Author's Profile Photo

Reviews by Benevolent

23/03/2024

'သူစိမ်း

4 mins read
Book Review
'သူစိမ်း's photo

? ၁၈ နှစ်ပြည့်မှ ဖတ်သင့်ပါတယ်။

အနည်းငယ်ထူတဲ့ စာမျက်နှာ ၆၉၁နဲ့ စာအုပ်တစ်အုပ်၊ ဆွဲဆောင်မှုရှိတဲ့ မျက်နှာဖုံးတစ်ခု အပါအဝင် လျှို့ဝှက်ဆန်းကြယ်မှုများစွာနဲ့စွဲလမ်းစရာ သည်းထိတ်ရင်ဖိုစရာ ဇာတ်လမ်းပါ စာအုပ်လို့ ပြောရမယ်။မြင်ရက်ကြားရက်စရာမရှိတဲ့ လူသတ်မှုတစ်ခုကို အခြေခံထားတာဖြစ်တဲ့အတွက် အသက် ၁၈ နှစ်အောက် လူငယ်တွေကတော့ မဖတ်သင့်ဘူး။သူစိမ်းဆိုတဲ့ ဇာတ်ကောင်က ကျွန်တော်ငယ်ဘဝအိမ်မက်ထဲက နတ်ဆိုးကို အမှတ်ရစေတယ်။အရာရာဟာ အိမ်မက်နဲ့ လက်တွေ့ ရောယှက်ထားသလို မပီဝိုးတဝါးပါပဲ။ စိတ်ကူးယဉ်ဇာတ်လမ်းဖြစ်တဲ့ အက်ဂါအလန်ပိုးရဲ့ ဝီလီယံဝယ်လ်ဆန် ဆိုတဲ့ ဇာတ်လမ်းတပုဒ်လိုပါပဲ။ ဒီစာအုပ်ထဲမှာလည်း အဲဒီလို အဖြစ်အအပျက်တွေ ပါနေတယ်။မကောင်းတဲ့ နိမိတ်ဖြစ်တဲ့ အသွင်တူ ပွားနိုင်တဲ့ ပုံစံမျိုးတွေ တွေ့ရမယ်။

အရာရာကို အမှတ်သင်္ကေတ၊ အထောက်အထားတွေ၊ ဥပမာ၊ တင်စားမှုတွေ ၊ သက်သေခံတွေ နဲ့ အဖြစ်မှန်ကို ရှာကြတယ်။ တင်စားမှုတွေ၊ ဥပမာတွေ ၊ ကောက်ချ ချမှုတွေကို ဖယ်ထုတ်လိုက်ရင် ဘာဖြစ်လာမလဲ ၊ ကျွန်တော်အမြင်ကတော့ ရှင်းပြလို့မရတဲ့ အရာ တွေဖြစ်လာနိုင်တယ်၊ အဲ့ဒါက သာမန်မဟုတ်တဲ့ သဘာဝလွန်ဖြစ်ရပ်ပါပဲ။တကယ်တော့ သူစိမ်းဆိုတာ လူတွေအားနည်းချက်ဖြစ်တဲ့ သက်သေရှိမှ၊ အထောက်အထားရှိမှဆိုတဲ့အရာကို အဓိက အသုံးချသွားတာပါ။လူအကြိုက်ဖြစ်တဲ့မျက်မြင်သက်သေ တသီကြီး၊ မှုခင်းနဲ့ဆိုင်တဲ့သက်သေများများ ထားခဲ့တတ်တဲ့ သတ္တဝါ တမျိုးပါပဲ။ ဝမ်းနည်းပူလောင်ခြင်းတွေကို စားသုံးပြီး မသေခင်ခံစားရတတ်တဲ့ ဝေဒနာတွေကိုလည်း မြိန်ရေယှက်ရည် စားသောက်တတ်သေးတယ်။သူစိမ်းဟာ အကြွင်းအကျန် အစက်အပြောက်တွေကို ဟိုနားတစ၊ ဒီနားတစ သက်သေခံအဖြစ် ထားတတ်တယ်။အမှန်တကယ်ပင် စိတ်ဝင်စားစရာကောင်းတဲ့ လျှို့ဝှက်ဆန်းကြယ်မှု၊ကြောက်စရာကောင်းတဲ့ အငွေ့အသက်များရှိတယ်။ ဇာတ်ကောင်တွေက အမှတ်ရစရာကောင်းတယ်၊ စာဖတ်သူကသူတို့ကို တွယ်တာလာလိမ့်တယ်၊ သူတို့အတွက် စိတ်ဆိုးလာမယ်၊ သူတို့အတွက် ပါထပ်တူခံစားရ‌ စေတယ်။နှစ်ကိုယ်ပွားဇာတ်လမ်းတစ်ခု၊ သဘာဝမဟုတ်တဲ့ သဘာဝလွန် ဖြစ်ရပ်တခုသာဖြစ်တယ်။

ဇာတ်လမ်းအစက ပန်းခြံထဲက တောအုပ်လေးထဲမှာ ပြိုပျက်လဲကျနေတဲ့ မြင်ရက်စရာမရှိ ၊ကြည့်ရက်စရာမရှိ...ရက်ရက်စက်စက် သတ်ဖြတ်ခံထားရတဲ့ ဖရန့်ပီတာဆန်ဆိုတဲ့ ကျောင်းသားလေးတယောက်။ ကိုယ်ထဲကို အဆုံးထိ ထိုးထည့်ထားတဲ့ သစ်ကိုင်းချွန်ကြီး...သာမက အဓမ္မကျင့် ကျူးလွန်ခံထားရတဲ့ ရုပ်အလောင်းအဖြစ်ရှိ‌ နေတယ်။ သစ်ကိုင်းချွန်ရဲ့ ထိပ်နားမှာ အထင်းသားပေါ်နေတဲ့ သွေးလက်ဖဝါးရာကြီးတခုကျန်ခဲ့တယ်။ ပီတာဆန် မိသားစုတွေဖြစ်တဲ့ အာလင်းပီတာဆန် ၊ အစ်ကိုအိုလီဗာ ပီတာဆန် တို့ကလည်း ပူဆွေးရတယ်။ပတ်ဝန်းကျင်တခုလုံးကအဲ့အရာကိုတယ်ရီမိတ်လန်း ( ဘေ့စ်ဘောပြိုင်ပွဲနည်းပြ)ဆီပို့ကြတယ်။

ဒီအမှုကို အတ္တရှေ့ထားပြီး လိုက်မည့်သူက အစွပ်စွဲခံ တယ်ရီ တပည့် အဖေဖြစ်တဲ့ စုံထောက်ကြီး ရက်ဖ်အန်ဒါဆန်၊ သူက သဘာဝလွန်ဖြစ်ရပ်တွေကို အယုံအကြည်မရှိသူ၊ သရဲတစ္ဆေတွေ၊ နတ်သား ၊ နတ်သမီးတွေဆို ပိုလို့တောင်မယုံကြည်သူတစ်ယောက်။သဘာဝ၊ ယုတ္တိလောကကို ကျော်လွန်နေတဲ့ ဖြေရှင်းချက်တွေကို လက်မခံတတ်သလို ဖရန့်ပီတာဆန်ဆိုတဲ့ ကောင်းလေးကို သ တ်သွားတဲ့ လူဟာ သွေးနဲ့ သားနဲ့ လူသားစစ်စစ်ပဲ ၊အမှုက တမူထူးခြားနေသည့်တိုင် ရက်ဖ်အတွေးကတော့ ဘောင်ခတ်ထားတယ်။ဖရန့်ပီတာဆန်ရဲ့ သွေးအလူးလူး၊ ပုံပျက်ပန်းပျက် ရုပ်အလောင်း၊ သွေးတွေပေပွနေတဲ့ သစ်ကိုင်းချွန်ကို ရက်ဖ် အမြဲ ပြန်မြင်ယောင် ပြန်စဉ်းစားနေတတ်တယ်။ပန်းခြံထဲက တောအုပ်လေးထဲမှာ ပြိုပျက်လဲကျနေတဲ့ စူပါဟီးရိုးတွေ ၊ ကာတွန်းစာအုပ်တွေကို ဖတ်မဝသေးတဲ့အရွယ် ၊ဘဝရဲ့ အကြောင်း ဘာမှ မသိသေးတဲ့ အရွယ်၊ဖရန့်ပီတာဆန် ရဲ့အလောင်းက သိပ်ကို သနားဖို့ကောင်းတဲ့ ကောင်းလေအဖြစ်ရက်ဖ် မြင်လိုက်ပြီးကတည်းက အဲ့နေရာမှာ ငါ့သား သာဆိုရင် စိတ်က နိုးဆွလာတယ်။"ဖမ်းပါ...မြန်မြန်ဖမ်းလိုက်ပါ၊ တခြားကလေးတွေကို ထပ်ဒုက္ခမပေးနိုင်အောင်လို့..." ဆိုတဲ့ ဘောင်ခတ်ထားတဲ့အတွေးက ဒီအမှုကို ငွေကြောင့်မဟုတ်ဘဲ အတ္တကြောင့်လုံးဝစုံလုံးကန်းသွားတယ်။

ဟော်လီဂစ်ဘနီ ဆိုတဲ့ ဇာတ်ကောင်ကို စာဖတ်သူအများကြိုက်ကြလိမ့်မယ်။အရင်တုန်းက အကြောင်းတွေကို ပြန်ပြောတဲ့အခါ ..ပြန်နားထောင်ရတဲ့အခါ မျက်နှာ၊ လည်းပင်းနားအထိပါ သိသိသာသာ နီရဲလာကာ စိတ်မသက်မသာ မသိမသာ နာကျင်တတ်သူတယောက်လည်းဖြစ်တယ်။ဒါပေမယ့် စုံထောက်ကြီးရက်ဖ်ကို ပါးစပ်အဟောင်းသားဖြစ်စေနိုင်တဲ့ စဉ်းစားမှု တကွက်ကို ပြသ‌ လေ့ရှိတယ်။အသားဖြူဖျော့ဖျော့ ၊ ဆံပင်မီးခိုးရောင်နဲ့ ဟော်လီ သာ မရှိရင် ဒီစာအုပ်ထဲက ဒုစရိုက်သမား အရိပ်ကို တွေ့ရမှာမဟုတ်ပါဘူး၊ ကွင်းလုံးချွတ် အမေ့ခံ မှုခင်းတခုအနေနဲ့သာ ကျန်ခဲ့လိမ့်မယ်။ဟော်လီကြောင့် ငရဲနဲ့ အမှောင်နက်ထဲက အဆိပ်တွေအပြည့်သူစိမ်းခန္ဓာကိုယ်ထိုးထွက်လာခဲ့တယ်။ဘယ်လိုမှ ယုံချင်စရာမရှိလောက်အောင် မှောင်မဲ ပိန်းဖုံးနေတဲ့ လိုဏ်ဂူတခုထဲက ...ဆိုးရွားလှတဲ့ပွတ်တိုက်ခြင်းတွေလည်းခံခဲ့ရတယ်ပေါ့ဗျာ။

ဂျင်းနီ ဘဘာဝလွန်ဖြစ်ရပ်ကို လက်ခံထားသူတယောက်၊ အစအဆုံးမရှိတဲ့ အာကာသဟင်းလင်းပြ

𝐇𝐚𝐫𝐮𝐤𝐢 𝐌𝐮𝐫𝐚𝐤𝐚𝐦𝐢 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧📚Ernest Hemingway ဘဝဟာသများအရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။စပါတာကပ်စ်ကျဆုံးခန်းဘဝဟူသည်သုံးနှစ်သုံးမိုးမွှေး၊ကုသိုလ်ကြမ္မာမမီပါခဲ့၊အတွတ်ရေ၊ကျွန်တော်တင်အောင်ထွန်းသည်းခြေကြိုက် စာအုပ် ၆ အုပ်The Gentleman in the Parlour

Unlock to read this premium article with 100 points.