Author's Profile Photo

မောင်နိုင်အေး

18/10/2024

သူချစ်တဲ့အတိုင်းပြန်ချစ်လိုက်ပါ

1 min read
General Knowledge
Entertainment
Creative

လူတစ်ယောက်ကို ဘယ်လိုချစ်ပေးရမလဲ မသိဘူးဆိုရင် သူချစ်တဲ့အတိုင်း ပြန်ချစ်ပေးလိုက်ပါ။သူက မင်းကို အလုပ်ဘယ်လောက်များများ ဖုန်းရအောင်ဆက်တယ်။
သိပ်လွမ်းကြောင်း သိပ်ချစ်ကြောင်း စာရအောင်ပို့တယ်။
ခရီးကအပြန် သင့်အတွက်
လက်ဆောင်လေး ဝယ်လာပေးတယ်။အိမ်က လူတွေနဲ့ မိတ်ဆက်ပေးတယ်။မွေးနေ့ဆုတောင်းကို အစောဆုံးပြောပေးတယ်။
တစ်နေ့တာ ဘာတွေလုပ်ဖြစ်တယ်။ဘယ်တွေ သွားဖြစ်တယ်
ပြောပြတယ်။ရှုခင်းလှလှလေး
တွေ့တဲ့အခါ ပုံလေးရိုက်ပြီး ပို့ပေးတယ်။ဟာသဇာတ်လမ်းတို ကြည့်မိရင်လည်း လှမ်းပို့ပေးထားတယ်။
လိုအပ်တာ မှန်သမျှ တတ်နိုင်သလောက် အလိုတသိနဲ့ ဖြည့်ဆည်းပေးတယ်။မင်းကို ချစ်ပေးတဲ့အတိုင်း သူ့ကို
ပြန်ချစ်ပေးကြည့်ပါ။

ကိုယ်က သူချစ်တာထက် ပိုချစ်ပြ
နိုင်ရင်လည်း သိပ်ကောင်းပါတယ်။လူတိုင်းက ကိုယ့်ကို ချစ်ပေးစေချင်တဲ့နည်းအတိုင်း တစ်ဖက်လူကို ချစ်ပေးတယ်။ပြောရရင် ငါချစ်တဲ့အတိုင်း ငါ့ကို ပြန်ချစ်ပါဆိုပြီး ပါးစပ်ကနေ တိုက်ရိုက်မပြောဘဲ လက်တွေ့နဲ့ အရိပ်အမြွက်ပြလိုက်တဲ့ သဘောပါ။ငါတော့ မချစ်တတ်ဘူး၊မရိုတတ်ဘူး၊မချော့တတ်ဘူးဆိုပြီး တွေးနေမဲ့အစား တစ်ဖက်က မင်းကို ဘယ်လိုချစ်ပေးလဲ၊ဘယ်လို ချော့လဲ၊ဘယ်လို ဂရုစိုက် ပေးလဲဆိုတာ တွေးပါ။အဲနောက်
သူ့ကိုလည်း ဒီနည်းအတိုင်း ပြန်ချစ်ပေးပါ။ဒါဆိုရင် လူနှစ်ယောက်က တဖြည်းဖြည်းနဲ့ အချစ်တွေ ထပ်တူကျသွားပါတယ်။

#ငြိမ်းချမ်းခြင်းကိုခံစားတတ်ဖို့ဆိုရင်- စာအုပ်မှ
#TheLibraryOfDream

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါင်လိုက်ဒရာမာ (Vertical Drama)ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်အချိန်ဆွဲတဲ့အကျင့်ဆိုးစိတ်ဓာတ်ကျနေတဲ့အခါ"စကားချိုသာလျှင် လိုရာကိုရသည်"အင်တာနက်နဲ့ လူနေမှုဘဝ "တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါရှောင်တာက ကြောက်ခြင်းမဟုတ်