Author's Profile Photo

Nway Oo Maung

17/10/2024

အတ္တနှင့်အသိဉာဏ်

1 min read
Art
Psychology


လူတစ်ယောက် လောကအလယ်ကိုလျောက်
လှမ်းရတဲ့အခါမှာ ၊လောက​၏ စည်းဘောင်တို့၊လူ့ကျင့်ဝတ်တို့ ယဉ်ကျေးမှုတို့ သိက္ခာတရားစသည်တို့ကို မစဉ်းစားပဲ၊ကိုယ်နှုတ်စိတ် ကံသုံးပါးလုံးကို လွပ်လပ်စွာ တွေးခေါ်လုပ်ကိုင်သွားလာချင်သည့် မိမိအတ္တကိုအမှီပြုသော အကျင့်စရိုက်ဆိုတာရှိစမြဲပဲ။ ထိုအလေ့ထဟာ ပတ်ဝန်းကျင်ကို အမှီမပြု အတ္တကိုသာအမှီပြု​၏၊ ထိုစရိုက်ဟာ ကလေးဘဝမှာပိုပြီးသိသာထင်ရှား​၏။ ၂နှစ်၃နှစ်ကလေးတစ်ယောက်ဟာ မိဘ ,ပတ်ဝန်းကျင်​၏ သွန်သင်ဆုံးမမှုမရသေးခင် သူအတ္တအတိုင်းလုပ်ချင်ရာလုပ် ပြောချင်ရာပြော​၏။ဒီလိုမပြောရဘူး ဟိုလိုမလုပ်ရဘူးဆိုပြီးတားမြစ်ဆုံးမ ပေးမှသာ အတ္တကိုဖုံးကွယ်ကာ ပတ်ဝန်းကျင်ကို အမှီပြုပြီးနေထိုင်လာရ​
၏။ အရွယ်လေးရလာတော့ အသိဉာဏ်နှင့် အရှက်အကြောက်တို့ရှိလာသောကြောင့် အတ္တကိုအသိဉာဏ်နှင့်ချိန်ထိုးရသည်လည်းရှိ​၏၊တစ်ခါတလေ အရှက်အကြောက်နှင့်ဖုံးကွယ်ရပြန်​၏။ထိုအရာသည် လူ့ယဉ်ကျေးမှုဟု ဆိုလျင်လည်းမှားမည်ဟုမထင်။ထို့နောက် တစ်ဆင့်တက်ပြီး ကိုမွေးဖွါးရာနိုင်ငံတစ်ခု​၏ မိရိုးဖလာဓလေ့စရိုက်တို့၊ထုံးထမ်းအစဉ်လာတို့ ကိုလည်း အတ္တကိုဖိနှိပ်ပြီး ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေစွာ လိုက်နာရကုန်​၏။ ဥပမာတစ်ခု မြန်မာလူမျိုးဗုဒ္ဓဘာသာတစ်ယောက်​၏ အတ္တ(သို့)အလိုသည် ဝါတွင်းမှာမင်္ဂလာဆောင်ချင်​၏။ ဘာသာရေးအရ မှန်သည်မမှန်သည်အပထား အစဉ်လာယဉ်ကျေးမှုအရဆော
င်လို့မရဟု သတ်မှတ်ထားသောကြောင့် ဆောင်ချင်သောစိတ်ကိုဖိနှိပ်လိုက်ရ​၏။
ဝါတွင်းမှာ တစ်ခြားသောနိုင်ငံတို့၌မင်္ဂလာဆောင်လို့ရကြပြီး ငါတို့နိုင်ငံသည် ဘာလို့မရသနည်းဟူသော အသိဉာဏ်​၏ ပတ်ဝန်းကျင်ကိုဖီဆန်မှုမျိုး ရှိလာပြန်​၏။ ထိုသို့
ဖီဆန်မှုမျိုးသည် သဘာဝကျ​၏လော၊သို့တည်းမဟုတ် ပတ်ဝတ်ကျင်ထုံးတမ်းအစဉ်လာတို့သည် သဘာဝကျ​၏လောဟု ဆန်းစစ်ရပြန်​၏။ ဆန်းစစ်ကြည့်သော် မိမိပတ်ဝန်းကျင်ရှိ လူတစ်ရာမှာ ၉၉ရောက်
လောက်က မိရိုးဖလာ ထုံးတမ်းအစဉ်လာတို့သည်မှန်​၏လော မှား​၏လောဟု စဉ်စားဆင်ခြင် ခြင်းမရှိကြ။ လူတစ်ယောက်​၏အတ္တကို ထိန်းချုပ်ရန် (လုပ်ချင်တာမလုပ်ဖြစ်အောင် တွေးချင်တာမတွေးဖြစ်အောင်)အသိဉာဏ်သည်လိုအပ်​၏။ ထိုအသိဉာဏ်သည်ကား နည်းလမ်းကျပြီး မှန်ကန်သော အသိဉာဏ်ဖြစ်ဖို့အရေးကြီး​၏။ နည်းလမ်းကျမှန်ကန်ဖို့ မြတ်
ဗုဒ္ဓ​၏ အဆုံးမတို့သည်အကောင်းဆုံးဖြစ်​၏။တစ်ခါတလေ ကျွန်တော်တို့​၏အတ္တသည် ထုံးတမ်းအစဉ်လာယဉ်ကျေးမှုကိုလည်းကောင်း ၊ပတ်ဝန်းကျင်ကိုလည်ကောင်း၊ အရှက်အကြောက်ကိုလည်းကောင်း ၊မျက်ကွယ်ပြု၍ တွေးချင်သလိုတွေး လုပ်
ချင်ရာလုပ်ပစ်ချင်သော စိတ်တို့သည် လွှမ်းမိုးကုန်​၏။ ထိုအခါဝယ် အသိဉာဏ်တည်းဟူသော ရန်သူနှင့်စစ်ခင်းရ​၏။ အတ္တကနိုင်သည်လည်းရှိ​၏၊ အသိဉာဏ်ကနိုင်သည်လည်းရှိ​၏၊ ဘဝတစ်ခုတည်ဆောက်ရာ၌ ထိုရန်ပွဲသည် ရှိစမြဲဖြစ်​၏။ ကျွန်တော်အမြင်ကတော့ အသိဉာဏ်နှင့်တွဲသောအတ္တကိုပိုနှစ်သက်​၏။ အတ္တချည်သီးသန့်ဆိုရင် ဘဝကအထီးကျန်​၏။ အဖော်မဲ့မည် ဘဝရပ်တည်မှုသည်လည်း အဓိပ္ပါယ်မရှိတော့၊ အတ္တနည်းပြီး အသိဉာဏ်ကများနေမယ်ဆိုရင် လောကုတ္တအရေးသာ ပိုပြီးကောင်း​၏။လောကီအရေးမှာတော့ ကိုယ့်ကိုမှီခိုရာ မိသားစုအတွက်သော်လည်းကောင်း ကိုယ်အတွက်သော်လည်းကောင်း အသိဉာဏ်နှင့်အတ္တညီမျှနေရင်ပိုအဆင်ပြေမည်ထင်​၏။

Keep Reading

Leonardo da Vinci ရဲ့ ထူးထူးဆန်းဆန်းတီထွင်မှုများနဲ့ အတွေးအခေါ်များ အနုပညာနည်းလမ်းနှစ်သွယ်အ‌တွေးအစအနများပိထောက်ခတ်ဖြင့်သာလွင့်မျောနှင်းစက်များOppenheimer ရုပ်ရှင်ကိုလေ့လာခြင်းကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့ နွေရာသီသို့ရောက်လျှင် မိုးရာသီနှင့် ဝေးတော့မည် မဟုတ်ဓမ္မတာနှင့် သဘာဝဓမ္မ (အပိုင်း - ၃) ဓမ္မတာနှင့် သဘာဝဓမ္မ (အပိုင်း - ၁)