Author's Profile Photo

Anna_Nyein

18/10/2024

ခဏခဏမမေ့အောင်ဘယ်လိုလုပ်ကြမလဲ?

2 mins read
Life Style
Health
General Knowledge
ခဏခဏမမေ့အောင်ဘယ်လိုလုပ်ကြမလဲ?'s photo

အလုပ်တစ်ခုကိုလုပ်နေရင်းနဲ့ ခေါင်းထဲနောက်ထပ်လုပ်စရာတခု ဘွားခနဲပေါ်လာပြီး ခဏကြာတော့မေ့သွားတဲ့လူတွေရှိလား? ခဲတံကိုနားရွက်ကြားညှပ်ထားပြီး ပျောက်လို့လိုက်ရှာတဲ့လူတွေရှိလား? ကော်ဖီသောက်နေရင်းနဲ့ ကော်ဖီခွက်ပျောက်လို့လိုက်ရှာနေရတဲ့လူတွေရှိပါသလား? ရှိတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကသင့်အတွက်ပါ✨

အန်နာအပါအဝင် လူအများစုဟာလုပ်စရာအလုပ်တွေတအားများလာတဲ့အခါမှာ ဦးနှောက်ကမှတ်ရတာတွေများလွန်းတဲ့အတွက် ခေါင်းမနိုင်တော့ပဲ ခဏခဏမေ့တတ်လာကြပါတယ်။ အခုဆိုရင်လူကြီးတွေတင်မဟုတ်ပါဘူး လူငယ်တွေပါမေ့တတ်လာကြပါပြီ။

ဒီလိုမေ့တာဟာကောင်းတဲ့အရာမဟုတ်ပါဘူး။ သတိမေ့ခြင်းကြောင့်အရေးကြီးတဲ့အရာတွေကိုတောင်လက်လွှတ်ဆုံးရှုံးရတတ်ပါတယ်။
ဥပမာ - ကိုယ့်ရဲ့မေ့လျော့မှုကြောင့်ကားသော့ပျောက်လို့ လိုက်ရှာနေရတာနဲ့ပဲ အရေးကြီးတဲ့ပွဲတစ်ခုလွတ်သွားတာမျိုး။
- စာမေးပွဲသွားဖြေရင်း ID card ပါမပါလို့ စာမေးပွဲမဖြေလိုက်ရတာမျိုး စသဖြင့်ပေါ့လေ။

အန်နာဆိုရင် စာတစ်ပုဒ်ရေးဖို့ ခေါင်းထဲအိုင်ဒီယာတခုပေါ်လာပြီဆို စာရွက်ထဲချ‌ရေးထားမှ။ အကယ်၍မရေးထားဘူးဆို ခဏကြာတာနဲ့အဲ့အိုင်ဒီယာဟာအစပြန်ဖော်လို့မရအောင် ပျောက်ကွယ်သွားတတ်ပါတယ်။ အဲ့တော့ ကိုယ့်အတွက်နစ်နာရတာပေါ့ရှင်..


ဒါ့ကြောင့်ကိုယ့်အနေနဲ့ ခဏခဏမေ့တတ်တာ လျော့သွားအောင် ပထမဆုံး ဘာကြောင့်လူတွေသတိမေ့တတ်တာလဲဆိုတာကို လေ့လာကြရအောင်ပါ။

ကိုယ့်ကိုသတိမေ့လျော့စေနိုင်တဲ့အကြောင်းအရင်းတွေများစွာရှိပါတယ်။ 

အဲ့ထဲက(၅)ချက်ကိုဖော်ပြရရင်တော့

  1. စိတ်ဖိစီးမှုများလို့
  2. အာရုံစူးစိုက်မှုမကောင်းလို့
  3. အိပ်ချိန်လုံလုံလောက်လောက်မရှိလို့
  4. ရေဓာတ်လုံလုံလောက်လောက်မရှိလို့ (သို့) ရေသောက်နည်းလို့
  5. အာဟာရဓာတ်ချို့ယွင်းလို့

စတာတွေကြောင့်ဖြစ်ပါတယ်။

ဒါဆိုသတိမေ့တဲ့ပြဿနာလျော့နည်းသွားအောင် ဘာတွေလုပ်ရမလဲ?
  • အစာအာဟာရမျှတအောင်စားပါ။

သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆံအမျိုးမျိုးနဲ့ အသားငါးတွေကို မျှတအောင်စားသုံးပါ။ ကိုယ်ခန္ဓာအတွက်အကျိုးမရှိမယ့် fast foods (အသင့်စားသုံးနိုင်သောအစားအစာများ) ကိုတတ်နိုင်သလောက်လျှော့စားပါ။

  • ရေများများသောက်ပေးပါ။

ရေ တစ်နေ့အနည်းဆုံး ၁လီတာခန့်‌တော့သောက်ပေးသင့်ပါတယ်။ တစ်ကြိမ်ထဲ၊တခါထဲကုန်အောင်သောက်တာမျိုးမဟုတ်ပဲ၊ နည်းနည်းနဲ့ ခဏခဏ ပုံမှန်သောက်ပေးဖို့လိုပါတယ်။

  • အာရုံစိုက်ပြီးအလုပ်လုပ်ပါ။

အလုပ်လုပ်နေတုန်းပဲဖြစ်စေ၊ သင်နေတဲ့စာကိုအာရုံမစိုက်မိရင်ပဲဖြစ်စေ ကိုယ့်ကဒီအလုပ်တခုမှာအာရုံကောင်းကောင်းမစိုက်မိတဲ့အခါ အာရုံတွေထွေပြားပြီး သတိမေ့တာကိုပိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်အာရုံကိုစုစည်းပြီး တခုထဲမှာပဲ focus ထားသင့်ပါတယ်။

  • အိပ်ချိန်ကိုဂရုစိုက်ပါ။

ဒါလည်းပဲအပေါ်ကအချက်နဲ့ဆက်စပ်ပါတယ်။ အိပ်ရေးမဝတဲ့လူတစ်ယောက်ဟာ ခေါင်းကြည်လင်နေမှာမဟုတ်ပါဘူး။ ခေါင်းမကြည်လင်တဲ့အခါ အာရုံတွေထွေပြားနေမှာဖြစ်ပြီး အာရုံစိုက်ဖို့လည်းခက်ခဲနေမှာပါ။

  • မှတ်စုစာအုပ်လေးတစ်အုပ်ဆောင်ထားပါ။

ကိုယ့်ရဲ့တနေ့တာလုပ်စရာရှိတာတွေကိုပဲဖြစ်ဖြစ်၊ မေ့မသွားအောင်ရေးမှတ်ထားဖို့စာအုပ်လေးတစ်အုပ်နဲ့ ဘောပင်လေးတစ်ချောင်းမရှိမဖြစ်လိုပါတယ်။ ကိုယ်လုပ်ရမယ့်အရာတွေကို စာရွက်ထဲချရေးထားခြင်းဖြင့် သတိမေ့တဲ့အန္တရာယ်ကနေကာကွယ်ပေးပါတယ်။ ကြီးစဉ်ငယ်လိုက်ဆိုသလို အရေးကြီးတယ်၊ အရင်လုပ်ဖို့လိုတယ်ဆိုတာတွေကိုအပေါ်ဆုံးမှာချရေးပြီး အရေးမကြီးတာတွေကိုနောက်မှရေးပါ။
ဒီနည်းလမ်းကိုအန်နာကိုယ်တိုင်လည်းသုံးဖူးပါတယ်။ အန်နာ့လိုအမြဲမေ့တတ်တဲ့လူအတွက် မမေ့အောင်ကာကွယ်ပေးတဲ့အပြင် ထိရောက်ပြီးတကယ်လည်းအသုံးဝင်တဲ့အတွက် စာဖတ်သူလေးတွေထံမျှဝေလိုက်ရပါတယ်။

အခုမျှဝေလိုက်တဲ့နည်းလမ်းလေးတွေဟာ စာဖတ်သူလေးတွေအတွက်အကျိုးရှိလိမ့်မယ်လို့ အန်နာမျှော်လင့်ပါတယ်ရှင်..။
နောက်လည်းဒီလို content မျိုးတွေဖန်တီးဖို့ရှိသေးတာမို့ follow လုပ်ခဲ့ဖို့မမေ့ပါနဲ့နော်❣️
အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ရှင်✨
ကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေ..

Join my tg Channel >> https://t.me/Sharing_Journey_by_Anna


- Anna_Nyein ?
241018 (11:53 AM)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)