Author's Profile Photo

Anna_Nyein

20/10/2024

လူတချို့အချိန်မပေးနိုင်တဲ့အရာ (၃)ခု

2 mins read
Life Style
Health
General Knowledge
လူတချို့အချိန်မပေးနိုင်တဲ့အရာ (၃)ခု's photo

အန်နာတို့လူသားတွေဟာ စားဝတ်နေရေးပြေလည်ဖို့အတွက်‌ နေ့စဉ်ရုန်းကန်လှုပ်ရှားနေရတာမဟုတ်ပါလားရှင်။ အဲဒီလိုရုန်းကန်နေတဲ့လူတွေထဲကမှ တချို့ဆို မိုးလင်းမိုးချုပ်၊ နေပူမရှောင်မိုးရွာမရှောင် အလုပ်လုပ်နေရတဲ့လူတွေ၊ ပိုက်ဆံရဖို့ရုန်းကန်နေကြရတဲ့လူတွေ၊ ‌အလုပ်ကအရမ်းပင်ပန်းတာကြောင့် အိမ်ပြန်ရောက်ပြီဆိုတာနဲ့ ရေမိုးချိုး,ထမင်းစား, အိပ်ရာတန်းဝင်တဲ့လူတွေရှိပါတယ်။
တနေ့တနေ့ "ငွေ"ဆိုတဲ့အရာရဖို့မနည်းကြိုးစားလုပ်ကိုင်နေရတာနဲ့ပဲ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့၊ ကိုယ့်ဘဝရှေ့ရေးကိုအစီအစဉ်ချဖို့စသဖြင့်မေ့လျော့နေတတ်ကြပါတယ်။

ဒီလိုမေ့လျော့နေတဲ့အရာတွေထဲကမှ အန်နာက အရာ(၃)ခုကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဆိုတော့ အဲ့(၃)ခုကဘာတွေဖြစ်မလဲ?

နံပါတ်(၁)အချက်ကတော့ - ဘုရားတရားလုပ်ဖို့အချိန်မပေးနိုင်တာ ပဲဖြစ်ပါတယ်။

စာဖတ်သူလေးတွေလည်းကြားဖူးမှာပါ။ လူ့ဘဝမှာ
- ပညာရှာတဲ့အရွယ်
- စီးပွားရှာတဲ့အရွယ်
- တရားရှာတဲ့အရွယ် ဆိုပြီးအရွယ်(၃)ပါးရှိတယ်ဆိုတာ။
ဆိုတော့ များသောအားဖြင့်လူတွေဟာ အသက်ကြီးမှ အေးချမ်းမှုလိုချင်လို့ ဘုရားရိပ်တရားရိပ်ကိုခိုလှုံကြတာများပါတယ်။
ဒါပေမယ့် အန်နာတို့စဉ်းစားရမှာတခုက လူတိုင်းသက်တမ်းစေ့နေနိုင်လိမ့်မယ်လို့ဘယ်သူမှတပ်အပ်ပြောလို့မရပါဘူး။ ဒါကြောင့် ရှိနေစဉ်အခိုက်အတန့်လေးမှာ ဘုရားတရားကို အချိန်လေးသက်သက်ဖဲ့ပြီး မမေ့မလျော့လုပ်ပေးဖို့လိုအပ်ပါတယ်။

‌နံပါတ်(၂) အချက်က - လေ့ကျင့်ခန်းလုပ်ဖို့အချိန်မပေးနိုင်တာ

လူတစ်ယောက်ရဲ့ဘဝမှာ ကျန်းမာရေးကအလွန်အရေးကြီးပါတယ်။ ဆယ်ကျော်သက်အရွယ်ဟာ အပူအပင်မရှိ၊ စိတ်ဖိစီးမှုမရှိ၊ ထမ်းဆောင်ရမယ့်တာဝန်တွေသိပ်မရှိသေးတဲ့အတွက် ပိုလျှံနေတဲ့အချိန်တွေရှိနေတတ်ပါတယ်။ ဒီလိုအရွယ်မှာ ကျန်းမာရေးလိုက်စားပြီး body building ကောင်းအောင်တည်ဆောက်ထားသင့်ပါတယ်။ Gym သွားမဆော့ဘူးဆိုရင်တောင် ခန္ဓာကိုယ်ကျန်းမာသန်စွမ်းအောင်လို့ အိမ်မှာပဲဖြစ်ဖြစ် လေ့ကျင့်ခန်း‌လေးတော့လုပ်‌ပေးပါ။ ဒါမှပဲ ဘာလုပ်လုပ်သွက်သွက်လက်လက်ဖြစ်နေမှာဖြစ်ပြီး သူများထက်နှာတဖျားသာနေမှာပါ။
ကိုယ့်ကျန်းမာရေးကိုယ်ဂရုစိုက်ပါ။ ကျန်းမာ‌ရေးကောင်းတဲ့လူတစ်ယောက်ဟာ တန်ဖိုးဖြတ်လို့မရတဲ့ ဆုလာဘ်တစ်ခုကိုရရှိထားသလိုပါပဲ။
ဒါကြောင့်အားသည်ဖြစ်စေ၊ မအားသည်ဖြစ်စေ တစ်နေ့နာရီဝက်နှုန်းနဲ့ တစ်ပတ်ကို၃၊၄ရက်တော့ လေ့ကျင့်ခန်းလုပ်ပေးသင့်ပါတယ်။

နောက်ဆုံးဖြစ်တဲ့ နံပါတ်(၃)အချက်က - စာဖတ်ဖို့အချိန်မပေးနိုင်တာပဲဖြစ်ပါတယ်

အားနေတဲ့အချိန် social media ထိုင်သုံးနေမယ့်အစား ကိုယ့်ဘဝအတွက်အကျိုးရှိမယ့်စာပေလေးတွေကို ၅မိနစ်ဖြစ်စေ၊ ၁၀မိနစ်‌ဖြစ်စေ အသိဉာဏ်တိုးပွားဖို့စာဖတ်ပေးသင့်ပါတယ်။ အခုခေတ်က Digital ခေတ်ဖြစ်နေပြီမို့ စာအုပ်ဈေးတွေမလိုက်နိုင်လို့ဆိုပြီးလည်း စိတ်ပူစရာမလိုတော့ပါဘူး။ စာအုပ်တွေကို pdf file နဲ့အလွယ်တကူဖတ်လို့ရနေပြီဖြစ်သလို၊ ShweNote နဲ့ Sarphat တို့လို Digital platform တွေလည်းရှိနေပြီဖြစ်တဲ့အတွက် စာဖတ်ဖို့ဆိုတာ အရင်လိုမခက်ခဲတော့ပါဘူး။ ဖတ်ချင်တဲ့စိတ်ရှိဖို့ပဲလိုပါတော့တယ်။


ဖော်ပြပါအချက်လေးတွေကတော့ လူတချို့ အချိန်မပေးနိုင်တဲ့အရာ(၃)ခုကို ဖော်ပြပေးသွားခြင်းဖြစ်ပါတယ်။ အရွယ်(၃)ပါးမှာ ပထမအရွယ်တစ်ခုသာလျှင် ကိုယ်ဝါသနာပါတာ၊ လုပ်ချင်တာတွေလုပ်ဖို့ အချိန်‌ပေးနိုင်ဖို့ သေချာတဲ့အရွယ်ပဲဖြစ်ပါတယ်။ အသက်၃၀ကျော်လာပြီဆိုတာနဲ့ အလုပ်ကိစ္စတွေကြောင့်၊ မိသားစုကိစ္စတွေကြောင့်၊ ဟိုဟာကြောင့် ဒီဟာကြောင့်နဲ့ ကိုယ်ကြိုက်နှစ်သက်တဲ့အရာတွေ၊ အကျိုးရှိတဲ့အရာတွေလုပ်ဖို့/အချိန်ပေးနိုင်ဖို့ဆိုတာတော်တော်ရှားပါတယ်။
ဒါကြောင့် ကိုယ်လုပ်နိုင်ကိုင်နိုင်သေးတဲ့အရွယ်၊ လွတ်လွတ်လပ်လပ်ဖြစ်သေးတဲ့အရွယ်မှာ ကိုယ့်အတွက်အကျိုးရှိတာလေးတွေလုပ်ဖို့မမေ့လျော့ပဲ အချိန်ပေးလုပ်ကိုင်ဖို့ ဒီဆောင်းပါးလေးကနေတဆင့် စာဖတ်သူလေးတွေထံမျှဝေလိုက်ရပါတယ်ရှင်..။

စာဖတ်သူလေးတွေသာယာပျော်ရွှင်ဖွယ်ကောင်းတဲ့နေ့လေးပိုင်ဆိုင်နိုင်ကြပါစေ✨

Join my tg Channel >> https://t.me/Sharing_Journey_by_Anna


- Anna_Nyein ?
241020 (12:05 PM)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)