Author's Profile Photo

Whisper of Words

19/10/2024

ဂွတ်ဘိုင် ဘလက်ဒီးမေရီ

1 min read
Book Review
Novel
ဂွတ်ဘိုင် ဘလက်ဒီးမေရီ's photo

စာအုပ်တစ်အုပ်ဖတ်ပြီး ဒီလိုခံစားချက်မျိုးမရတာ ဘယ်လောက်ကြာခဲ့ပြီလဲတောင်မသိတော့

ပုံပြင်လေးကတော့ ခပ်ရှင်းရှင်းပါပဲ။
မြန်မာပြည်ကတရားမဝင်ရွေ့ပြောင်းလုပ်သားလေးနဲ့ စလုံးသူအိမ်ရှင်ကောင်မလေးတို့ရဲ့ မပေါင်းလိုက်ရတဲ့ဇာတ်လမ်းလေးပေါ့။
(ရိုးနေပြီ၊ ဇာတ်လမ်းဟောင်းကြီးလို့တော့မထင်လိုက်နဲ့နော်)

Subတွေထဲမှာ စလုံးရောက်တွေများပါရင် ဖတ်ကြည့်စေချင်ပါတယ်။(ဘာနဲ့ပဲရောက်ရောက်ပေါ့)

စာအုပ်ထဲမှာကတော့ ဇာတ်ကောင် ကောင်လေးရဲ့ဘဝက စုံလို့ပါပဲ။ တက်လိုက်ကျလိုက်၊ ရေစီးတစ်ခါ ရေသာတစ်လှည့်ပေါ့။ ဒီထဲမှာမှ အချစ်ကိုရှာတွေ့ခဲ့ပြီး လူဖြစ်ရကျိုးနပ်ခဲ့ရတဲ့သူ့အကြောင်းလေး(မပေါင်းခဲ့ရပေမဲ့ပေါ့)

တစ်အုပ်လုံးဖတ်ပြီး စွဲသွားတဲ့စာကြောင်းလေးကတော့ "ဆင်းရဲမွဲတေမှုဟာ ကင်ဆာလိုပဲ"ဆိုတာပါပဲ။

ဟုတ်ပါရဲ့၊ ဆင်းရဲမွဲတေလွန်းလို့ အိမ်အပြင်အလုပ်ထွက်လုပ်နေရတဲ့ကျွန်မတို့အိမ်သားတွေ၊ ရေခြားမြေခြားက ညီအကိုတွေ၊ ပင်လယ်နဲ့ နယ်စပ်စည်းအပြင်ကမောင်နှမတွေ သူတို့တွေရဲ့ဒုက္ခတွေ ဘယ်လောက်တောင်ဆင်းရဲနေလိုက်မလဲ။

စလုံးမှာအိမ်အကူလုပ်ရင် တစ်လကိုဒေါ်လာ၅၂၀လောက်ပဲရသတဲ့။(မြန်မာငွေနဲ့တွက်ပြီး အရမ်းများတယ်မထင်နဲ့နော်၊ ဟို ဘက်နိုင်ငံကအခွန်ခတွေ ဈေးနှုန်းတွေရဲ့ဒဏ်ကို အလူးအလဲခံပြီးမှဒီကိုပို့ရတာ)

ဒီထဲမှာကတော့ ကြုံရာကျပန်းလုပ်ရတဲ့လူငယ်လေးပေါ့။ ကြုံရာလုပ်ရင်း မိတ်ဆွေကောင်းတွေရခဲ့၊ မိတ်ဆွေကောင်းတွေဆုံးရှုံးခဲ့၊ လောကဓံရဲ့အထိုးအနှက်ကြောင့် ထောင်ထဲပါရောက်ခဲ့၊ တိုက်ပိတ်ခံခဲ့ရပြီးမှမြန်မာပြည်ကိုပြန်ရောက်ခဲ့တယ်။
ဒီကိုပြန်ရောက်တော့ကော သူ့ချစ်သူလေးနဲ့ပြန်တွေ့ခွင့်ရမလား၊
ဝေးသွားတာကရော ဘာ့ကြောင့်ဖြစ်မလဲ၊
ဆရာအောင်ချိမ့်ပြောသလို ဘယ်ရထားမှာလွဲခဲ့သလဲ။
ပါပီယွန်ဆိုတာကကော ဘာကြောင့်နာမည်ကြီးနေရသလဲဆိုတာကိုတော့ စာအုပ်ထဲမှာသာဖတ်ကြည့်ကြတော့ဗျာ။

P. S
ဒီစာအုပ်ထဲကဇာတ်ကောင်ရဲ့နာမည်လေးတောင်မပြောပြတော့ဘူးနော်၊ ဖတ်ရတာအရသာပျက်သွားမှာစိုးလို့။

#Review_by_NuNu
စာအုပ်ဖတ်ရန်
https://t.me/TheBookR

Keep Reading

ချေးများစေ့စပ်တဲ့သူသည်းခြေကြိုက် စာအုပ် ၆ အုပ်ချန်လှပ်ခဲ့သော ဇွန်လတန်ဆေးလွန်ဘေးနည်းပညာခေတ်နဲ့ လုပ်ရည်ကိုင်ရည်အချိန်ဆွဲတဲ့အကျင့်ဆိုးရပ်တန့်ရမယ့်အချိန်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်အာရုံစူးစိုက်မှုစိတ်ညစ်စရာကြားကဆေးတစ်ခွက်