Nway Oo Maung
လူတစ်ယောက် လောကအလယ်ကိုလျောက်
လှမ်းရတဲ့အခါမှာ ၊လောက၏ စည်းဘောင်တို့၊လူ့ကျင့်ဝတ်တို့ ယဉ်ကျေးမှုတို့ သိက္ခာတရားစသည်တို့ကို မစဉ်းစားပဲ၊ကိုယ်နှုတ်စိတ် ကံသုံးပါးလုံးကို လွပ်လပ်စွာ တွေးခေါ်လုပ်ကိုင်သွားလာချင်သည့် မိမိအတ္တကိုအမှီပြုသော အကျင့်စရိုက်ဆိုတာရှိစမြဲပဲ။ ထိုအလေ့ထဟာ ပတ်ဝန်းကျင်ကို အမှီမပြု အတ္တကိုသာအမှီပြု၏၊ ထိုစရိုက်ဟာ ကလေးဘဝမှာပိုပြီးသိသာထင်ရှား၏။ ၂နှစ်၃နှစ်ကလေးတစ်ယောက်ဟာ မိဘ ,ပတ်ဝန်းကျင်၏ သွန်သင်ဆုံးမမှုမရသေးခင် သူအတ္တအတိုင်းလုပ်ချင်ရာလုပ် ပြောချင်ရာပြော၏။ဒီလိုမပြောရဘူး ဟိုလိုမလုပ်ရဘူးဆိုပြီးတားမြစ်ဆုံးမ ပေးမှသာ အတ္တကိုဖုံးကွယ်ကာ ပတ်ဝန်းကျင်ကို အမှီပြုပြီးနေထိုင်လာရ
၏။ အရွယ်လေးရလာတော့ အသိဉာဏ်နှင့် အရှက်အကြောက်တို့ရှိလာသောကြောင့် အတ္တကိုအသိဉာဏ်နှင့်ချိန်ထိုးရသည်လည်းရှိ၏၊တစ်ခါတလေ အရှက်အကြောက်နှင့်ဖုံးကွယ်ရပြန်၏။ထိုအရာသည် လူ့ယဉ်ကျေးမှုဟု ဆိုလျင်လည်းမှားမည်ဟုမထင်။ထို့နောက် တစ်ဆင့်တက်ပြီး ကိုမွေးဖွါးရာနိုင်ငံတစ်ခု၏ မိရိုးဖလာဓလေ့စရိုက်တို့၊ထုံးထမ်းအစဉ်လာတို့ ကိုလည်း အတ္တကိုဖိနှိပ်ပြီး ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေစွာ လိုက်နာရကုန်၏။ ဥပမာတစ်ခု မြန်မာလူမျိုးဗုဒ္ဓဘာသာတစ်ယောက်၏ အတ္တ(သို့)အလိုသည် ဝါတွင်းမှာမင်္ဂလာဆောင်ချင်၏။ ဘာသာရေးအရ မှန်သည်မမှန်သည်အပထား အစဉ်လာယဉ်ကျေးမှုအရဆော
င်လို့မရဟု သတ်မှတ်ထားသောကြောင့် ဆောင်ချင်သောစိတ်ကိုဖိနှိပ်လိုက်ရ၏။
ဝါတွင်းမှာ တစ်ခြားသောနိုင်ငံတို့၌မင်္ဂလာဆောင်လို့ရကြပြီး ငါတို့နိုင်ငံသည် ဘာလို့မရသနည်းဟူသော အသိဉာဏ်၏ ပတ်ဝန်းကျင်ကိုဖီဆန်မှုမျိုး ရှိလာပြန်၏။ ထိုသို့
ဖီဆန်မှုမျိုးသည် သဘာဝကျ၏လော၊သို့တည်းမဟုတ် ပတ်ဝတ်ကျင်ထုံးတမ်းအစဉ်လာတို့သည် သဘာဝကျ၏လောဟု ဆန်းစစ်ရပြန်၏။ ဆန်းစစ်ကြည့်သော် မိမိပတ်ဝန်းကျင်ရှိ လူတစ်ရာမှာ ၉၉ရောက်
လောက်က မိရိုးဖလာ ထုံးတမ်းအစဉ်လာတို့သည်မှန်၏လော မှား၏လောဟု စဉ်စားဆင်ခြင် ခြင်းမရှိကြ။ လူတစ်ယောက်၏အတ္တကို ထိန်းချုပ်ရန် (လုပ်ချင်တာမလုပ်ဖြစ်အောင် တွေးချင်တာမတွေးဖြစ်အောင်)အသိဉာဏ်သည်လိုအပ်၏။ ထိုအသိဉာဏ်သည်ကား နည်းလမ်းကျပြီး မှန်ကန်သော အသိဉာဏ်ဖြစ်ဖို့အရေးကြီး၏။ နည်းလမ်းကျမှန်ကန်ဖို့ မြတ်
ဗုဒ္ဓ၏ အဆုံးမတို့သည်အကောင်းဆုံးဖြစ်၏။တစ်ခါတလေ ကျွန်တော်တို့၏အတ္တသည် ထုံးတမ်းအစဉ်လာယဉ်ကျေးမှုကိုလည်းကောင်း ၊ပတ်ဝန်းကျင်ကိုလည်ကောင်း၊ အရှက်အကြောက်ကိုလည်းကောင်း ၊မျက်ကွယ်ပြု၍ တွေးချင်သလိုတွေး လုပ်
ချင်ရာလုပ်ပစ်ချင်သော စိတ်တို့သည် လွှမ်းမိုးကုန်၏။ ထိုအခါဝယ် အသိဉာဏ်တည်းဟူသော ရန်သူနှင့်စစ်ခင်းရ၏။ အတ္တကနိုင်သည်လည်းရှိ၏၊ အသိဉာဏ်ကနိုင်သည်လည်းရှိ၏၊ ဘဝတစ်ခုတည်ဆောက်ရာ၌ ထိုရန်ပွဲသည် ရှိစမြဲဖြစ်၏။ ကျွန်တော်အမြင်ကတော့ အသိဉာဏ်နှင့်တွဲသောအတ္တကိုပိုနှစ်သက်၏။ အတ္တချည်သီးသန့်ဆိုရင် ဘဝကအထီးကျန်၏။ အဖော်မဲ့မည် ဘဝရပ်တည်မှုသည်လည်း အဓိပ္ပါယ်မရှိတော့၊ အတ္တနည်းပြီး အသိဉာဏ်ကများနေမယ်ဆိုရင် လောကုတ္တအရေးသာ ပိုပြီးကောင်း၏။လောကီအရေးမှာတော့ ကိုယ့်ကိုမှီခိုရာ မိသားစုအတွက်သော်လည်းကောင်း ကိုယ်အတွက်သော်လည်းကောင်း အသိဉာဏ်နှင့်အတ္တညီမျှနေရင်ပိုအဆင်ပြေမည်ထင်၏။
Keep Reading