Author's Profile Photo

ဇွဲ

18/10/2024

ဝေးကွာခြင်းအစ ဆုံတွေ့ခြင်းက

1 min read
Life Style
Art
18 Again
ဝေးကွာခြင်းအစ ဆုံတွေ့ခြင်းက's photo

တစ်နေ့.....ဆုံတွေ့ခြင်းရွက်လှေငယ်တစ်စင်းဟာ ကွဲကွာခြင်းနှင့်ခွဲခွာခြင်း ကုန်စည်နှစ်ခုကို သယ်ဆောင်ကာ ဦးနှောက်ဆိပ်ကမ်းကို ဆိုက်ရောက်လာခဲ့သတဲ့။

တာဝန်ကျေလွန်းတဲ့ အသိဉာဏ်လုပ်သားများ၏ အသိပေးမှုကြောင့် ကြားသိသွားတဲ့ နှလုံးသားသူရဲကောင်းလေးဟာ ဆုံတွေ့ခြင်းရွက်လှေအကြောင်း သိရှိသွားတော့တာပေါ့။

ဒီလိုနဲ့ သူရဲကောင်းလေး ဆိပ်ကမ်းကိုရောက်ရှိလာချိန်မှာတော့ ကွဲကွာခြင်းနှင့်ခွဲခွာခြင်းကုန်စည်များကို မမြင်နိုင်တော့ပဲ ဆုံတွေ့ခြင်းရွက်လှေငယ်၏ အလှတရားအောက်နစ်မြောသွားပြီး မြတ်နိုးစိတ်လေးဖြစ်ပေါ်လာတော့သည်။

မကြာလိုက်ပါ၊နှလုံးသားသူရဲကောင်းလေးမှ သံယောဇဥ်နှောင်ကြိုးဖြင့် ရွက်လှေငယ်ကို ချည်နှောင်ရန်ကြိုးစားသဖြင့် ဆုံတွေ့ခြင်းရွက်လှေငယ်သည် ကုန်စည်တစ်ခုကို ထားခဲ့ကာ ဆိပ်ကမ်းမှ ထွက်ခွာသွားလေတော့သည်။

ဆုံတွေ့ခြင်းရွက်လှေချန်ထားခဲ့သောအရာကား ကွဲကွာခြင်းလော......၊ခွဲခြားခြင်းလော.....။

မည်သည့်ကုန်စည်ကိုထားခဲ့ပါစေမူ... နှလုံးသားသူရဲကောင်းလေး နှစ်သက်မြတ်နိုးမည်မဟုတ်၊သူလိုချင်တာ ချစ်ခြင်းမေတ္တာ.....။

ထို့ကြောင့် သူရဲကောင်းလေးသည် စိတ်နှလုံးကြေကွဲစွာဖြင့် အောက်ပါစကားတို့ကိုဆိုလေသည်။

'' ငါသည် ဆုံတွေ့ခြင်းတစ်ခုနောက်ကွယ်မှ ဝေးကွာခြင်းကို မမြင်နိုင်ခဲ့။အကယ်၍ ကြိုတင်သိရှိခဲ့ပါမူ ပြန်ဆုံတွေ့နိုင်သော ကွဲကွာခြင်းကိုလည်း မမက်မောသကဲ့သို့၊အပြီးတိုင်ဝေးကွာရမည့် ခွဲခွာခြင်းကိုလည်း မခုံမင်သော ငါသည် ဆုံတွေ့ခြင်းကို နှစ်သက်မိခဲ့မည်မဟုတ် ''

စာရေးသူ - ဇွဲ
ဆောင်းပါးနံပါတ် (၁၆)
18/10/2024 (Friday)




Keep Reading

စိတ်ဓာတ်ကျနေတဲ့အခါစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း