝါသနာစစ်၊ဘဝရည်မှန်းချက်စစ်ကိုရှာဖွေတွေ့ရှိနိုင်ပြီးအမှန်တကယ်လက်တွေ့ဖြစ်လာနိုင်စေရန်လည်းကြိုးစားလျှောက်လှမ်းနိုင်ကြပါစေလို့ သျှားရဲ့ဒီဆောင်းပါးလေးကနေတစ်ဆင့် မွန်မြတ်လှတဲ့ ဆုတောင်းစကားလေးကိုပို့သလိုက်ရပါတယ်ရှင်။
စာဖတ်သူအားလုံးအပေါင်းကို အစဉ်လေးစားစွာ ကျေးဇူးတင်လျက်.......?
?️~သျှား
{21.10.2024}~{သီတင်းကျွတ် လဆုတ်၄ရက်}
#SARPHAT
Keep Reading