Default Profile Photo

SarPhat User

19/10/2024

အယူလွဲမှားပယ်ကြစေဖို့

1 min read
Life Style
Poetry
Culture

ပန်းခင်းလမ်းကိုလျှောက်မလား၊
ဆူးခင်းလမ်းကိုပဲလျှောက်မလား။
မိမိကိုယ်တိုင် ရွေးချယ်ရမှာပါ။

ကံကံ၏အကျိုးကိုယုံကြည်ပြီး၊
စိတ်နှလုံးနူးညံ့ဖို့မှာ အခရာပါပဲ။

မိစ္ဆာဒိဠိအယူများကိုပယ်၊
ဗုဒ္ဓမြတ်စွာ၏ အဆုံးအမများအားနာခံ၍နေပါ။
ခုနှစ်ရက်သားသမီးဟောတမ်းများအား
မယုံကြည်ကြနှင့်။

ငါတို့ရှိခိုးပူဇော်ကြသည်မှာ
ဆင်းတုတော် မဟုတ်
ဗုဒ္ဓ၏ဂုဏ်တော်ဖြစ်သည်။

ငါတို့တန်ဖိုးထားကြသည်မှာ
စာအုပ်ပေါ်မှ ပါဠိစကားလုံးများမဟုတ်
ဓမ္မ တရားတော်ဖြစ်သည်။

ငါတို့ဆည်းကပ်ကြသည်မှာ
ရဟန်းခံထားသော သူ မဟုတ်ဘဲ
ထိုပုဂ္ဂိုလ်၏ သီလ၊သမာဓိ၊ပညာ သာဖြစ်၏။

မိမိလုပ်သမျှတန်ပြန်အကျိုးရတတ်သည်ဟူသော
ဗုဒ္ဓဝါဒအားဘေးဖယ်၍
ယတြာ၊ဂါထာအယူလွဲမှား
မိစ္ဆာဒိဠိအယူများအားကျင့်သုံးနေကြသည်ကို
တွေ့မြင်နေရသည်မို့

ဗုဒ္ဓဘာသာဝင်စစ်စစ်တစ်ဦး‌ဖြစ်သည့်
ကျွန်ုပ်‌အနေဖြင့် စိတ်မကောင်းဖြစ်မိခြင်းဖြစ်၏။

မောင်တုတ်#
၁၉.၁၀.၂၀၂၄

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအာရုံစူးစိုက်မှုစိတ်ညစ်စရာကြားကဆေးတစ်ခွက်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါဒေါင်လိုက်ဒရာမာ (Vertical Drama)ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအချိန်ဆွဲတာကိုကုစားမယ် "ငိုလို့မရတော့ဘူး ဆိုလျှင်