SarPhat Author
# ရင်တွေ ပြို ရတဲ့ရာသီ #
ဒီနှစ်တော့
တို့မြို့က
သီတင်းတွေ ကျွတ်ပြီး
ဗျောက်ဖောက်ခွင့် တွေ ရပြီး
ပျော်နေကြ တာ
တွေ့ ၊သိ၊မြင်၊ကြားရတယ်
မနှစ်ကတော့
ဟိုဖက်ကမ်းက
မောင်နှမသားချင်းတွေက
သီတင်းကျွတ်ချိန်မရ
ဗျောက် ကြီး ဖောက်ဒဏ် တွေကြောင့်
သေပြေးရှင်ပြေး ပြေးခဲ့ကြရတယ်
မနှစ်ကတော့ ကိုယ်တွေက
ခဏတဖြုတ် အဝေးကို
ရှောင်လိုက်ကြရတယ်
ဒီနှစ်ထဲမှာ တော့
ခုထိ အိမ်မပြန်နိုင်သေးပဲ
ရှောင်နေရဆဲ
မောင်နှမသားချင်း မိတ်ဆွေတွေက အများကြီးပဲ
ဘယ်တော့ အိမ်ပြန်ရမလဲ
ဘယ်ချိန် အိမ်ပြန်ရမလဲ
အိမ်ကရော ဘယ်ဆီမှာလဲ.....
လဲ......... ပေါင်းများစွာ
နှိပ်စက်
ဘယ်မှာလဲ
ကိုယ်ချင်းစာခြင်းတွေ
ဘယ်မှာ လဲ.........တွေ
ဘယ်မှာ လဲ .......တွေ
ဘယ်မှာလဲ........
ရင်တွေ ပြို ရတဲ့
ဒီလို ရာသီမှာ
သီတင်းတွေကျွတ်ရင်တောင်
မကျွတ် မလွတ် နိုင်သေးတဲ့
ဘဝတွေနဲ့
မကျွတ် မလွတ် နိုင်တော့မဲ့
အနာဂတ်တွေက
တကယ်
တပုံ............. ကြီး ။
#ဆူးပန်းငယ်
18Oct,2024
Keep Reading